သတင္း

မစုိးရိမ္တုိက္သစ္ ဆြမ္းအလွဴေတာ္

နတ္ေတာ္လဆုတ္ ၂ ရက္ (24.12.2018)ရက္ေန႔၊ မႏၲေလးၿမဳိ႕၊ မစုိးရိမ္တုိက္သစ္၊ ဓမၼမဟိဒၶိေက်ာင္းမွာ က်င္းပပါတယ္။ မနက္ ၇း၀၀ နာရီမွာ သံဃာေတာ္မ်ားအား ဆြမ္းေလာင္းလွဴၿပီး ၉း၃၀ နာရီမွာ တရားနာ ေရစက္ခ်ပါတယ္။ ၁၁း၀၀ နာရီမွာ နာယကဆရာေတာ္မ်ား စာခ်ဆရာေတာ္မ်ား က်မ္းၿပီးဘြဲ႔ရဆရာေတာ္မ်ားအား ေန႔ဆြမ္းဆက္ကပ္ပါတယ္။

အလွဴရွင္ကေတာ့ ျမစ္ႀကီးနားၿမဳိ႕၊ ကခ်င္စုရပ္ကြက္၊ ဦးထြန္းထြန္းဝင္း (ခ) ဦးကရင္+ေဒၚျမျမစုိး (ခ) ေဒၚငယ္ေလး မိသားစုတုိ႔ ျဖစ္ပါတယ္။ သမီးေလးေယာက္ရွိရာမွာ အလတ္ႏွစ္ေယာက္ျဖစ္တဲ့ ေမသက္လင္းႏွင့္ ေမသက္ဝင္းက အျမႊာညီအစ္မပါ။ အသက္ ၂၂ ႏွစ္ ရွိပါၿပီ။ ၂၂ ႏွစ္ျပည့္ ေမြးေန႔အထိမ္းအမွတ္ လွဴဒါန္းတဲ့ကုသုိလ္ပါ။

ညီအစ္မႏွစ္ေယာက္လံုး အရပ္အေမာင္းလည္း တူ၊ မ်က္ႏွေပါက္လည္း တူ၊ ရုပ္အဆင္းလည္း တူ၊ မ်က္မွန္တပ္ရတာခ်င္းလည္း တူေနတာ ေတြ႔ရပါတယ္။ အင္မတန္ အက်ဳိးေပးတူတဲ့ ညီအစ္မေပါ့ဗ်ာ။ မ်က္မွန္ပါဝါခ်င္းေကာတူလား ေမးၾကည့္တဲ့အခါ ပါဝါခ်င္း မတူပါဘူးလုိ႔ ေျဖပါတယ္။

“မစိုးရိမ်တိုက်သစ် ဆွမ်းအလှူတော်”

နတ်တော်လဆုတ် ၂ ရက် (24.12.2018)ရက်နေ့၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒ္ဓိကျောင်းမှာ ကျင်းပပါတယ်။ မနက် ရး၀၀ နာရီမှာ သံဃာတော်များအား ဆွမ်းလောင်းလှူပြီး ၉း၃၀ နာရီမှာ တရားနာ ရေစက်ချပါတယ်။ ၁၁း၀၀ နာရီမှာ နာယကဆရာတော်များ စာချဆရာတော်များ ကျမ်းပြီးဘွဲ့ရဆရာတော်များအား နေ့ဆွမ်းဆက်ကပ်ပါတယ်။

အလှူရှင်ကတော့ မြစ်ကြီးနားမြို့၊ ကချင်စုရပ်ကွက်၊ ဦးထွန်းထွန်းဝင်း (ခ) ဦးကရင်+ဒေါ်မြမြစိုး (ခ) ဒေါ်ငယ်လေး မိသားစုတို့ ဖြစ်ပါတယ်။ သမီးလေးယောက်ရှိရာမှာ အလတ်နှစ်ယောက်ဖြစ်တဲ့ မေသက်လင်းနှင့် မေသက်ဝင်းက အမြွှာညီအစ်မပါ။ အသက် ၂၂ နှစ် ရှိပါပြီ။ ၂၂ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှူဒါန်းတဲ့ကုသိုလ်ပါ။

ညီအစ်မနှစ်ယောက်လုံး အရပ်အမောင်းလည်း တူ၊ မျက်နှပေါက်လည်း တူ၊ ရုပ်အဆင်းလည်း တူ၊ မျက်မှန်တပ်ရတာချင်းလည်း တူနေတာ တွေ့ရပါတယ်။ အင်မတန် အကျိုးပေးတူတဲ့ ညီအစ်မပေါ့ဗျာ။ မျက်မှန်ပါဝါချင်းကောတူလား မေးကြည့်တဲ့အခါ ပါဝါချင်း မတူပါဘူးလို့ ဖြေပါတယ်။