နဂါးနီစုဘူးသတင္း

ဇဇ(၃/၄) ကံသာယာရပ္ကြက္ နဂါးနီစုဘူးအသင္း ေငြေပးပြဲ

အမ်ဳိးသားေရးဝါဒီဆရာေတာ္ ဦး0ီ၇သူတည္ေထာင္ေသာ မႏၲေလးၿမဳိ႕၊ ခ်မ္းျမသာစည္ၿမဳိ႕နယ္၊ ကံသာယာ ဇဇ(၃-၄)ရပ္ကြက္ရွိ နဂါးနီစုဘူး အမွတ္(၄) စုဘူးေငြထုတ္ေပးပဲြျဖစ္ပါတယ္။
(25.1.2019) မြန္းလြဲ(၁း၀၀)နာရီ ကံသာယာရပ္ကြက္ နဂါးနီစုဘူးအသင္း E.C အဖြဲ႔ဝင္ ဦးရဲေမာင္ရဲ႕အိမ္မွာ က်င္းပတာပါ။

နဂါးနီစုဘူးအသင္း နာယက အရွင္ဇဝန၊ ဥကၠ႒ ေဒၚၾကည္ၾကည္မာ၊ အတြင္းေရးမွဴး(၁) ေဒၚၾကင္ၾကင္ၿမဳိင္၊ စာရင္းစစ္ ေဒၚတင္တင္စန္း၊ အတြင္းေရးမွဴး(၂) မအိသႏၲာႏြယ္တုိ႔ တက္ေရာက္ၾကၿပီး အသင္းနာယက အရွင္ဇဝနမွ ၾသဝါဒမိန္႔ၾကားပါတယ္။
တစ္သိန္းခြဲတန္း အသင္းဝင္(၃၀)ဦးတို႔အား တစ္ဦးလွ်င္ တစ္သိန္းခြဲက်ပ္စီ ထုတ္ေပးခဲ့ပါတယ္။

ဆရာေတာ္0ီ၇သူတည္ေထာင္ခဲ့တဲ့ စုဘူးမ်ားအနက္ ကံသာယာ ဇဇ(၃-၄) နဂါးနီစုဘူးအသင္းဟာ စတုတၳေျမာက္ အမွတ္(၄)စုဘူးျဖစ္ျပီး (၂၆.၇.၂၀၁၄)ရက္ေန႔မွာ စတင္တည္ေထာင္ေပးခဲ့ပါတယ္။

ရည္ရြယ္ခ်က္
နဂါးနီစုဘူးအသင္းမ်ားကို ဆင္းရဲသားျပည္သူမ်ားသက္သာေခ်ာင္ခ်ိေရး၊ ကိုယ္က်င့္တရားတိုးတက္ျမင့္မားေရး၊ ႀကီးပြားလိုစိတ္ ေအာင္ျမင္လိုစိတ္မ်ား ရွင္သန္လာေစေရးတို႔အတြက္ ရည္မွန္း၍ ဆရာေတာ္ဦး0ီ၇သူမွ တရားပြဲမ်ားမွရရွိခဲ့ေသာ ဓမၼပူဇာမ်ားျဖင့္ မ-တည္ကာ တည္ေထာင္ထားျခင္းျဖစ္ပါတယ္။

ေငြေခ်းစနစ္
နဂါးနီစုဘူးအသင္း၏ ေငြေခ်းမႈစနစ္မွာ (၅)က်ပ္တိုးျဖစ္ျပီး (၅)ေသာင္းက်ပ္အတြက္ တစ္ရက္လွ်င္ တစ္ေထာင္ႏႈန္းစုရပါတယ္။ အတိုး(၅)က်ပ္ထဲမွ (၂)က်ပ္ကုိ အသင္းဝင္မ်ားအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈရန္ပုံေငြ၊ (၃)က်ပ္ကို အသင္းဝင္သစ္မ်ားတိုးခ်ဲ႕လက္ခံရန္ႏွင့္ ေခ်းေငြမ်ား တိုးျမင့္ေခ်းေပးႏိုင္ရန္ ျပန္လည္သုံးစြဲပါတယ္။
ဆရာေတာ္ဦး0ီ၇သူ တည္ေထာင္ဖြင့္လွစ္ေပးတဲ့ နဂါးနီစုဘူးေပါင္း (၇)ခုရွိၿပီး ဆင္းရဲသားျပည္သူမ်ားအတြက္ အဆက္မျပတ္ စနစ္တက် လည္ပတ္အက်ဳိးျပဳလ်က္ရွိပါတယ္။
ဝီရေခမိန္ (နဂါးနီစုဘူးသတင္းေထာက္)

“နဂါးနီစုဘူး ေဆာင္ပုဒ္”
အတိုးေပၚ အတိုးဆင့္၊ အတိုးနင့္ဒုကၡေတြ။
ဘဝတစ္ခုလုံး၊ လူညြန္႔တုံး၊ လူျဖစ္ရႈံးမႈေတြ။
ေပ်ာက္ပါေစ ရည္စူးျပီး၊ စုဘူးႀကီး တည္ေထာင္ေပ။
ေသာက္စား ေပ်ာ္ပါး ေလာင္းကစား အားလုံးေရွာင္ၾကဥ္ေလ။
ရိုးရိုးသားသား၊ ႏိုးႏိုးၾကား၊ ႀကဳိးစားစုၾကေလ။
အိုးမဲ့ အိမ္မဲ့၊ အေျခေနမဲ့၊ ကဲ့ရဲ႕လြတ္ၾကေစ။
ရခဲရၾက လူ႔ဘဝ၊ အရေတာ္ၾကေစ။
လူတစ္လုံး သူတစ္လုံး၊ အပီျပင္ဆုံး၊ ရုပ္လုံးေဖာ္ၾကေစ။
0ီ၇သူ-(မစုိးရိမ္)

“ဇဇ(၃/၄) ကံသာယာရပ်ကွက် နဂါးနီစုဘူးအသင်း ငွေပေးပွဲ”

အမျိုးသားရေးဝါဒီဆရာတော် ဦး0ီ၇သူတည်ထောင်သော မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကံသာယာ ဇဇ(၃-၄)ရပ်ကွက်ရှိ နဂါးနီစုဘူး အမှတ်(၄) စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။
(25.1.2019) မွန်းလွဲ(၁း၀၀)နာရီ ကံသာယာရပ်ကွက် နဂါးနီစုဘူးအသင်း E.C အဖွဲ့ဝင် ဦးရဲမောင်ရဲ့အိမ်မှာ ကျင်းပတာပါ။

နဂါးနီစုဘူးအသင်း နာယက အရှင်ဇဝန၊ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာ၊ အတွင်းရေးမှူး(၁) ဒေါ်ကြင်ကြင်မြိုင်၊ စာရင်းစစ် ဒေါ်တင်တင်စန်း၊ အတွင်းရေးမှူး(၂) မအိသန္တာနွယ်တို့ တက်ရောက်ကြပြီး အသင်းနာယက အရှင်ဇဝနမှ သြဝါဒမိန့်ကြားပါတယ်။
တစ်သိန်းခွဲတန်း အသင်းဝင်(၃၀)ဦးတို့အား တစ်ဦးလျှင် တစ်သိန်းခွဲကျပ်စီ ထုတ်ပေးခဲ့ပါတယ်။

ဆရာတော်0ီ၇သူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် ကံသာယာ ဇဇ(၃-၄) နဂါးနီစုဘူးအသင်းဟာ စတုတ္ထမြောက် အမှတ်(၄)စုဘူးဖြစ်ပြီး (၂၆.၇.၂၀၁၄)ရက်နေ့မှာ စတင်တည်ထောင်ပေးခဲ့ပါတယ်။

ရည်ရွယ်ချက်
နဂါးနီစုဘူးအသင်းများကို ဆင်းရဲသားပြည်သူများသက်သာချောင်ချိရေး၊ ကိုယ်ကျင့်တရားတိုးတက်မြင့်မားရေး၊ ကြီးပွားလိုစိတ် အောင်မြင်လိုစိတ်များ ရှင်သန်လာစေရေးတို့အတွက် ရည်မှန်း၍ ဆရာတော်ဦး0ီ၇သူမှ တရားပွဲများမှရရှိခဲ့သော ဓမ္မပူဇာများဖြင့် မ-တည်ကာ တည်ထောင်ထားခြင်းဖြစ်ပါတယ်။

ငွေချေးစနစ်
နဂါးနီစုဘူးအသင်း၏ ငွေချေးမှုစနစ်မှာ (၅)ကျပ်တိုးဖြစ်ပြီး (၅)သောင်းကျပ်အတွက် တစ်ရက်လျှင် တစ်ထောင်နှုန်းစုရပါတယ်။ အတိုး(၅)ကျပ်ထဲမှ (၂)ကျပ်ကို အသင်းဝင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုရန်ပုံငွေ၊ (၃)ကျပ်ကို အသင်းဝင်သစ်များတိုးချဲ့လက်ခံရန်နှင့် ချေးငွေများ တိုးမြင့်ချေးပေးနိုင်ရန် ပြန်လည်သုံးစွဲပါတယ်။
ဆရာတော်ဦး0ီ၇သူ တည်ထောင်ဖွင့်လှစ်ပေးတဲ့ နဂါးနီစုဘူးပေါင်း (၇)ခုရှိပြီး ဆင်းရဲသားပြည်သူများအတွက် အဆက်မပြတ် စနစ်တကျ လည်ပတ်အကျိုးပြုလျက်ရှိပါတယ်။
ဝီရခေမိန် (နဂါးနီစုဘူးသတင်းထောက်)

“နဂါးနီစုဘူး ဆောင်ပုဒ်”
အတိုးပေါ် အတိုးဆင့်၊ အတိုးနင့်ဒုက္ခတွေ။
ဘဝတစ်ခုလုံး၊ လူညွန့်တုံး၊ လူဖြစ်ရှုံးမှုတွေ။
ပျောက်ပါစေ ရည်စူးပြီး၊ စုဘူးကြီး တည်ထောင်ပေ။
သောက်စား ပျော်ပါး လောင်းကစား အားလုံးရှောင်ကြဉ်လေ။
ရိုးရိုးသားသား၊ နိုးနိုးကြား၊ ကြိုးစားစုကြလေ။
အိုးမဲ့ အိမ်မဲ့၊ အခြေနေမဲ့၊ ကဲ့ရဲ့လွတ်ကြစေ။
ရခဲရကြ လူ့ဘဝ၊ အရတော်ကြစေ။
လူတစ်လုံး သူတစ်လုံး၊ အပီပြင်ဆုံး၊ ရုပ်လုံးဖော်ကြစေ။
0ီ၇သူ-(မစိုးရိမ်)