သတင္း

စာအုပ္အလွဴေတာ္

3.2.2019 ရက္ေန႔၊ မြန္းလြဲ ၃း၀၀ နာရီ၊ မႏၲေလးၿမဳိ႕၊ မဟာေအာင္ေျမၿမဳိ႕နယ္၊ မစိုးရိမ္တုိက္သစ္၊ ဓမၼသဟာယေက်ာင္းမွာ လွဴဒါန္းပါတယ္။ ဓမၼသဟာယေက်ာင္း စာသင္သားသံဃာေတာ္မ်ားလိုအပ္တဲ့ သက္ဆုိင္ရာသင္ရိုးစာအုပ္မ်ားကို ေမးေလွ်ာက္ၿပီး ဝယ္ယူလွဴဒါန္းၾကတာျဖစ္ပါတယ္။
သံဃာေတာ္ (၅၂)ပါးအတြက္ ၃၇၂၅၀၀ိ ကုန္က်ေၾကာင္း သိရပါတယ္။

အလွဴရွင္မ်ားကေတာ့ မႏၲေလးၿမဳိ႕၊ ေအာင္ေျမသာဇံၿမဳိ႕နယ္၊ အင္းဘဲရပ္ကြက္၊ ဦးေသာ္ဇင္မိုး+ေဒၚၾကဴၾကဴစိန္၊ သမီး ေသာ္တာႏွင္း၊ သား ထူးရဲရင့္ မိသားစုျဖစ္ပါတယ္။

ပညာပါရမီအျဖစ္ စာအုပ္မ်ားလွဴဒါန္းၾကေသာ ဦးေသာ္ဇင္မိုး+ေဒၚၾကဴၾကဴစိန္ မိသားစုတုိ႔ႏွင့္အတူ အႏုေမာဒနာျပဳၾကကုန္ေသာ ပရိသတ္အေပါင္းသူေတာ္ေကာင္းတုိ႔သည္ က်န္းမာေအာင္ျမင္ ေပ်ာ္ရႊင္ခ်မ္းျမ ေဘးမခဘဲ လုိရာဆႏၵျပည့္ဝၾကပါေစေသာ္…ဝ္။

“စာအုပ်အလှူတော်”

3.2.2019 ရက်နေ့၊ မွန်းလွဲ ၃း၀၀ နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ လှူဒါန်းပါတယ်။ ဓမ္မသဟာယကျောင်း စာသင်သားသံဃာတော်များလိုအပ်တဲ့ သက်ဆိုင်ရာသင်ရိုးစာအုပ်များကို မေးလျှောက်ပြီး ဝယ်ယူလှူဒါန်းကြတာဖြစ်ပါတယ်။
သံဃာတော် (၅၂)ပါးအတွက် ၃၇၂၅၀ဝိ ကုန်ကျကြောင်း သိရပါတယ်။

အလှူရှင်များကတော့ မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ အင်းဘဲရပ်ကွက်၊ ဦးသော်ဇင်မိုး+ဒေါ်ကြူကြူစိန်၊ သမီး သော်တာနှင်း၊ သား ထူးရဲရင့် မိသားစုဖြစ်ပါတယ်။

ပညာပါရမီအဖြစ် စာအုပ်များလှူဒါန်းကြသော ဦးသော်ဇင်မိုး+ဒေါ်ကြူကြူစိန် မိသားစုတို့နှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေသော်…ဝ်။