သတင္း

မတူညီကြဲျပားမွဳမ်ား (၉)

ကုိမ်ဳိးညြန္႔ေမာင္ေရ။ ျပီးခဲ႔တဲ႔အပတ္က ဥေရာပတုိက္ကုိ ခရီးခဏသြားျဖစ္တယ္။ ေလယာဥ္ေပၚေရာက္ေတာ႔ ျမန္ မာႏုိင္ငံအပါအ၀င္ အာရွတုိက္ကႏုိင္ငံေတြနဲ႔ ကြာတာေလးတခု သတိထားမိတယ္။ အဲဒါကုိ ျမင္ေနတာေတာ႔ ၾကာျပီ။ အခုမွ ခ်ေရးျဖစ္တယ္။ ေလယာဥ္ေပၚမွာအလုပ္လုပ္ေနၾကတဲ႔ ေလယာဥ္မယ္ေတြ၊ ေလယာဥ္ေမာင္ေတြ က အေတာ္ကုိ အသက္မငယ္ၾကတာ။ အသက္ဘယ္ေလာက္ရွိျပီလဲဆုိတာေတာ႔ အတိအက်မသိေပမယ္႔ ျမန္ မာျပည္က ေလယာဥ္မယ္၊ ေလယာဥ္ေမာင္ေလးေတြထြက္ေတာ႔ သိသိသာသာ ၾကီးၾကတယ္။ ေလယာဥ္မယ္ လုပ္တယ္ဆုိတာ အသက္ငယ္မွ၊ ပိန္မွဆုိတာေတြကုိ သိခဲ႔၊ ၾကားခဲ႔ရေတာ႔ ကုိယ္႔အေမအရြယ္ ေလယာဥ္မယ္ ေတြ ေတြ႔ေတာ႔ အေတာ္အံ႔ၾသမိတယ္။ တခ်ဳိ႔ဆုိ ျပည္တြင္းခရီးစဥ္ေတြအျပင္ ေန႔၀က္ေလာက္ၾကာတဲ႔ ျပည္ပခရီး စဥ္ေတြကုိပါ လုိက္ၾကတယ္။ အလုပ္လုပ္ႏုိင္ဖုိ႔ကုိ အသက္ငယ္ရြယ္မွဳထက္ ပုိအေလးထားၾကပုံပဲ။

ျမန္မာျပည္က အလုပ္အကုိင္ ေၾကာ္ျငာေတြကုိ ၾကည္႔ရင္ အသက္ဘယ္ေလာက္က ဘယ္ေလာက္အတြင္း ျဖစ္ရ မယ္ဆုိတာ ပါေနတတ္တယ္။ ဒီမွာဆုိရင္ေတာ႔ အဲလုိေၾကာ္ျငာမ်ဳိးက ျပႆနာတက္ႏုိင္တယ္။ မေတာ္ရင္ တရား ပါအစြဲခံရႏုိင္တယ္။ အသက္ကန္႔သတ္ျပီး အလုပ္ေခၚတာကုိ ageism အသက္အရြယ္ခြဲျခားဆက္ဆံမွဳလုိ႔ ဒီက လူေတြက ျမင္ၾကတယ္။ အလုပ္အကုိင္နဲ႔ ပတ္သက္ျပီး ကုိယ္ေရးရာဇ၀င္ေလွ်ာက္လႊာတင္တဲ႔အခါ ဓါတ္ပုံထည္႔ စရာ မလုိဘူး။ လူကုိ ျမင္ဖူးစရာ မလုိဘူး။ ရုပ္ၾကည္႔ျပီးမွ အလုပ္ခန္႔မယ္ဆုိရင္ ဒီမွာ ပြက္ေလာရုိက္သြားႏုိင္တယ္။ ျမန္မာျပည္မွာေတာ႔ လုပ္ရုိးလုပ္စဥ္ ျဖစ္ေနျပီ။ ျမန္မာျပည္က ကုိယ္ေရးရာဇ၀င္ေတြ၊ ေလွ်ာက္လႊာေတြၾကည္႔တဲ႔ အခါ ကုိးကြယ္သည္႔ဘာသာနဲ႔ လူမ်ဳိးဆုိတာပါေနတာကုိ သတိထားမိတယ္။ ဒီမွာ အလုပ္ေလွ်ာက္ရင္ ဘယ္ဘာ သာ ကုိးကြယ္သလဲဆုိတာ မေမးဘူး။ ဘာလူမ်ဳိးလဲဆုိတာကုိလဲ စိတ္မ၀င္စားဘူး။ အလုပ္လုပ္ႏုိင္မယ္႔ လူကုိပဲ ခန္႔တယ္။ အလုပ္လုပ္ႏုိင္ကုိင္ႏုိင္မွဳနဲ႔ မပတ္သက္တဲ႔ ကုိးကြယ္သည္႔ဘာသာနဲ႔ လူမ်ဳိးကုိ သြားေမးလုိက္ရင္ ဒီမွာ အလုပ္ရွင္ အတုိင္ခံရႏုိင္တယ္။ အလုပ္ရွင္ဆီမွာ ဘယ္ဘာသာ၊ ဘယ္လူမ်ဳိးကုိ ပုိၾကဳိက္ႏွစ္သက္သလဲဆုိတဲ႔ pre-conceived idea သတ္မွတ္ခ်က္ေတြ ရွိေနတယ္ဆုိျပီး တုိင္ၾကလိမ္႔မယ္။ ဒီမွာ အဲဒါမ်ဳိး ေမးလုိ႔ မရဘူး။ သိပ္ခင္လုိ႔ မင္လုိ႔ စကားစျမည္ေျပာရင္းနဲ႔ ေမးတာက တပုိင္းေပါ႔။

အလုပ္ေလွ်ာက္တဲ႔ေနရာမွာ ဓါတ္ပုံတြဲတင္ရတာ ေတာ္ေတာ္ေတာ႔ နားလည္ရခက္တယ္။ ရုပ္မၾကဳိက္ရင္ မခန္႔ ေတာ႔ဘူးလား။ ရုပ္ရည္ရူပကာက အေတာ္အေရးပါေနလား။ ျမစ္ဆုံေဒသကုိ ႏုိင္ငံေတာ္အတုိင္ပင္ခံ ေဒၚေအာင္ ဆန္းစုၾကည္ သြားေရာက္တာနဲ႔ ပတ္သက္ျပီး လူမွဳကြန္ယက္ေတြေပၚမွာ တင္ထားတဲ႔ ပုိ႔စ္ေတြကုိ ၾကည္႔ဖူးတယ္။ ျမစ္ဆုံက အင္မတန္ျပႆနာတက္ေနတဲ႔ေနရာ။ ေရကာတာေဆာက္ေရး၊ မေဆာက္ေရးနဲ႔ ပတ္သက္ျပီး တႏုိင္ငံ လုံး ဆႏၵေတြျပၾက၊ ျငင္းၾက၊ ခုန္ၾက၊ ေရးတဲ႔လူေတြကလဲ ေရးၾကသားၾကနဲ႔ ပြက္ပြက္ကုိ ညံေနတာပဲ။ အဲလုိအခ်ိန္ မွာ ျမစ္ဆုံကုိ ႏုိင္ငံေတာ္အတုိင္ပင္ခံ ေရာက္သြားတာ ဟုိမွာ ဘာေတြေဆြးေႏြးလာလဲ။ ဘာေတြ အေျဖရွာေတြ႔ လာလဲ။ ဒါမွမဟုတ္လဲ ဘာေတြ အေျဖရွာမရျဖစ္လာသလဲဆုိတာေတြကုိ က်ယ္က်ယ္ျပန္႔ျပန္႔ ေရးၾကသားၾကတာ သိပ္မေတြ႔လုိက္ရဘူး။ ေမေမ၀တ္ထားတဲ႔ ဖက္ရွင္ေလးက ယဥ္လုိက္တာ။ အန္တီျခဳံထားတဲ႔ ပ၀ါေလးက လွလုိက္တာ ဆုိတာေတြကုိေတာ႔ ေတြ႔မိတယ္။

ရုပ္ရည္ရူပကာ၊ ၀တ္ပုံစားပုံနဲ႔ ဖက္ရွင္ေတြက လုပ္ရည္ကုိင္ရည္ေတြ၊ အၾကံညဏ္ေတြနဲ႔ အရည္အခ်င္းေတြေန ရာကုိ အစားထုိးေနရာယူထားသလားေတာင္ ထင္ရတယ္။ ကြ်န္ေတာ္တုိ႔ ငယ္ငယ္တုန္းက ၾကားခဲ႔ရတဲ႔၊ လူၾကီးသူမေတြေျပာေျပာေနတဲ႔ ရုပ္၀ါဒီဆုိတာမ်ား ေခတ္စားလာေန သလားလုိ႔ ေတြးမိတယ္။

အခုဆုိ ျပင္ဦးလြင္မွာ၊ လားရွဳးိမွာ အပစ္ခံထားရ တဲ႔အခ်ိန္မွာ ႏုိင္ငံေတာ္အတုိင္ပင္ခံက ဘယ္လုိ ေၾကျငာခ်က္ထုတ္တာမွ မေတြ႔မိဘူးး။ ကြ်န္ေတာ္မသိတာလား ဆုိျပီး တျခားေရးေဖၚေရးဖက္ ႏုိင္ငံျခား သတင္း႒ာနမွာလုပ္တဲ႔ သတင္းစာဆရာတေယာက္ကုိ ေမးၾကည္႔ေတာ႔ သူလဲ မေတြ႔မိဘူးတဲ႔။ ႏုိင္ငံေတာ္ အတုိင္ပင္ခံက အဲဒီအခ်ိန္မွာ စာေရးဆရာမ်ားနဲ႔ ညစာစားပြဲကုိ တက္ေရာက္တယ္။ ကင္းေထာက္မ်ားပြဲကုိ တက္ေရာက္တယ္။ ျပီးေတာ႔ တခါ အာဆီယံ အစားအေသာက္ပြဲေတာ္ကုိ တက္ေရာက္အားေပးျပန္ေရာ။ ႏုိင္ငံေတာ္အတုိင္ပင္ခံတက္ေရာက္တဲ႔ ပြဲေတြကုိ အိမ္ရွင္လုပ္က်င္းပတဲ႔ မႏၱေလး ဆုိတာ ျပင္ဦးလြင္နဲ႔ အိမ္ဦးၾကမး္ျပင္ အကြာအေ၀းပဲ ရွိတယ္။ ဒါလဲ ႏုိင္ငံေတာ္အတုိင္ပင္ခံကုိ ျပည္သူလူထုက အျပစ္ မျမင္ပါဘူး။ ကြ်န္ေတာ္တုိ႔မွာ ဖက္ရွင္ကုိ အက္ရွင္ထက္ ပုိအေလးေပးတာ အက်င္႔ပါေနလုိ႔ ျဖစ္မယ္။ အဓိကကုိ ေမ႔ထားျပီး သာမညေနာက္လုိက္တာကလဲ အရုိးစြဲေနျပီ မွတ္တယ္။

လက္နက္ကုိင္အဖြဲ႔ေတြက လူနာတင္ယာဥ္တု႔၊ိ စာသင္ေက်ာင္းတုိ႔ကို ပစ္ခတ္ထားတဲ႔အခ်ိန္မွာ။ ဆင္တုတ္ေကြး၊ ၀က္တုတ္ေကြးေတြ ႏုိင္ငံအႏွံ႔ျဖစ္ေနခ်ိန္မွာ၊ ေရၾကီးေရလ်ွံျပီး အိမ္မဲ႔ယာမဲ႔ ျဖစ္ေနၾကခ်ိန္မွာ အေမရိကန္ သမၼတေယာက္က ကင္းေထာက္ပြဲေတြတက္၊ အစားအေသာက္ပြဲေတြတက္၊ စာေရးဆရာေတြနဲ႔ ညစာစာျပီး ဒီကိစၥေတြကုိ ဘယ္လုိေျဖရွင္းမလဲဆုိတာ ေၾကျငာခ်က္မထုတ္ဘူးဆုိရင္ တႏုိင္ငံလုံး အုံးအုံးကြ်က္ကြ်က္ ျဖစ္ကုန္ လိမ္႔မယ္။ လူေတြက ေဒါပြမယ္။ ဆႏၵျပၾကမယ္။ မီဒီယာေတြကလဲ အၾကီးအက်ယ္ ေ၀ဖန္ၾကမယ္။ ကြ်န္ေတာ္ မွတ္မိသေလာက္ေတာ႔ အဲေလာက္ၾကီးျဖစ္ေနတာကုိ ဘယ္အေမရိကန္သမၼတကမွ ေၾကျငာခ်က္မထုတ္ဘဲ မေနဘူး။ သြားမယ္႔ခရီးစဥ္ေတြ။ တက္ရမယ္႔ ညစာစားပြဲေတြကုိေတာင္ ဖ်က္လုိက္ဦးမယ္။ ပြဲတက္၀တ္စုံ ေတြခြ်တ္၊ မိုးကာအက်ၤ ီေတြ ခ်က္ခ်င္းလျဲပီး အဲဒီေနရာေတြကုိ သြားၾကည္႔တယ္။ အမုိးအကာထဲကေန မုိးလုံေလလုံမဟုတ္ဘဲ မုိးထဲေရထဲကေန လုိအပ္သည္မ်ားကုိ မွာၾကားၾကမယ္။ ဒီမွာက အက္ရွင္က ဖက္ရွင္ထက္ ပုိအေရးၾကီးတာကုိး။

အာဏာရွင္တုိ႔၊ စစ္တပ္တုိ႔က အဲလုိမ်ဳိးလုပ္တာဆုိ ခံသာေပမယ္႔ ျပည္သူ႔အတြက္၊ ျပည္သူနဲ႔အတူ ဆုိတာၾကီးကုိ တခ်ိန္လုံး ေျပာခဲ႔တဲ႔ ေခါင္းေဆာင္တေယာက္က ႏုိင္ငံက သူ႔ကုိ လုိအပ္ေနခ်ိန္မွာ ညစာစားပြဲေတြတက္ေနတယ္ ဆုိတာ အေတာ္ကုိနားလည္ရခက္တယ္။ စာေရးဆရာေတြကလဲ သူတုိ႔ညစာစားပြဲ မတက္ဘဲ လုိအပ္တဲ႔ေနရာေတြ သြားလုိ႔ စိတ္မဆုိးပါဘူး။ အစားအေသာက္ပြဲေတာ္ကလဲ တျခားလူတက္ေပးလုိ႔ ရပါတယ္။ ကင္းေထာက္ေလး ေတြကုိလဲ ေခ်ာ႔ေမာ႔ေတာင္းပန္ျပီး ေနာက္မွေတြ႔မယ္ေနာ္လုိ႔ ေျပာသြားလုိ႔ရတယ္။

ဒီေဆာင္းပါးေရးေနတဲ႔ အခ်ိ္န္မွာ တုိက္တုိက္ဆုိင္ဆုိင္ပဲ Netflix မွာ Knightfall ဆုိတဲ႔ စီးရီးကုိ ၾကည္႔ေနမိတယ္။ ဥေ၇ာပတုိက္မွာ အလယ္ေခတ္က ပုပ္ရဟန္းမင္းၾကီး တန္ခုိးၾသဇာထြားခဲ႔တာေတြကုိ ေသခ်ာရုိက္ျပထားတယ္။ ကက္သလစ္ဘာသာမွာ Papal Infallibility ဆိုတာ ရွိတယ္။ ပုပ္ရဟန္းမင္းၾကီးက ဘုရားသခင္ရဲ႔ ကုိယ္စား လွယ္ ျဖစ္တယ္။ အမွားအယြင္းမရွိဘူးလုိ႔ ဆုိလုိတယ္။ ရဟန္းမင္းၾကီး ေျပာသမွ်အမွန္ပဲ။ ရဟန္းမင္းၾကီးရဲ႔ ၾသ ဇာအာဏာက ညဏ္သစ္ေလာင္းအေရးေတာ္ပုံနဲ႔ စက္မွဳေတာ္လွန္ေရး ေပၚလာျပီးတဲ႔ေနာက္မွာ အေတာ္ကုိ က်သြားခဲ႔တယ္။ ရဟန္းမင္းၾကီး ၾသဇာက်သြားခ်ိန္္မွာ လူေတြရဲ႔ ေနေရးထုိင္ေရး၊ စီးပြါးေရး၊ က်န္းမာေရးနဲ႔ ေျပာ ေရးဆုိခြင္႔ေတြ တုိးတက္သြားတယ္။ ပုပ္ရဟန္းမင္းၾကီးကုိ မ်က္စိစုံမွတ္ကုိးကြယ္ေနေသးရင္ေတာ႔ ဥေရာပတုိက္လဲ လုံးလည္ခ်ာလည္နဲ႔ ဒုကၡေတြေရာက္လုိက္၊ ေရာဂါေတြျဖစ္လုိက္၊ စား၀တ္ေနေရးေတြ က်ပ္ တည္းလုိက္နဲ႔ ျဖစ္ေနဦးမွာပဲ။ ရဟန္းမင္းၾကီးကုိ ေ၀ဖန္တဲ႔လူေတြ၊ သေဘာထားခ်င္း မတုိက္ဆုိင္တဲ႔ လူေတြ ကေတာ႔ စုန္းကေ၀ေတြ၊ မိစာၦေတြ၊ သာနာဖ်က္ေတြ၊ မေကာင္းဆုိ၀ါးေတြ၊ ဒိ႒ိေတြနဲ႔ နာမည္အမ်ဳိးမ်ဳိး အတပ္ခံရျပီး အျပတ္အဖဲ႔ခံေနရဦးမွာပဲ၊ ကုိမ်ဳိးညြန္႔ေမာင္ေရ။

ေဇယ်ာအုန္း

ျမန္မာသံေတာ္ဆင့္ဂ်ာနယ္၊ အတြဲ(၈) အမွတ္(၂၃)၊ 23.8.2019

“မတူညီကွဲပြားမှုများ (၉)”

ကိုမျိုးညွန့်မောင်ရေ။ ပြီးခဲ့တဲ့အပတ်က ဥရောပတိုက်ကို ခရီးခဏသွားဖြစ်တယ်။ လေယာဉ်ပေါ်ရောက်တော့ မြန် မာနိုင်ငံအပါအဝင် အာရှတိုက်ကနိုင်ငံတွေနဲ့ ကွာတာလေးတခု သတိထားမိတယ်။ အဲဒါကို မြင်နေတာတော့ ကြာပြီ။ အခုမှ ချရေးဖြစ်တယ်။ လေယာဉ်ပေါ်မှာအလုပ်လုပ်နေကြတဲ့ လေယာဉ်မယ်တွေ၊ လေယာဉ်မောင်တွေ က အတော်ကို အသက်မငယ်ကြတာ။ အသက်ဘယ်လောက်ရှိပြီလဲဆိုတာတော့ အတိအကျမသိပေမယ့် မြန် မာပြည်က လေယာဉ်မယ်၊ လေယာဉ်မောင်လေးတွေထွက်တော့ သိသိသာသာ ကြီးကြတယ်။ လေယာဉ်မယ် လုပ်တယ်ဆိုတာ အသက်ငယ်မှ၊ ပိန်မှဆိုတာတွေကို သိခဲ့၊ ကြားခဲ့ရတော့ ကိုယ့်အမေအရွယ် လေယာဉ်မယ် တွေ တွေ့တော့ အတော်အံ့သြမိတယ်။ တချို့ဆို ပြည်တွင်းခရီးစဉ်တွေအပြင် နေ့ဝက်လောက်ကြာတဲ့ ပြည်ပခရီး စဉ်တွေကိုပါ လိုက်ကြတယ်။ အလုပ်လုပ်နိုင်ဖို့ကို အသက်ငယ်ရွယ်မှုထက် ပိုအလေးထားကြပုံပဲ။

မြန်မာပြည်က အလုပ်အကိုင် ကြော်ငြာတွေကို ကြည့်ရင် အသက်ဘယ်လောက်က ဘယ်လောက်အတွင်း ဖြစ်ရ မယ်ဆိုတာ ပါနေတတ်တယ်။ ဒီမှာဆိုရင်တော့ အဲလိုကြော်ငြာမျိုးက ပြဿနာတက်နိုင်တယ်။ မတော်ရင် တရား ပါအစွဲခံရနိုင်တယ်။ အသက်ကန့်သတ်ပြီး အလုပ်ခေါ်တာကို ageism အသက်အရွယ်ခွဲခြားဆက်ဆံမှုလို့ ဒီက လူတွေက မြင်ကြတယ်။ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး ကိုယ်ရေးရာဇဝင်လျှောက်လွှာတင်တဲ့အခါ ဓါတ်ပုံထည့် စရာ မလိုဘူး။ လူကို မြင်ဖူးစရာ မလိုဘူး။ ရုပ်ကြည့်ပြီးမှ အလုပ်ခန့်မယ်ဆိုရင် ဒီမှာ ပွက်လောရိုက်သွားနိုင်တယ်။ မြန်မာပြည်မှာတော့ လုပ်ရိုးလုပ်စဉ် ဖြစ်နေပြီ။ မြန်မာပြည်က ကိုယ်ရေးရာဇဝင်တွေ၊ လျှောက်လွှာတွေကြည့်တဲ့ အခါ ကိုးကွယ်သည့်ဘာသာနဲ့ လူမျိုးဆိုတာပါနေတာကို သတိထားမိတယ်။ ဒီမှာ အလုပ်လျှောက်ရင် ဘယ်ဘာ သာ ကိုးကွယ်သလဲဆိုတာ မမေးဘူး။ ဘာလူမျိုးလဲဆိုတာကိုလဲ စိတ်မဝင်စားဘူး။ အလုပ်လုပ်နိုင်မယ့် လူကိုပဲ ခန့်တယ်။ အလုပ်လုပ်နိုင်ကိုင်နိုင်မှုနဲ့ မပတ်သက်တဲ့ ကိုးကွယ်သည့်ဘာသာနဲ့ လူမျိုးကို သွားမေးလိုက်ရင် ဒီမှာ အလုပ်ရှင် အတိုင်ခံရနိုင်တယ်။ အလုပ်ရှင်ဆီမှာ ဘယ်ဘာသာ၊ ဘယ်လူမျိုးကို ပိုကြိုက်နှစ်သက်သလဲဆိုတဲ့ pre-conceived idea သတ်မှတ်ချက်တွေ ရှိနေတယ်ဆိုပြီး တိုင်ကြလိမ့်မယ်။ ဒီမှာ အဲဒါမျိုး မေးလို့ မရဘူး။ သိပ်ခင်လို့ မင်လို့ စကားစမြည်ပြောရင်းနဲ့ မေးတာက တပိုင်းပေါ့။

အလုပ်လျှောက်တဲ့နေရာမှာ ဓါတ်ပုံတွဲတင်ရတာ တော်တော်တော့ နားလည်ရခက်တယ်။ ရုပ်မကြိုက်ရင် မခန့် တော့ဘူးလား။ ရုပ်ရည်ရူပကာက အတော်အရေးပါနေလား။ မြစ်ဆုံဒေသကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင် ဆန်းစုကြည် သွားရောက်တာနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်တွေပေါ်မှာ တင်ထားတဲ့ ပို့စ်တွေကို ကြည့်ဖူးတယ်။ မြစ်ဆုံက အင်မတန်ပြဿနာတက်နေတဲ့နေရာ။ ရေကာတာဆောက်ရေး၊ မဆောက်ရေးနဲ့ ပတ်သက်ပြီး တနိုင်ငံ လုံး ဆန္ဒတွေပြကြ၊ ငြင်းကြ၊ ခုန်ကြ၊ ရေးတဲ့လူတွေကလဲ ရေးကြသားကြနဲ့ ပွက်ပွက်ကို ညံနေတာပဲ။ အဲလိုအချိန် မှာ မြစ်ဆုံကို နိုင်ငံတော်အတိုင်ပင်ခံ ရောက်သွားတာ ဟိုမှာ ဘာတွေဆွေးနွေးလာလဲ။ ဘာတွေ အဖြေရှာတွေ့ လာလဲ။ ဒါမှမဟုတ်လဲ ဘာတွေ အဖြေရှာမရဖြစ်လာသလဲဆိုတာတွေကို ကျယ်ကျယ်ပြန့်ပြန့် ရေးကြသားကြတာ သိပ်မတွေ့လိုက်ရဘူး။ မေမေဝတ်ထားတဲ့ ဖက်ရှင်လေးက ယဉ်လိုက်တာ။ အန်တီခြုံထားတဲ့ ပဝါလေးက လှလိုက်တာ ဆိုတာတွေကိုတော့ တွေ့မိတယ်။

ရုပ်ရည်ရူပကာ၊ ဝတ်ပုံစားပုံနဲ့ ဖက်ရှင်တွေက လုပ်ရည်ကိုင်ရည်တွေ၊ အကြံညဏ်တွေနဲ့ အရည်အချင်းတွေနေ ရာကို အစားထိုးနေရာယူထားသလားတောင် ထင်ရတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကြားခဲ့ရတဲ့၊ လူကြီးသူမတွေပြောပြောနေတဲ့ ရုပ်ဝါဒီဆိုတာများ ခေတ်စားလာနေ သလားလို့ တွေးမိတယ်။

အခုဆို ပြင်ဦးလွင်မှာ၊ လားရှုးိမှာ အပစ်ခံထားရ တဲ့အချိန်မှာ နိုင်ငံတော်အတိုင်ပင်ခံက ဘယ်လို ကြေငြာချက်ထုတ်တာမှ မတွေ့မိဘူးး။ ကျွန်တော်မသိတာလား ဆိုပြီး တခြားရေးဖေါ်ရေးဖက် နိုင်ငံခြား သတင်းဋ္ဌာနမှာလုပ်တဲ့ သတင်းစာဆရာတယောက်ကို မေးကြည့်တော့ သူလဲ မတွေ့မိဘူးတဲ့။ နိုင်ငံတော် အတိုင်ပင်ခံက အဲဒီအချိန်မှာ စာရေးဆရာများနဲ့ ညစာစားပွဲကို တက်ရောက်တယ်။ ကင်းထောက်များပွဲကို တက်ရောက်တယ်။ ပြီးတော့ တခါ အာဆီယံ အစားအသောက်ပွဲတော်ကို တက်ရောက်အားပေးပြန်ရော။ နိုင်ငံတော်အတိုင်ပင်ခံတက်ရောက်တဲ့ ပွဲတွေကို အိမ်ရှင်လုပ်ကျင်းပတဲ့ မန္တလေး ဆိုတာ ပြင်ဦးလွင်နဲ့ အိမ်ဦးကြမ်းပြင် အကွာအဝေးပဲ ရှိတယ်။ ဒါလဲ နိုင်ငံတော်အတိုင်ပင်ခံကို ပြည်သူလူထုက အပြစ် မမြင်ပါဘူး။ ကျွန်တော်တို့မှာ ဖက်ရှင်ကို အက်ရှင်ထက် ပိုအလေးပေးတာ အကျင့်ပါနေလို့ ဖြစ်မယ်။ အဓိကကို မေ့ထားပြီး သာမညနောက်လိုက်တာကလဲ အရိုးစွဲနေပြီ မှတ်တယ်။

လက်နက်ကိုင်အဖွဲ့တွေက လူနာတင်ယာဉ်တု့၊ိ စာသင်ကျောင်းတို့ကို ပစ်ခတ်ထားတဲ့အချိန်မှာ။ ဆင်တုတ်ကွေး၊ ဝက်တုတ်ကွေးတွေ နိုင်ငံအနှံ့ဖြစ်နေချိန်မှာ၊ ရေကြီးရေလျှံပြီး အိမ်မဲ့ယာမဲ့ ဖြစ်နေကြချိန်မှာ အမေရိကန် သမ္မတယောက်က ကင်းထောက်ပွဲတွေတက်၊ အစားအသောက်ပွဲတွေတက်၊ စာရေးဆရာတွေနဲ့ ညစာစာပြီး ဒီကိစ္စတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြေငြာချက်မထုတ်ဘူးဆိုရင် တနိုင်ငံလုံး အုံးအုံးကျွက်ကျွက် ဖြစ်ကုန် လိမ့်မယ်။ လူတွေက ဒေါပွမယ်။ ဆန္ဒပြကြမယ်။ မီဒီယာတွေကလဲ အကြီးအကျယ် ဝေဖန်ကြမယ်။ ကျွန်တော် မှတ်မိသလောက်တော့ အဲလောက်ကြီးဖြစ်နေတာကို ဘယ်အမေရိကန်သမ္မတကမှ ကြေငြာချက်မထုတ်ဘဲ မနေဘူး။ သွားမယ့်ခရီးစဉ်တွေ။ တက်ရမယ့် ညစာစားပွဲတွေကိုတောင် ဖျက်လိုက်ဦးမယ်။ ပွဲတက်ဝတ်စုံ တွေချွတ်၊ မိုးကာအင်္ကျ ီတွေ ချက်ချင်းလြဲပီး အဲဒီနေရာတွေကို သွားကြည့်တယ်။ အမိုးအကာထဲကနေ မိုးလုံလေလုံမဟုတ်ဘဲ မိုးထဲရေထဲကနေ လိုအပ်သည်များကို မှာကြားကြမယ်။ ဒီမှာက အက်ရှင်က ဖက်ရှင်ထက် ပိုအရေးကြီးတာကိုး။

အာဏာရှင်တို့၊ စစ်တပ်တို့က အဲလိုမျိုးလုပ်တာဆို ခံသာပေမယ့် ပြည်သူ့အတွက်၊ ပြည်သူနဲ့အတူ ဆိုတာကြီးကို တချိန်လုံး ပြောခဲ့တဲ့ ခေါင်းဆောင်တယောက်က နိုင်ငံက သူ့ကို လိုအပ်နေချိန်မှာ ညစာစားပွဲတွေတက်နေတယ် ဆိုတာ အတော်ကိုနားလည်ရခက်တယ်။ စာရေးဆရာတွေကလဲ သူတို့ညစာစားပွဲ မတက်ဘဲ လိုအပ်တဲ့နေရာတွေ သွားလို့ စိတ်မဆိုးပါဘူး။ အစားအသောက်ပွဲတော်ကလဲ တခြားလူတက်ပေးလို့ ရပါတယ်။ ကင်းထောက်လေး တွေကိုလဲ ချော့မော့တောင်းပန်ပြီး နောက်မှတွေ့မယ်နော်လို့ ပြောသွားလို့ရတယ်။

ဒီဆောင်းပါးရေးနေတဲ့ အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ Netflix မှာ Knightfall ဆိုတဲ့ စီးရီးကို ကြည့်နေမိတယ်။ ဥရောပတိုက်မှာ အလယ်ခေတ်က ပုပ်ရဟန်းမင်းကြီး တန်ခိုးသြဇာထွားခဲ့တာတွေကို သေချာရိုက်ပြထားတယ်။ ကက်သလစ်ဘာသာမှာ Papal Infallibility ဆိုတာ ရှိတယ်။ ပုပ်ရဟန်းမင်းကြီးက ဘုရားသခင်ရဲ့ ကိုယ်စား လှယ် ဖြစ်တယ်။ အမှားအယွင်းမရှိဘူးလို့ ဆိုလိုတယ်။ ရဟန်းမင်းကြီး ပြောသမျှအမှန်ပဲ။ ရဟန်းမင်းကြီးရဲ့ သြ ဇာအာဏာက ညဏ်သစ်လောင်းအရေးတော်ပုံနဲ့ စက်မှုတော်လှန်ရေး ပေါ်လာပြီးတဲ့နောက်မှာ အတော်ကို ကျသွားခဲ့တယ်။ ရဟန်းမင်းကြီး သြဇာကျသွားချိန်မှာ လူတွေရဲ့ နေရေးထိုင်ရေး၊ စီးပွါးရေး၊ ကျန်းမာရေးနဲ့ ပြော ရေးဆိုခွင့်တွေ တိုးတက်သွားတယ်။ ပုပ်ရဟန်းမင်းကြီးကို မျက်စိစုံမှတ်ကိုးကွယ်နေသေးရင်တော့ ဥရောပတိုက်လဲ လုံးလည်ချာလည်နဲ့ ဒုက္ခတွေရောက်လိုက်၊ ရောဂါတွေဖြစ်လိုက်၊ စားဝတ်နေရေးတွေ ကျပ် တည်းလိုက်နဲ့ ဖြစ်နေဦးမှာပဲ။ ရဟန်းမင်းကြီးကို ဝေဖန်တဲ့လူတွေ၊ သဘောထားချင်း မတိုက်ဆိုင်တဲ့ လူတွေ ကတော့ စုန်းကဝေတွေ၊ မိစ္ဆာတွေ၊ သာနာဖျက်တွေ၊ မကောင်းဆိုဝါးတွေ၊ ဒိဋ္ဌိတွေနဲ့ နာမည်အမျိုးမျိုး အတပ်ခံရပြီး အပြတ်အဖဲ့ခံနေရဦးမှာပဲ၊ ကိုမျိုးညွန့်မောင်ရေ။

ဇေယျာအုန်း

မြန်မာသံတော်ဆင့်ဂျာနယ်၊ အတွဲ(၈) အမှတ်(၂၃)၊ 23.8.2019