သတင္း

စာအုပ္အမည္ကြဲလြဲမႈ

ေဗာဓိသတၱဳပၸတၱိကထာဟုသာ ရွိရပါမည္။ ေဗာဓိသတၳဳပၸတၱိကထာဟု မရွိရပါ။ ေဗာဓိသတၱဟူသည္ ဘုရားေလာင္းဟု အဓိပၸါယ္ရပါသည္။ ဥပၸတၱိဆုိသည္မွာ ျဖစ္ေပၚျခင္း၊ ပြင့္ထြန္းျခင္းကုိ ဆုိလုိပါသည္။ ကထာဆုိသည္မွာ စကားရပ္ အဖြင့္က်မ္း ျဖစ္ပါသည္။

ေဗာဓိသတၱိေနာ ဥပၸတၱိ ေဗာဓိသတၱဳပၸတၱိ ဘုရားေလာင္း၏ ျဖစ္ထြန္းရာ ေပၚထြန္းရာ။ ေဗာဓိသတၱဳပၸတၱိယာ ကထာ ေဗာဓိသတၱဳပၸတၱိကထာ ဘုရားေလာင္း ပြင့္ထြန္းရာ အဖြင့္က်မ္းဟု ဆုိလုိပါသည္။ ေဗာဓိသတၳဳပၸတၱိဆုိလွ်င္ ဘုရားေလာင္းဟု အဓိပၸါယ္မရေတာ့ပါ။

ေဗာဓိသတၳ ဘုရား ဆရာ ဟု အဓိပၸါယ္သက္ေရာက္သြားပါေတာ့သည္။ The Book Service ေပ့ဂ်္လာ စာအုပ္အမည္က အမွန္ျဖစ္ပါသည္။ သတင္းစာတြင္ေၾကာ္ျငာေသာ စာအုပ္အမည္က အမွားျဖစ္ပါသည္။ ပုံႏွိပ္စာအုပ္ မ်က္ႏွာဖုံးမွာလည္း မွားေနပါသည္။ ဆရာ အာကာမုိးသူ အျမန္ဆုံး ျပင္ႏုိင္ပါေစ။

ဝီရသူ(မစုိးရိမ္)
8.3.2018
PM 7:44

 

“စာအုပ်အမည်ကွဲလွဲမှု”

ဗောဓိသတ္တုပ္ပတ္တိကထာဟုသာ ရှိရပါမည်။ ဗောဓိသတ္ထုပ္ပတ္တိကထာဟု မရှိရပါ။ ဗောဓိသတ္တဟူသည် ဘုရားလောင်းဟု အဓိပ္ပါယ်ရပါသည်။ ဥပ္ပတ္တိဆိုသည်မှာ ဖြစ်ပေါ်ခြင်း၊ ပွင့်ထွန်းခြင်းကို ဆိုလိုပါသည်။ ကထာဆိုသည်မှာ စကားရပ် အဖွင့်ကျမ်း ဖြစ်ပါသည်။

ဗောဓိသတ္တိနော ဥပ္ပတ္တိ ဗောဓိသတ္တုပ္ပတ္တိ ဘုရားလောင်း၏ ဖြစ်ထွန်းရာ ပေါ်ထွန်းရာ။ ဗောဓိသတ္တုပ္ပတ္တိယာ ကထာ ဗောဓိသတ္တုပ္ပတ္တိကထာ ဘုရားလောင်း ပွင့်ထွန်းရာ အဖွင့်ကျမ်းဟု ဆိုလိုပါသည်။ ဗောဓိသတ္ထုပ္ပတ္တိဆိုလျှင် ဘုရားလောင်းဟု အဓိပ္ပါယ်မရတော့ပါ။

ဗောဓိသတ္ထ ဘုရား ဆရာ ဟု အဓိပ္ပါယ်သက်ရောက်သွားပါတော့သည်။ The Book Service ပေ့ဂျ်လာ စာအုပ်အမည်က အမှန်ဖြစ်ပါသည်။ သတင်းစာတွင်ကြော်ငြာသော စာအုပ်အမည်က အမှားဖြစ်ပါသည်။ ပုံနှိပ်စာအုပ် မျက်နှာဖုံးမှာလည်း မှားနေပါသည်။ ဆရာ အာကာမိုးသူ အမြန်ဆုံး ပြင်နိုင်ပါစေ။

ဝီရသူ(မစိုးရိမ်)
8.3.2018
PM 7:44