သတင္း

၂၀၁၉ ေသာဠသမဓမၼသဘင္ (တုိက္ႀကီး-ေမတၱာေအး)

တေပါင္းလျပည့္ေက်ာ္ ၁ ရက္ (21.3.2019)ရက္ေန႔၊ ည ၈း၀၀ နာရီ၊ ရန္ကုန္တုိင္းေဒသႀကီး၊ တုိ္က္ႀကီးၿမဳိ႕နယ္၊ မေလးရွားဝိုင္အုပ္စု၊ ေမတၱာေအးေက်းရြာ၊ ကံသာယာေတာရေက်ာင္းတုိက္အတြင္း တည္ထားကိုးကြယ္အပ္ေသာ ၿငိမ္းခ်မ္းကမၻာျပည္သာယာ အဓိ႒ာန္ေအာင္ဆုေတာင္းျပည့္ေစတီေတာ္ျမတ္ႀကီး ထီးေတာ္တင္လွဴဗုဒၶပူဇနိယပြဲေတာ္ႏွင့္ အကၽြတ္အလြတ္သာဓုေခၚပြဲအထိမ္းအမွတ္ ပထမအႀကိမ္ ေထရဝါဒ အထူးဓမၼသဘင္။

ေက်ာင္းထုိင္ဆရာေတာ္ေလး အရွင္ဉာဏိႆရပင့္တဲ့ပြဲပါ။
ထုိင္းႏိုင္ငံေရာက္ ပန္းပ်ဳိးလက္ႏွင့္ ပရဟိတအဖြဲ႔မ်ားရဲ႕ ဓမၼပူဇာအလွဴေငြမ်ားႏွင့္ က်င္းပပါတယ္။
ေက်ာင္းထုိင္သက္တမ္းကလည္း တစ္ႏွစ္ေတာင္ မျပည့္ေသးပါဘူး။
ေက်ာင္းေလးကေတာ့ သာသာယာယာပါပဲ။
ကံသာယာဆုိတဲ့အတုိင္း ေတာင္ၾကားမွ ဖူးႀကီးဆည္ေရကန္ႀကီးက အင္မတန္မွ သာယာလွပပါတယ္။
ရန္ကုန္ပရိသတ္အႀကဳိက္ပါပဲ။
ဓာတ္ပုံေတြရိုက္ၾက ေရကူးၾကနဲ႔ အေတာ္ေလး ေပ်ာ္ေနၾကေလရဲ႕။
ပရိသတ္ကေတာ့ သိပ္မရွိပါ။
တရားငတ္ေနလုိ႔ သနားၿပီး ေက်ာင္းလာထုိင္ေပမယ့္ တစ္ဝါတြင္းလံုးမွ ဥပုသ္သည္ႏွစ္ေယာက္သာ လာဖူးပါတယ္။
တရားပြဲလည္း မလာၾကပါ။
တံငါရြာဆိုေတာ့ ဘုရားတရား ေၾကာက္ပုံရပါတယ္။
ကေလးငယ္ေတြရယ္၊ တုိက္ႀကီးပရိသတ္ရယ္၊ ရန္ကုန္ပရိသတ္ရယ္ ဒါေတြပဲ အားျပဳေဟာခဲ့ရတာပါ။
တရားနာမည္ကေတာ့ “ႏွလံုးသားတြင္တည္ေသာဘုရား” ျဖစ္ပါတယ္။

“၂၀၁၉ သောဠသမဓမ္မသဘင် (တိုက်ကြီး-မေတ္တာအေး)”

တပေါင်းလပြည့်ကျော် ၁ ရက် (21.3.2019)ရက်နေ့၊ ည ၈း၀၀ နာရီ၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ မလေးရှားဝိုင်အုပ်စု၊ မေတ္တာအေးကျေးရွာ၊ ကံသာယာတောရကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်အပ်သော ငြိမ်းချမ်းကမ္ဘာပြည်သာယာ အဓိဋ္ဌာန်အောင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ထီးတော်တင်လှူဗုဒ္ဓပူဇနိယပွဲတော်နှင့် အကျွတ်အလွတ်သာဓုခေါ်ပွဲအထိမ်းအမှတ် ပထမအကြိမ် ထေရဝါဒ အထူးဓမ္မသဘင်။

ကျောင်းထိုင်ဆရာတော်လေး အရှင်ဉာဏိဿရပင့်တဲ့ပွဲပါ။
ထိုင်းနိုင်ငံရောက် ပန်းပျိုးလက်နှင့် ပရဟိတအဖွဲ့များရဲ့ ဓမ္မပူဇာအလှူငွေများနှင့် ကျင်းပပါတယ်။
ကျောင်းထိုင်သက်တမ်းကလည်း တစ်နှစ်တောင် မပြည့်သေးပါဘူး။
ကျောင်းလေးကတော့ သာသာယာယာပါပဲ။
ကံသာယာဆိုတဲ့အတိုင်း တောင်ကြားမှ ဖူးကြီးဆည်ရေကန်ကြီးက အင်မတန်မှ သာယာလှပပါတယ်။
ရန်ကုန်ပရိသတ်အကြိုက်ပါပဲ။
ဓာတ်ပုံတွေရိုက်ကြ ရေကူးကြနဲ့ အတော်လေး ပျော်နေကြလေရဲ့။
ပရိသတ်ကတော့ သိပ်မရှိပါ။
တရားငတ်နေလို့ သနားပြီး ကျောင်းလာထိုင်ပေမယ့် တစ်ဝါတွင်းလုံးမှ ဥပုသ်သည်နှစ်ယောက်သာ လာဖူးပါတယ်။
တရားပွဲလည်း မလာကြပါ။
တံငါရွာဆိုတော့ ဘုရားတရား ကြောက်ပုံရပါတယ်။
ကလေးငယ်တွေရယ်၊ တိုက်ကြီးပရိသတ်ရယ်၊ ရန်ကုန်ပရိသတ်ရယ် ဒါတွေပဲ အားပြုဟောခဲ့ရတာပါ။
တရားနာမည်ကတော့ “နှလုံးသားတွင်တည်သောဘုရား” ဖြစ်ပါတယ်။