သတင္းေလာကအလင္းပညာဒါနေက်ာင္း

ေလာကအလင္း သားသားမီးမီးမ်ား လာေရာက္ဖူးေျမာ္

နတ္ေတာ္လဆုတ္ ၁ ရက္ (23.12.2018)ရက္ေန႔၊ ညေန ၅း၃၀ နာရီ၊ မႏၲေလးၿမဳိ႕၊ မစိုးရိ္မ္တုိက္သစ္၊ ဓမၼသဟာယေက်ာင္းမွာ လာေရာက္ဖူးေျမာ္ၾကတာပါ။ ဒီဇင္ဘာေက်ာင္းပိတ္ရက္အတြင္း ပုဂံ ေညာင္ဦး ဘုရားဖူးသြားၾကမွာျဖစ္လုိ႔ မသြားခင္ လာေရာက္ကန္ေတာ့ၾကတာပါ။

ဘုရားဖူးသြားတာ ကုသုိလ္ရေအာင္ယူဖုိ႔ မွာလုိက္တဲ့အျပင္ စာေမးပြဲေအာင္ေၾကာင္း ေအာင္ဂါထာလည္း ေပးလုိက္ပါတယ္။ ဒီဂါထာကို ေန႔တုိင္း မန္းမႈတ္ၿပီး ျပဳျပင္ဆင္ျခင္ၾကရင္ ေသခ်ာေပါက္ ေအာင္ျမင္တဲ့အေၾကာင္းလည္း ေျပာလုိက္ပါတယ္။

သူတုိ႔ေလးေတြ ပညာေရးအတြက္ လုိေလေသးမရွိ ေထာက္ပံ့ေနလုိ႔ဆုိၿပီး သူေဌးဘုန္းႀကီးလု႔ိ မထင္ၾကဖုိ႔၊ ေက်ာင္းစုတ္နဲ႔ေနရသလို ေန႔စဥ္ မနက္စာဝယ္စားေနရတဲ့အေၾကာင္း၊ အႏၲရာယ္ၾကားမွ အသက္လုၿပီး တရားလို႔ရတဲ့ ဓမၼပူဇာေငြေတြနဲ႔ ေထာက္ပံ့ေနျခင္းျဖစ္ေၾကာင္း၊ စပြန္ဆာေတြ ဒိုနာေတြ လံုးဝ မရွိေၾကာင္း ေျပာၾကားကာ ေစတနာကို တန္ဖုိးထားေသာအားျဖင့္ စာႀကဳိးစားၾကဖုိ႔လည္း မွာလုိက္ပါတယ္။

ေအာင္ဂါထာ
ဥဳံ မပူနဲ႔ မေပါ့နဲ႔

“လောကအလင်း သားသားမီးမီးများ လာရောက်ဖူးမြော်”

နတ်တော်လဆုတ် ၁ ရက် (23.12.2018)ရက်နေ့၊ ညနေ ၅း၃၀ နာရီ၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ လာရောက်ဖူးမြော်ကြတာပါ။ ဒီဇင်ဘာကျောင်းပိတ်ရက်အတွင်း ပုဂံ ညောင်ဦး ဘုရားဖူးသွားကြမှာဖြစ်လို့ မသွားခင် လာရောက်ကန်တော့ကြတာပါ။
ဘုရားဖူးသွားတာ ကုသိုလ်ရအောင်ယူဖို့ မှာလိုက်တဲ့အပြင် စာမေးပွဲအောင်ကြောင်း အောင်ဂါထာလည်း ပေးလိုက်ပါတယ်။

ဒီဂါထာကို နေ့တိုင်း မန်းမှုတ်ပြီး ပြုပြင်ဆင်ခြင်ကြရင် သေချာပေါက် အောင်မြင်တဲ့အကြောင်းလည်း ပြောလိုက်ပါတယ်။

သူတို့လေးတွေ ပညာရေးအတွက် လိုလေသေးမရှိ ထောက်ပံ့နေလို့ဆိုပြီး သူဌေးဘုန်းကြီးလု့ိ မထင်ကြဖို့၊ ကျောင်းစုတ်နဲ့နေရသလို နေ့စဉ် မနက်စာဝယ်စားနေရတဲ့အကြောင်း၊ အန္တရာယ်ကြားမှ အသက်လုပြီး တရားလို့ရတဲ့ ဓမ္မပူဇာငွေတွေနဲ့ ထောက်ပံ့နေခြင်းဖြစ်ကြောင်း၊ စပွန်ဆာတွေ ဒိုနာတွေ လုံးဝ မရှိကြောင်း ပြောကြားကာ စေတနာကို တန်ဖိုးထားသောအားဖြင့် စာကြိုးစားကြဖို့လည်း မှာလိုက်ပါတယ်။

အောင်ဂါထာ
ဥုံ မပူနဲ့ မပေါ့နဲ့