သတင္း

ခ်င္းေတာင္တန္းသာသနာျပဳအလွဴေတာ္(၂)

ေတာ္သလင္းလဆုတ္ ၅ ရက္ (29.9.2018)ရက္ေန႔၊ ည ၇း၀၀ နာရီ၊ ခ်င္းျပည္နယ္၊ မင္းတပ္ၿမဳိ႕၊ ေတာင္တန္းသာသနာျပဳ(ဗဟုိ)ေက်ာင္းမွာက်င္းပပါတယ္။ ခ်င္းေတာင္တန္း သာသနာျပဳဆရာေတာ္ေလးမ်ား၏ အခက္အခဲတင္ျပပြဲပါ။

မႏၲေလးမွ အလွဴရွင္မ်ား ေရာက္တုန္းေရာက္ခုိက္ ခ်င္းျပည္နယ္သာသနာျပဳဆရာေတာ္ေလးမ်ား အခက္အခဲကို သိရွိခံစားႏိုင္ရန္ ျပန္လည္မွ်ေဝတဲ့အေနနဲ႔ မဟာဝိဇယဆရာေတာ္ႀကီးက ဒီအစီအစဥ္ကို စီမံခဲ့တာပါ။ ခ်င္းျပည္နယ္ မင္းတပ္ၿမဳိ႕နယ္ သာသနာျပဳဌာနခြဲမ်ားမွ ဆရာေတာ္ေလးမ်ား တစ္ပါးစီ အေတြ႔အႀကဳံမ်ား အခက္အခဲမ်ား ေျမျပန္႔ႏွင့္မတူညီမႈမ်ား တင္ျပၾကပါတယ္။
ခရီးကလည္းပန္း ညဥ့္ကလည္းနက္ၿပီးမို႔ ၁၀း၃၀ နာရီမွာ စာေရးသူရဲ႕ၾသဝါဒႏွင့္ နိဂုံးခ်ဳပ္လုိက္ရပါတယ္။

ညီေတာ္ေလးေတြအခက္အခဲကေတာ့ ရင္နင့္စရာပါ။ မိဘ ရဟန္းဒကာ ဒကာမ အကူအညီမရလွ်င္ မနက္အရုဏ္ဆြမ္းေတာင္ ေမွ်ာ္လင့္လုိ႔မရတဲ့ဘဝပါ။ ဘာသာစကားမတူတာေရာ လမ္းပန္းခက္ခဲတာေရာ ဓေလ့စရိုက္မတူတာေတြေၾကာင့္ပါ သာသနာျပဳလုပ္ငန္း အခက္အခဲႀကဳံရတာျဖစ္ပါတယ္။

ေငြေၾကးအခက္အခဲလည္း အမ်ားႀကီးပါပါတယ္။ စာေရးသူက ညီေတာ္ေမာင္ေလးေတြကို စာနာစိတ္နဲ႔ အားေပးခဲ့ပါတယ္။ ႏိုင္ငံျခားသာသနာျပဳဆရာေတာ္ႀကီးတစ္ပါး ကာလာခ်ိန္းၿပီး သတင္းစာေရာင္းစားရတဲ့ဘဝမ်ဳိး ႀကဳံခဲ့ရေၾကာင္းအပါအဝင္ စာေရးသူရဲ႕ အေတြ႔အႀကဳံေတြအရ ရွင္ပုဏၰလုိ ခံယူခ်က္မ်ဳိးေမြးဖုိ႔ တုိက္တြန္းခဲ့တာပါ။

“ချင်းတောင်တန်းသာသနာပြုအလှူတော်(၂)”

တော်သလင်းလဆုတ် ၅ ရက် (29.9.2018)ရက်နေ့၊ ည ရး၀၀ နာရီ၊ ချင်းပြည်နယ်၊ မင်းတပ်မြို့၊ တောင်တန်းသာသနာပြု(ဗဟို)ကျောင်းမှာကျင်းပပါတယ်။ ချင်းတောင်တန်း သာသနာပြုဆရာတော်လေးများ၏ အခက်အခဲတင်ပြပွဲပါ။

မန္တလေးမှ အလှူရှင်များ ရောက်တုန်းရောက်ခိုက် ချင်းပြည်နယ်သာသနာပြုဆရာတော်လေးများ အခက်အခဲကို သိရှိခံစားနိုင်ရန် ပြန်လည်မျှဝေတဲ့အနေနဲ့ မဟာဝိဇယဆရာတော်ကြီးက ဒီအစီအစဉ်ကို စီမံခဲ့တာပါ။ ချင်းပြည်နယ် မင်းတပ်မြို့နယ် သာသနာပြုဌာနခွဲများမှ ဆရာတော်လေးများ တစ်ပါးစီ အတွေ့အကြုံများ အခက်အခဲများ မြေပြန့်နှင့်မတူညီမှုများ တင်ပြကြပါတယ်။
ခရီးကလည်းပန်း ညဉ့်ကလည်းနက်ပြီးမို့ ၁၀း၃၀ နာရီမှာ စာရေးသူရဲ့သြဝါဒနှင့် နိဂုံးချုပ်လိုက်ရပါတယ်။

ညီတော်လေးတွေအခက်အခဲကတော့ ရင်နင့်စရာပါ။ မိဘ ရဟန်းဒကာ ဒကာမ အကူအညီမရလျှင် မနက်အရုဏ်ဆွမ်းတောင် မျှော်လင့်လို့မရတဲ့ဘဝပါ။ ဘာသာစကားမတူတာရော လမ်းပန်းခက်ခဲတာရော ဓလေ့စရိုက်မတူတာတွေကြောင့်ပါ သာသနာပြုလုပ်ငန်း အခက်အခဲကြုံရတာဖြစ်ပါတယ်။

ငွေကြေးအခက်အခဲလည်း အများကြီးပါပါတယ်။ စာရေးသူက ညီတော်မောင်လေးတွေကို စာနာစိတ်နဲ့ အားပေးခဲ့ပါတယ်။ နိုင်ငံခြားသာသနာပြုဆရာတော်ကြီးတစ်ပါး ကာလာချိန်းပြီး သတင်းစာရောင်းစားရတဲ့ဘဝမျိုး ကြုံခဲ့ရကြောင်းအပါအဝင် စာရေးသူရဲ့ အတွေ့အကြုံတွေအရ ရှင်ပုဏ္ဏလို ခံယူချက်မျိုးမွေးဖို့ တိုက်တွန်းခဲ့တာပါ။