သတင်း




“စာချတန်း အဋ္ဌသာလိနီစာဝါ”

၁၃၈၁ ပညာသင်နှစ် ဓမ္မာစရိယတန်းသံဃာတော်များအတွက် အဋ္ဌသာလိနီစာဝါကို ကဆုန်လပြည့်ကျော် ၂ ရက် (20.5.2019) ရက်နေ့မှာ စတင်ပို့ချပါတယ်။ ညနေ ၄း၀၀ နာရီ၊ ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီး တတိယထပ်မှာပို့ချတာပါ။

စာရေးသူက ဓမ္မာစရိယတန်းအတွက် အဋ္ဌသာလိနီ၊ ပထမကြီးတန်းအတွက် ပဋ္ဌာန်း၊ သကျသီဟစာသင်တန်းအတွက် ဋီကာကျော် စာဝါများ တာဝန်ယူထားပါတယ်။ ဋီကာကျော်စာဝါကိုတော့ အချိန်မသတ်မှတ်ရသေးပါဘူး။