သတင်း

ကလေးအဆိုတော်လေး အိသက်ထားမွန် လာရောက်ဖူးမြော်

15.1.2018 ရက်နေ့ ညနေ ၅း၃၀ နာရီ ဓမ္မသဟာယကျောင်းသို့ လာရောက် ဖူးမြော်တာပါ။ မင်းထင်ကျောင်းတိုက်မှ စာချဆရာတော် ဘဒ္ဒန္တပညာနန္ဒာလင်္ကာရ မွေးနေ့ပူဇော်ပွဲ လာရင်း ရောက်ရှိလာတာပါ။ မင်းထင်ကျောင်းတိုက်မှ ဦးဇင်းလေးတွေလည်း ပါပါတယ်။

စာကြိုးစားဖို့နှင့် ကျန်းမာရေးအတွက် ဆောင်ရန် ရှောင်ရန်လေးတွေ သြဝါဒပေးဖြစ်ပါတယ်။ ကလေးအဆိုတော်လေးတွေကတော့ ဆရာတော်သံဃာတော်တွေပူဇော်ပွဲ၊ ဓမ္မစကူးလ်အခမ်းအနား၊ ယဉ်ကျေးလိမ္မာသင်တန်း အလှူပွဲတွေမှာ လက်စွမ်းပြခွင့်ရနေပါတယ်။

ဝါရင့် အဆိုတော်ကြီးတွေလိုပဲ အသံနိုင်နင်းတာတွေ့ရပါတယ်။ ကလေးအဆိုတော်လေးတွေကြည့်ရင် လိမ္မာရေးခြားရှိတဲ့ ယဉ်ကျေးလိမ္မာ ဓမ္မစကူးလ်သင်တန်းဆင်းလေးတွေပဲ တွေ့ရတာပါ။ အနာဂတ်သာသနာအတွက်တော့ အားတက်ဖွယ်ပါပဲ။
ကလေးအဆိုတော်လေးများ အနှောက်အယှက် အဟန့်အတားကင်းစွာ အောင်မြင်ကြီးပွားကြပါစေ။