Daily Archives: May 23, 2019

မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း

ဗုဒ္ဓနေ့ ဟောပြောပွဲ

ကဆုန်လပြည့်(ဗုဒ္ဓနေ့) 18.5.2019 ရက်နေ့၊ ညနေ ၃း၀၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ဓမ္မစေတီကျောင်းတိုက်မှာ ကျင်းပပါတယ်။ ပညာရေးအကယ်ဒမီကျောင်းမှ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်နားထောင်ကြပါတယ်။ သရဖူဆရာတော် ဒေါက်တာအရှင်တေဇနိယနှင့် ဆရာခင်မောင်နှင်း(ကျောက်ပန်းတောင်း)တို့ ဟောပြောကြပါတယ်။ သရဖူဆရာတော်က ဗုဒ္ဓနေ့အကြောင်းဟောပြောပြီး ဆရာခင်မောင်နှင်းက ကလေးများ အားကျအတုယူစရာ ဗဟုသုတများ ဟောပြောပါတယ်။ ဟောပြောပွဲအပြီးမှာ သရဖူဆရာတော် ဒေါက်တာအရှင်တေဇနိယက အလှူငွေ ၂၀၀၀၀၀ိ(နှစ်သိန်းကျပ်)၊ ဆရာခင်မောင်နှင်းမိသားစုက အလှူငွေ ၁၀၀၀၀၀ိ(တစ်သိန်းကျပ်)နှင့် ကော်ဖီမစ်၊ မုန့်ကျွတ်ထုပ်များ လှူဒါန်းသွားပါတယ်။ အစားလည်းကျွေး တရားလည်းပေးတဲ့ဆရာတော်နှင့် ...