သတင်း

မန်း မဘသ အစည်းအဝေး

တပိုတွဲလဆန်း ၁ရက် 17.1.2018 ရက်နေ့ ည ၇း၃၀ နာရီ မန်း မဘသ ရုံးစိုက်ရာ မဟာအောင်မြေမြို့နယ် ကင်းဝန်မင်းကြီးကျောင်းတိုက် သာသနပါလကျောင်းမှာ ကျင်းပပါတယ်။ အတွင်းရေးမှူးချုပ်ဆရာတော်ကြီး ဘဒ္ဒန္တကုသလ အမှူးပြုသော မန်း မဘသ ဦးဆောင်ဆရာတော်များ တက်ရောက်ကြပါတယ်။

မန်း မဟော်သဓာကျောင်းတော်ကြီး ဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းဖို့ ကြိုတင် စည်းဝေးကြခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မဘသဆိုင်းဘုတ်များဖြုတ်ချရေး မတရားအမိန့်အာဏာတွေထုတ်ပြန်စဉ်တုန်းက မန်း မဘသ ဆရာတော်များ ဝိုင်းတော်သူ ဝိုင်းတော်သားများ မန်း မဘသ ရုံးမှာ စည်းဝေးတိုင်ပင်နေကြတဲ့ ဓာတ်ပုံတွေထဲက ဆရာတော်သံဃာတော်များ ဖန်ခါးသီးနှင့် ရေနွေးကြမ်း ဘုဉ်းပေးနေတဲ့ပုံတွေကို အရက်ပုလင်းတွေအစားထိုးပြီး ဝိုင်းဖွဲ့အရက်သောက်နေတဲ့ပုံစံမျိုး Fbတင်ပြီး စော်ကားသူတွေရှိတာကြောင့် ကွန်မန့်တွေမှာ ဆရာတော်သံဃာတော်တွေကို အရက်သမားထင်ပြီး အကြီးအကျယ် ပြစ်မှားနေတာနဲ့ပတ်သက်လို့ Fb တင်သူမှာ တာဝန်ရှိတဲ့အကြောင်း ဆွေးနွေးတိုင်ပင်ကြပါတယ်။ နောက်တစ်ခုကတော့ မန်းမဘသအဖွဲ့ ဦးစီးပြီး ဘကပညာရေးနှင့် ဓမ္မစကူးလ်လိမ္မာရေးသင်တန်းများ ဖွင့်လှစ်ဖို့ တိုင်ပင်ကြတာပါ။

မတွေ့ရတာ ကြာပြီဖြစ်လို့ မန်း မဘသညီနောင်များ အထူးတလီ ချစ်ကြည်ရင်းနှီးကာ ပျော်ပျော်ရွှင်ရွှင် ကြည်ကြည်နူးနူး ဆွေးနွေးတိုင်ပင်လို့ ကောင်းကြပါတယ်။ မန်း မဟော်သဓာကျောင်းတော်ကြီး အစည်းအဝေးကို 21.1.2018 ရက်နေ့ မွန်းလွဲ ၂း၀၀နာရီအချိန် ၆၂လမ်း၊ ၃၄×၃၅လမ်းကြား တောင်စလင်းတိုက်သစ် ဝါခင်းကုန်းကျောင်းတိုက်မှာ ကျင်းပမှာဖြစ်ပါတယ်။