သတင်း
အရင်ထပါ (ပုဗ္ဗုဋ္ဌာယီ)
ချိုသာပါ (ပိယဝါဒီ)
“၂၀၁၉ စတုတ္ထဓမ္မသဘင် (ရန်ကုန်-လှိုင်သာယာ)”
ပြာသိုလဆုတ် ၁၁ ရက် (31.1.2019)ရက်နေ့၊ ည ၈း၀၀ နာရီ၊ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ခိုင်ရွှေဝါလမ်းမကြီး၊ (၇)ရပ်ကွက်၊ သွေးကရုဏာ သွေးလှူရှင်အသင်း၏ (၃)နှစ်ပြည့်အထိမ်းအမှတ်၊ ခိုင်ရွှေဝါလမ်းမိသားစုနှင့် (၇)ရပ်ကွက်လုံးဆိုင်ရာ အထူးဓမ္မသဘင်။
၂၀၁၉ ခုနှစ်ရဲ့ ၄ခုမြောက် တရားပွဲဖြစ်ပါတယ်။ သွေးကရုဏာသွေးလှူရှင်အသင်း လူငယ်များဦးစီးကျင်းပတဲ့ပွဲပါ။ တရားပွဲ ငါးညကျင်းပရာမှာ စာရေးသူက ဒုတိယညဖြစ်ပြီး အရင်ညက အရှင်ကောသလ္လ(ဓမ္မစေတီ)ဟောပါတယ်။
တရားမဟောခင် ကိုတမာတို့အိမ်မှာ နားပါတယ်။ လှိုင်သာယာ (၁၉)ရပ်ကွက်မှ လူငယ်များနှင့် (၇)ရပ်ကွက်မှ လူငယ်များ တရားပွဲစီစဉ်သူများ လာရောက်ဖူးမြော်ကြပါတယ်။ မီးခွက်ဈေးရပ်ကွက်မှာ ဟောရတာဖြစ်လို့ ကြီးပွားချမ်းသားရေးတရားများ ဟောကြားခဲ့ပါတယ်။
နောက်မှ အိပ်ပါ (ပစ္ဆာနိပါတီ)
အရင်ထပါ (ပုဗ္ဗုဋ္ဌာယီ)
စိတ်ပါလက်ပါ လုပ်ကိုင်ပါ (ကိံကာရပဋိဿာဝီ)။
အကျင့်ကောင်းပါ (မနာပစာရီ)
ချိုသာပါ (ပိယဝါဒီ)
မြန်စွာကြီးပွားချမ်းသာမှာ။ ။