နဂါးနီစုဘူးသတင္း

(ဆ)ရပ္ကြက္ နဂါးနီစုဘူးအသင္း ေငြေပးပြဲ

အမ်ဳိးသားေရးဝါဒီဆရာေတာ္ ဦးဝီရသူတည္ေထာင္ေသာ မႏၲေလးၿမဳိ႕၊ ျပည္ႀကီးတံခြန္ၿမဳိ႕နယ္၊ ဆ ရပ္ကြက္မွာရွိတဲ့ နဂါးနီစုဘူးအမွတ္(၁) စုဘူးေငြထုတ္ေပးပဲြျဖစ္ပါတယ္။
(5.9.2019) ေန႔(၁၂း၀၀)နာရီ ဆရပ္ကြက္ ဂ်ပန္ေက်ာင္းတိုက္မွာ က်င္းပတာပါ။

နဂါးနီစုဘူးအသင္း နာယကဆရာေတာ္ အရွင္ဇဝန၊ ဂ်ပန္ေက်ာင္းဆရာေတာ္ဦးသုဇာတ၊ ဥကၠ႒ ေဒၚၾကည္ၾကည္မာ၊ စာရင္းစစ္ ေဒၚတင္စန္းတုိ႔ တက္ေရာက္ၾကၿပီး ဂ်ပန္ေက်ာင္းဆရာေတာ္ ဦးသုဇာတ က ၾသဝါဒခ်ီးျမႇင့္ပါတယ္။

တစ္သိန္းခြဲတန္း(၉၁)ဦးအတြက္ တစ္ဦးလွ်င္ တစ္သိန္းခြဲက်ပ္စီ၊
တသိန္းတန္း(၂၃)ဦးအတြက္ တစ္ဦးလွ်င္ တစ္သိန္းက်ပ္စီ ထုတ္ေပးျခင္းျဖစ္ပါတယ္။

ဆရာေတာ္ဦးဝီရသူတည္ေထာင္ခဲ့တဲ့ စုဘူးမ်ားအနက္ ဆ ရပ္ကြက္နဂါးနီစုဘူးအသင္းသည္ ပထမဦးဆုံး အမွတ္(၁)စုဘူးျဖစ္ျပီး (၁.၉.၂၀၁၃)ရက္ေန႔မွာ တည္ေထာင္ေပးခဲ့ပါတယ္။
ယခုဆိုလွ်င္ (၅)ႏွစ္တင္းတင္းျပည့္ခဲ့ၿပီျဖစ္သည္။
ဆ ရပ္ကြက္ အသင္းဝင္မ်ားထဲမွာ ဗုဒၶဘာသာအျပင္ တျခားဘာသာဝင္ေတြလည္း ပါဝင္တာေတြရပါတယ္။

ယခုအခါ အသင္းဝင္(၂၁၄)ဦးရွိၿပီး
ႏွစ္သိန္းတန္း (၁၀၀)ဦး၊
တစ္သိန္းခြဲတန္း(၉၁)ဦး၊
တစ္သိန္းတန္း(၂၃)ဦး ျဖစ္ပါတယ္။

ရည္ရြယ္ခ်က္
နဂါးနီစုဘူးအသင္းမ်ားကို ဆင္းရဲသားျပည္သူမ်ားသက္သာေခ်ာင္ခ်ိေရး၊ ကိုယ္က်င့္တရားတိုးတက္ျမင့္မားေရး၊ ႀကီးပြားလိုစိတ္ ေအာင္ျမင္လိုစိတ္မ်ား ရွင္သန္လာေစေရးတို႔အတြက္ ရည္မွန္း၍ ဆရာေတာ္ဦး၀ီရသူမွ တရားပြဲမ်ားမွရရွိခဲ့ေသာ ဓမၼပူဇာမ်ားျဖင့္ မ-တည္ကာ တည္ေထာင္ထားျခင္းျဖစ္ပါတယ္။

ေငြေခ်းစနစ္
နဂါးနီစုဘူးအသင္း၏ ေငြေခ်းမႈစနစ္မွာ (၅)က်ပ္တိုးျဖစ္ျပီး (၅)ေသာင္းက်ပ္အတြက္ တစ္ရက္လွ်င္ တစ္ေထာင္ႏႈန္းစုရပါတယ္။ အတိုး(၅)က်ပ္ထဲမွ (၂)က်ပ္ကုိ အသင္းဝင္မ်ားအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈရန္ပုံေငြ၊ (၃)က်ပ္ကို အသင္းဝင္သစ္မ်ားတိုးခ်ဲ႕လက္ခံရန္ႏွင့္ ေခ်းေငြမ်ား တိုးျမင့္ေခ်းေပးႏိုင္ရန္ ျပန္လည္သုံးစြဲပါတယ္။

ဆရာေတာ္ဦးဝီရသူတည္ေထာင္ဖြင့္လွစ္ေပးတဲ့ နဂါးနီစုဘူးေပါင္း (၇)ခုရွိၿပီ လူမ်ဳိး ဘာသာမေရြး ဆင္းရဲသားျပည္သူမ်ားအတြက္ အဆက္မျပတ္ စနစ္တက် လည္ပတ္အက်ဳိးျပဳလ်က္ရွိပါတယ္။
ဝီရေခမိန္ (နဂါးနီစုဘူးသတင္းေထာက္)

“နဂါးနီစုဘူး ေဆာင္ပုဒ္”
အတိုးေပၚ အတိုးဆင့္၊ အတိုးနင့္ဒုကၡေတြ။
ဘဝတစ္ခုလုံး၊ လူညြန္႔တုံး၊ လူျဖစ္ရႈံးမႈေတြ။
ေပ်ာက္ပါေစ ရည္စူးျပီး၊ စုဘူးႀကီး တည္ေထာင္ေပ။
ေသာက္စား ေပ်ာ္ပါး ေလာင္းကစား အားလုံးေရွာင္ၾကဥ္ေလ။
ရိုးရိုးသားသား၊ ႏိုးႏိုးၾကား၊ ႀကဳိးစားစုၾကေလ။
အိုးမဲ့ အိမ္မဲ့၊ အေျခေနမဲ့၊ ကဲ့ရဲ႕လြတ္ၾကေစ။
ရခဲရၾက လူ႔ဘဝ၊ အရေတာ္ၾကေစ။
လူတစ္လုံး သူတစ္လုံး၊ အပီျပင္ဆုံး၊ ရုပ္လုံးေဖာ္ၾကေစ။

(ဝီရသူ-မစုိးရိမ္)

“ဆရပ်ကွက် နဂါးနီစုဘူးအသင်း ငွေပေးပွဲ”

အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဆ ရပ်ကွက်မှာရှိတဲ့ နဂါးနီစုဘူးအမှတ်(၁) စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။
(5.9.2019) နေ့(၁၂း၀၀)နာရီ ဆရပ်ကွက် ဂျပန်ကျောင်းတိုက်မှာ ကျင်းပတာပါ။

နဂါးနီစုဘူးအသင်း နာယကဆရာတော် အရှင်ဇဝန၊ ဂျပန်ကျောင်းဆရာတော်ဦးသုဇာတ၊ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာ၊ စာရင်းစစ် ဒေါ်တင်စန်းတို့ တက်ရောက်ကြပြီး ဂျပန်ကျောင်းဆရာတော် ဦးသုဇာတ က သြဝါဒချီးမြှင့်ပါတယ်။

တစ်သိန်းခွဲတန်း(၉၁)ဦးအတွက် တစ်ဦးလျှင် တစ်သိန်းခွဲကျပ်စီ၊
တသိန်းတန်း(၂၃)ဦးအတွက် တစ်ဦးလျှင် တစ်သိန်းကျပ်စီ ထုတ်ပေးခြင်းဖြစ်ပါတယ်။

ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် ဆ ရပ်ကွက်နဂါးနီစုဘူးအသင်းသည် ပထမဦးဆုံး အမှတ်(၁)စုဘူးဖြစ်ပြီး (၁.၉.၂၀၁၃)ရက်နေ့မှာ တည်ထောင်ပေးခဲ့ပါတယ်။
ယခုဆိုလျှင် (၅)နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။
ဆ ရပ်ကွက် အသင်းဝင်များထဲမှာ ဗုဒ္ဓဘာသာအပြင် တခြားဘာသာဝင်တွေလည်း ပါဝင်တာတွေရပါတယ်။

ယခုအခါ အသင်းဝင်(၂၁၄)ဦးရှိပြီး
နှစ်သိန်းတန်း (၁၀၀)ဦး၊
တစ်သိန်းခွဲတန်း(၉၁)ဦး၊
တစ်သိန်းတန်း(၂၃)ဦး ဖြစ်ပါတယ်။

ရည်ရွယ်ချက်
နဂါးနီစုဘူးအသင်းများကို ဆင်းရဲသားပြည်သူများသက်သာချောင်ချိရေး၊ ကိုယ်ကျင့်တရားတိုးတက်မြင့်မားရေး၊ ကြီးပွားလိုစိတ် အောင်မြင်လိုစိတ်များ ရှင်သန်လာစေရေးတို့အတွက် ရည်မှန်း၍ ဆရာတော်ဦးဝီရသူမှ တရားပွဲများမှရရှိခဲ့သော ဓမ္မပူဇာများဖြင့် မ-တည်ကာ တည်ထောင်ထားခြင်းဖြစ်ပါတယ်။

ငွေချေးစနစ်
နဂါးနီစုဘူးအသင်း၏ ငွေချေးမှုစနစ်မှာ (၅)ကျပ်တိုးဖြစ်ပြီး (၅)သောင်းကျပ်အတွက် တစ်ရက်လျှင် တစ်ထောင်နှုန်းစုရပါတယ်။ အတိုး(၅)ကျပ်ထဲမှ (၂)ကျပ်ကို အသင်းဝင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုရန်ပုံငွေ၊ (၃)ကျပ်ကို အသင်းဝင်သစ်များတိုးချဲ့လက်ခံရန်နှင့် ချေးငွေများ တိုးမြင့်ချေးပေးနိုင်ရန် ပြန်လည်သုံးစွဲပါတယ်။

ဆရာတော်ဦးဝီရသူတည်ထောင်ဖွင့်လှစ်ပေးတဲ့ နဂါးနီစုဘူးပေါင်း (၇)ခုရှိပြီ လူမျိုး ဘာသာမရွေး ဆင်းရဲသားပြည်သူများအတွက် အဆက်မပြတ် စနစ်တကျ လည်ပတ်အကျိုးပြုလျက်ရှိပါတယ်။
ဝီရခေမိန် (နဂါးနီစုဘူးသတင်းထောက်)

“နဂါးနီစုဘူး ဆောင်ပုဒ်”
အတိုးပေါ် အတိုးဆင့်၊ အတိုးနင့်ဒုက္ခတွေ။
ဘဝတစ်ခုလုံး၊ လူညွန့်တုံး၊ လူဖြစ်ရှုံးမှုတွေ။
ပျောက်ပါစေ ရည်စူးပြီး၊ စုဘူးကြီး တည်ထောင်ပေ။
သောက်စား ပျော်ပါး လောင်းကစား အားလုံးရှောင်ကြဉ်လေ။
ရိုးရိုးသားသား၊ နိုးနိုးကြား၊ ကြိုးစားစုကြလေ။
အိုးမဲ့ အိမ်မဲ့၊ အခြေနေမဲ့၊ ကဲ့ရဲ့လွတ်ကြစေ။
ရခဲရကြ လူ့ဘဝ၊ အရတော်ကြစေ။
လူတစ်လုံး သူတစ်လုံး၊ အပီပြင်ဆုံး၊ ရုပ်လုံးဖော်ကြစေ။

(ဝီရသူ-မစိုးရိမ်)