




“ဗုဒ္ဓနေ့ ဟောပြောပွဲ”

ကဆုန်လပြည့်(ဗုဒ္ဓနေ့) 18.5.2019 ရက်နေ့၊ ညနေ ၃း၀၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ဓမ္မစေတီကျေ ာင်းတိုက်မှာ ကျင်းပပါတယ်။

ပညာရေးအကယ်ဒမီကျောင်းမှ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်နားထောင်ကြပါတယ်။ သရဖူဆရာတော် ဒေါက်တာအရှင်တေဇနိယနှင့် ဆရာခင်မောင်နှင်း(ကျောက်ပန်းတောင်း)တို့ ဟောပြောကြပါတယ်။

သရဖူဆရာတော်က ဗုဒ္ဓနေ့အကြောင်းဟောပြောပြီး ဆရာခင်မောင်နှင်းက ကလေးများ အားကျအတုယူစရာ ဗဟုသုတများ ဟောပြောပါတယ်။ ဟောပြောပွဲအပြီးမှာ သရဖူဆရာတော် ဒေါက်တာအရှင်တေဇနိယက အလှူငွေ ၂၀၀၀၀ဝိ(နှစ်သိန်းကျပ်)၊ ဆရာခင်မောင်နှင်းမိသားစုက အလှူငွေ ၁၀၀၀၀ဝိ(တစ်သိန်းကျပ်)နှင့် ကော်ဖီမစ်၊ မုန့်ကျွတ်ထုပ်များ လှူဒါန်းသွားပါတယ်။

အစားလည်းကျွေး တရားလည်းပေးတဲ့ဆရာတော်နှင့် ဆရာသမားတို့ ဖြစ်ပါတယ်။
သားသားမီးမီးများ သဘောကျ နှစ်ခြိုက်ကြပါတယ်။ မေးခွန်းများလည်း မေးမြန်းကြပါတယ်။