သတင်း

ကံပေါက်ရွာတရားစခန်း ပွဲမိန့်ခံရမည်ဟု ရေဖြူထွေအုပ်က သံဃနာယကဥက္ကဋ္ဌဆရာတော်ကြီးကို အာဏာပြ

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ရွာ( 25.11.2017) မှာ ကျင်းပမည့် တရားစခန်းပွဲကို ထွေအုပ်ထံအမိန့်ခံပြီးမှ ပြုလုပ်ရမယ်ဆိုလို့ တရားစခန်း မကျင်းပဖြစ်တော့ကြောင်း ရွှေစေတီဆရာတေိာကြီးက မိန့်ပါတယ်။

နှစ်ပေါင်း ငါးဆယ်တိုင်တိုင် နတ်တော်လဆန်း ၇ ရက်နေ့မှာ ကျင်းပလာခဲ့တာ တစ်ခါမှ ပွဲမိန့်မခံခဲ့ရကြောင်း အခုမှ ပွဲမိန့်ခံခိုင်းလာလို့ ကျင်းပလိုစိတ်မရှိတော့ခြင်းဖြစ်ကြောင်း ဆက်လက်မိန့်ကြားတော်မူပါတယ်။

ပွဲမိန့်ခံပြီးမှကျင်းပဖို့ကို ကံပေါက်ထွေအုပ်က ကိုယ်တိုင်လာရောက်လျှောက်ထားခြင်း မဟုတ်ဘဲ ကံပေါက်ရွာသားတစ်ဦးကို မှာကြားလိုက်ခြင်းဖြစ်ကြောင်း ကံပေါက်ထွေအုပ်ကိုလည်း ရေဖြူထွေအုပ်က အမိန့်ထုတ်ခြင်းဖြစ်ကြောင်း ကံပေါက်ဆရာတော်ကြီး၏ အနီးနေကပ္ပိယကပြောကြားပါတယ်။

ကံပေါက်ရွာတွင် ၁၂.၁၁.၂၀၁၇ ရက်နေ့က ရွှေစေတီဆာတော်ကြီး၏ သက်တော် ၉၀ ပြည့် မွေးနေ့ပွဲ ကျင်းပခဲ့ပြီး မွေးနေ့ကြိုအခမ်းအနားအဖြစ် ၁၁.၁၁.၂၀၁၇ ည ဟောပြောပွဲမှာစာရေးသူကိုပင့်ဖိတ်ဟောပြောစေခဲ့တာကြောင့် ကံပေါက်ရွာနေ ငှက်ဆိုးများက ဆရာတော်ကြီးကို အမြင်မကြည်ရာမှ ယခုအခြေနေထိ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

တရားစခန်းကျင်းပဖို့အတွက် သူတို့ဆီ အမိန့်ခံနေရမယ်ဆိုရင် တစ်သက်လုံး မကျင်းပဘူးကွာဟု မိန်တော်မူတဲ့ ကံပေါက်ရွာ ရွှေစေတီဆရာတော်ကြီးဟာ မြို့နယ်သံဃနာယကဥက္ကဋ္ဌဖြစ်ပါတယ်။ မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော်ကြီးကျောင်းမှာ ကျင်းပမည့် ဝိပဿနာအလုပ်ပေးတရားစခန်းပွဲကို ရေဖြူထွေအုပ်က အမိန့်ခံခိုင်းနေတာပါ။

သာသနာမှာ ရာဇာပဓာနဖြစ်တာကြောင့် အောက်ခြေအာဏာပိုင်တွေဟာ မိုးမလုံသောခေါင်ကို အတုယူပြီး တံစက်မြိတ်ထုံး ကျင့်သုံးနေကြတာတွေ အတော်များပြားလာနေပါတယ်။

စီပွားရေးမကောင်းလို့ ဆင်းရဲနေရတာကတစ်မျိုး ဘာသာ သာသနာကိုပဲ ဖိနှိပ်ချုပ်ချယ်နေလို့ ဆင်းရဲတာကတစ်မျိုးနဲ့ ပြည်သူတွေကတော့ ငှက်ဆိုးတွေဒဏ်လှိမ့်ခံနေရတော့တာပါပဲ။

ကံပေါက်ရွာ တရားစခန်းမဖွင့်ဖြစ်ရခြင်းနဲ့ပတ်သက်ပြီး ထားဝယ် မဘသ ဆရာတော်လေးများက လက်သည်ကိုတွေ့အောင်ရှာပြီး တိုင်ကြားဖို့စီစဉ်နေပါတယ်။

စုံစမ်းရန်
ကပ္ပိယကြီး
09 450 814 488

ဝီရသူ( မစိုးရိမ်)
22.11.2017
am 10:32

——- ===== —–