သတင္း

ေလာ္ဘီႏိုင္ငံေရး (၁)

အရင္လူေတြကို သူခိုးစြပ္စြဲရင္းနဲ႔ပဲ
အခုလူေတြထဲက သူခိုးမ်ားစြာ
ထြက္ေပၚလာခဲ့ၿပီ။

အာဏာရွင္ႀကီးေတြ ႀကီးပြားခ်မ္းသားပံုကို
ကဲ့ရဲ႕ရႈတ္ခ်ရင္းနဲ႔ပဲ
ႏိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢဳိလ္ဟာ
ရတနာမ်ဳိးစံု ထည္လဲဝတ္ကာ
စံခ်ိန္သစ္ေတြ ခ်ဳိးခဲ့ၿပီ။

စစ္အာဏာရွင္စနစ္ဆိုးရဲ႕ အနိ႒ာရံုကို
မီးေမာင္းထိုးျပရင္းနဲ႔ပဲ
ဒီမိုကေရစီဟာ လမ္းေၾကာင္းမွားၿပီး
အာဏာရွင္လမ္းမေပၚမွာ
ခုတ္ေမာင္းလာခဲ့တာ
ခရီးအေတာ္ေရာက္ခဲ့ၿပီ။

ဝီရသူ(မစိုးရိမ္)
31.8.2019
PM 6:25

“လော်ဘီနိုင်ငံရေး (၁)”

အရင်လူတွေကို သူခိုးစွပ်စွဲရင်းနဲ့ပဲ
အခုလူတွေထဲက သူခိုးများစွာ
ထွက်ပေါ်လာခဲ့ပြီ။

အာဏာရှင်ကြီးတွေ ကြီးပွားချမ်းသားပုံကို
ကဲ့ရဲ့ရှုတ်ချရင်းနဲ့ပဲ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ
ရတနာမျိုးစုံ ထည်လဲဝတ်ကာ
စံချိန်သစ်တွေ ချိုးခဲ့ပြီ။

စစ်အာဏာရှင်စနစ်ဆိုးရဲ့ အနိဋ္ဌာရုံကို
မီးမောင်းထိုးပြရင်းနဲ့ပဲ
ဒီမိုကရေစီဟာ လမ်းကြောင်းမှားပြီး
အာဏာရှင်လမ်းမပေါ်မှာ
ခုတ်မောင်းလာခဲ့တာ
ခရီးအတော်ရောက်ခဲ့ပြီ။

ဝီရသူ(မစိုးရိမ်)
31.8.2019
PM 6:25