သတင္း

ဒါေလးတစ္ခုေတာ့ ခြင့္ျပဳေစခ်င္တယ္ ေမရယ္

သဟာယေက်ာင္းေရွ႕ ဗီႏုိင္းအေဟာင္းေလး ေျပာင္းေပးလုိက္ပါၿပီ။ အသစ္ခ်ိတ္ဆြဲလုိက္တဲ့ ဗီႏုိင္းကေတာ့ ဗ်ဴဟာ ၅ ပါးရယ္၊ ဒီမုိကေရစီႏွင့္ သီအုိရီရယ္ပါပဲ။ ၿမိတ္ေလဆိပ္မွာ မွာၾကားခဲ့တဲ့ ၾသဝါဒစကားေလးရယ္၊ ၂၀၁၅ မွာ လုိင္းေပၚတင္ခဲ့တဲ့ အဆုိအမိန္႔ေလးရယ္၊ အခုေနာက္ဆုံး အသစ္ကေလး ႏွစ္ခု သုံးခု တုိးေပးလုိက္တာရယ္ ေပါင္းၿပီး ဗီႏုိင္းအသစ္တစ္ခု ခ်ိတ္ဆြဲလုိက္တာပါ။

မနက္ျဖန္ဆုိရင္ တရားပြဲပိတ္ပင္မႈ တစ္ႏွစ္ျပည့္ပါၿပီ။ ကာယကံရွင္ နစ္နာသူကုိယ္တုိင္က အမႈမဲ့အမွတ္မဲ့ျဖစ္ေနေပမဲ့ မိတ္ေဆြႀကီးမ်ားကေတာ့ အမွတ္ရရ ရွိေနတာကုိ ေတြ႕ရပါတယ္။ ဒီေန႔ပဲ မိတ္ေဆြႀကီးမ်ားအဖြဲ႕ထဲက သတင္းစာတစ္ေစာင္ ဂ်ာနယ္တစ္ေစာင္မွ သတင္းေထာက္မ်ား ေရာက္လာၾကပါတယ္။ မနက္ျဖန္ တစ္ႏွစ္ျပည့္ေတာ့မွာမုိ႔ လာေရာက္ ေမးျမန္းျခင္းပါတဲ့။
တပည့္ေလးက ေျပာလုိက္ပါတယ္ စာနယ္ဇင္းသမားေတြကုိ အယုံအၾကည္မရွိလုိ႔ လက္မခံတာၾကာၿပီလုိ႔ ေျပာလုိက္ပါတယ္။
သူတုိ႔ကလည္း သိပါတယ္၊ ႀကဳိးစားၾကည့္တာပါလုိ႔ ေျဖသြားပါတယ္။

စာေရးသူလည္း အခန္းအျပင္ဘက္ေတာင္ ထြက္မေတြ႕လုိက္ေတာ့ပါဘူး။ တကယ္ေတာ့ အခုလုိမ်ဳိးျဖစ္လာဖုိ႔ ရည္ရြယ္ခ်က္မရွိပါဘူး။ စာေရးသူက လူမ်ဳိးတူခ်င္း ဘာသာတူခ်င္းဆုိရင္ အင္မတန္သည္းခံပါတယ္။ ေနာက္ဆုံးအဆင့္အေနနဲ႔ အေၾကာင္းမဲ့ ေခါင္းတက္နင္းရင္ေတာင္ သည္းခံမယ္လုိ႔ ခံယူထားတာပါ။

ဒါေပမဲ့ တစ္ဖက္ေစာင္းနင္း လြန္လြန္ကဲကဲႀကီး ေရးသားလာတာေတြ လြန္လြန္းလာေတာ့ အခုလုိပဲ ဆက္ဆံခဲ့ရတာပါ။ အဲဒီႏွစ္ေစာင္ထဲမွာ အယ္ဒီတာအာေဘာ္အခန္းက႑မွ စာေရးသူကို ဆြမ္းဆံထဲေရာတဲ့ ၾကြက္ေခ်းပုံစံမ်ဳိး ေရးထားသလုိ စာေရးသူကို ဖမ္းဖုိ႔ သာဝန္ကုိ ဖိအားေပးေရးသားထားတာလည္း ေတြ႕ရပါတယ္။

ျမန္မာ့စာနယ္ဇင္းသမားေတြကုိၾကည့္လုိက္ရင္ ႏုိင္ငံျခားစပြန္ဆာကင္းသူက ေလးငါးခုထဲ ရွိတာပါ။ က်န္တာေတြကေတာ့ ျမင္တဲ့အတုိင္းပါပဲ သူ႔ဆန္စား ရဲရတဲ့သူေတြပါ။ ဒီကေန႔ အသစ္ခ်ိတ္ဆြဲလုိက္တဲ့ ဗီႏုိင္းေလးကုိေတာ့ အာဏာပုိင္ဆုိသူေတြက ေက်ာင္းဝန္းထဲအထိ လာေရာက္ျဖဳတ္ခ်လိမ့္မယ္ မထင္ပါဘူးေနာ္။ လာေရာက္ျဖဳတ္ခ်မယ္ဆုိရင္လည္း ဇြဲကပင္ဆရာေတာ္ႀကီးလုိေပါ့ အေလာင္းေကာင္ပဲရမယ္ ဗီႏုိင္းေတာ့ ရမွာမဟုတ္ဘူး။ ေၾသာ္ သီခ်င္းေလးတစ္ပုဒ္ ငယ္ငယ္တုန္းက ၾကားမိသား။
ဘာတဲ့ ဒါေလးတစ္ခုေတာ့ ခြင့္ျပဳေစခ်င္တယ္ ေမာင္ရယ္တဲ့။ အခုေတာ့ မဟုတ္ပါဘူးေလ ဒါေလးတစ္ခုေတာ့ ခြင့္ျပဳေစခ်င္တယ္ ေမရယ္။

အမုန္းခံသမားႀကီး
ဝီရသူ(မစုိးရိမ္)
8.3.2018
PM 6:02

 

“ဒါလေးတစ်ခုတော့ ခွင့်ပြုစေချင်တယ် မေရယ်”

သဟာယကျောင်းရှေ့ ဗီနိုင်းအဟောင်းလေး ပြောင်းပေးလိုက်ပါပြီ။ အသစ်ချိတ်ဆွဲလိုက်တဲ့ ဗီနိုင်းကတော့ ဗျူဟာ ၅ ပါးရယ်၊ ဒီမိုကရေစီနှင့် သီအိုရီရယ်ပါပဲ။ မြိတ်လေဆိပ်မှာ မှာကြားခဲ့တဲ့ သြဝါဒစကားလေးရယ်၊ ၂၀၁၅ မှာ လိုင်းပေါ်တင်ခဲ့တဲ့ အဆိုအမိန့်လေးရယ်၊ အခုနောက်ဆုံး အသစ်ကလေး နှစ်ခု သုံးခု တိုးပေးလိုက်တာရယ် ပေါင်းပြီး ဗီနိုင်းအသစ်တစ်ခု ချိတ်ဆွဲလိုက်တာပါ။
မနက်ဖြန်ဆိုရင် တရားပွဲပိတ်ပင်မှု တစ်နှစ်ပြည့်ပါပြီ။ ကာယကံရှင် နစ်နာသူကိုယ်တိုင်က အမှုမဲ့အမှတ်မဲ့ဖြစ်နေပေမဲ့ မိတ်ဆွေကြီးများကတော့ အမှတ်ရရ ရှိနေတာကို တွေ့ရပါတယ်။

ဒီနေ့ပဲ မိတ်ဆွေကြီးများအဖွဲ့ထဲက သတင်းစာတစ်စောင် ဂျာနယ်တစ်စောင်မှ သတင်းထောက်များ ရောက်လာကြပါတယ်။
မနက်ဖြန် တစ်နှစ်ပြည့်တော့မှာမို့ လာရောက် မေးမြန်းခြင်းပါတဲ့။ တပည့်လေးက ပြောလိုက်ပါတယ် စာနယ်ဇင်းသမားတွေကို အယုံအကြည်မရှိလို့ လက်မခံတာကြာပြီလို့ ပြောလိုက်ပါတယ်။

သူတို့ကလည်း သိပါတယ်၊ ကြိုးစားကြည့်တာပါလို့ ဖြေသွားပါတယ်။ စာရေးသူလည်း အခန်းအပြင်ဘက်တောင် ထွက်မတွေ့လိုက်တော့ပါဘူး။ တကယ်တော့ အခုလိုမျိုးဖြစ်လာဖို့ ရည်ရွယ်ချက်မရှိပါဘူး။ စာရေးသူက လူမျိုးတူချင်း ဘာသာတူချင်းဆိုရင် အင်မတန်သည်းခံပါတယ်။

နောက်ဆုံးအဆင့်အနေနဲ့ အကြောင်းမဲ့ ခေါင်းတက်နင်းရင်တောင် သည်းခံမယ်လို့ ခံယူထားတာပါ။ ဒါပေမဲ့ တစ်ဖက်စောင်းနင်း လွန်လွန်ကဲကဲကြီး ရေးသားလာတာတွေ လွန်လွန်းလာတော့ အခုလိုပဲ ဆက်ဆံခဲ့ရတာပါ။ အဲဒီနှစ်စောင်ထဲမှာ အယ်ဒီတာအာဘော်အခန်းကဏ္ဍမှ စာရေးသူကို ဆွမ်းဆံထဲရောတဲ့ ကြွက်ချေးပုံစံမျိုး ရေးထားသလို စာရေးသူကို ဖမ်းဖို့ သာဝန်ကို ဖိအားပေးရေးသားထားတာလည်း တွေ့ရပါတယ်။

မြန်မာ့စာနယ်ဇင်းသမားတွေကိုကြည့်လိုက်ရင် နိုင်ငံခြားစပွန်ဆာကင်းသူက လေးငါးခုထဲ ရှိတာပါ။ ကျန်တာတွေကတော့ မြင်တဲ့အတိုင်းပါပဲ သူ့ဆန်စား ရဲရတဲ့သူတွေပါ။ ဒီကနေ့ အသစ်ချိတ်ဆွဲလိုက်တဲ့ ဗီနိုင်းလေးကိုတော့ အာဏာပိုင်ဆိုသူတွေက ကျောင်းဝန်းထဲအထိ လာရောက်ဖြုတ်ချလိမ့်မယ် မထင်ပါဘူးနော်။

လာရောက်ဖြုတ်ချမယ်ဆိုရင်လည်း ဇွဲကပင်ဆရာတော်ကြီးလိုပေါ့ အလောင်းကောင်ပဲရမယ် ဗီနိုင်းတော့ ရမှာမဟုတ်ဘူး။
သြော် သီချင်းလေးတစ်ပုဒ် ငယ်ငယ်တုန်းက ကြားမိသား။ ဘာတဲ့ ဒါလေးတစ်ခုတော့ ခွင့်ပြုစေချင်တယ် မောင်ရယ်တဲ့။
အခုတော့ မဟုတ်ပါဘူးလေဒါလေးတစ်ခုတော့ ခွင့်ပြုစေချင်တယ် မေရယ်။

အမုန်းခံသမားကြီး
ဝီရသူ(မစိုးရိမ်)
8.3.2018
PM 6:02