သတင္း

ယြန္းဝတီမိသားစု အလွဴေတာ္

နတ္ေတာ္လဆန္း ၁၃ ရက္ (20.12.2018)ရက္ေန႔၊ မနက္ ၆း၃၀ နာရီ၊ ေမာ္လၿမဳိင္ၿမဳိ႕၊ ယြန္းဝတီေရႊဆုိင္မိသားစုေနအိမ္မွာ အရုဏ္ဆြမ္းစားပါတယ္။

ေဒၚေအးေအးသိန္း(ယြန္းဝတီေရႊဆုိင္)မိသားစုႏွင့္ ဓမၼမိတ္ေဆြေတြကိုလည္း ေတြ႔ရပါတယ္။
ေမာ္လၿမဳိင္ၿမဳိ႕ရဲ႕ အမ်ဳိးဘာသာ သာသနာေရး အေျခအေနမ်ားကို ေျပာျဖစ္ၾကပါတယ္။
အထူးသျဖင့္ ႏိုင္ငံေတာ္ပိုင္စာသင္ေက်ာင္းေတြမွာ သံဃာေတာ္မ်ား တရားေဟာခြင့္ မရေတာ့တဲ့ကိစၥ ေျပာျဖစ္သြားတာပါ။

ႏွစ္ေပါင္းမ်ားစြာ က်င္းပလာတဲ့ပြဲေတြေတာင္ ဒီဘက္ေခတ္မွာ ေဟာေျပာခြင့္မရရွိေတာ့ပါဘူး။
သီတဂူဆရာေတာ္ႀကီးလို ဒိတ္ဒိတ္ႀကဲေထရ္ႀကီးဝါႀကီးေတာင္ လက္မခံရဲၾကေတာ့တဲ့အေျခအေနမွာ ဟိတဓရဆရာေတာ္တုိ႔ အျခားဆရာေတာ္တုိ႔ဆို ေျပာစရာေတာင္ လိုမယ္မထင္ပါဘူး။
သံံဃာေတြရဲ႕ အရိပ္အာဝါသေအာက္မွ ကေလးငယ္မ်ားကို ခြဲထုတ္ေနတာ သိသာပါတယ္။
အဂၤလိပ္ေတြလုပ္ခဲ့သလို အဂၤလိပ္မယားကလည္း လုပ္လာၿပီေပါ့ဗ်ာ။ အထူးသျဖင့္ သံဃာေတြရဲ႕ အခန္းက႑ကို ေလွ်ာ့ခ်ေနတာလား၊ ေမွးမွိန္ေအာင္ ေပ်ာက္ကြယ္သြားေအာင္ လုပ္ေနတာလား စဥ္းစားၾကည့္ႏုိင္ပါတယ္။

စာေရးသူကေတာ့ မင္းကြန္းပုထုိးေတာ္ႀကီး ပညာေရးအကယ္ဒမီေက်ာင္းမွာ ျဖစ္ပြားခဲ့တဲ့ ဘာသာေရးသိမ္းသြင္းမႈကိုရွင္းျပၿပီး ေလာကီသရဏဂုံ၊ ေလာကုတၱရာသရဏဂုံအေၾကာင္း၊ ေလာကီသရဏဂုံေလးပါးအေၾကာင္း ေဟာၾကားခဲ့ပါတယ္။

ေဒၚေအးေအးသိန္းတုိ႔ ယြန္းဝတီေရႊဆုိင္မိသားစုက စာေရးသူရဲ႕ နဝကမၼအတြက္ ဆယ္သိန္းက်ပ္၊ ဝီရသူေဖာင္ေဒးရွင္းအတြက္ သိန္းႏွစ္ဆယ္က်ပ္ လွဴဒါန္းပါတယ္။ အျခားေသာ ဓမၼမိတ္ေဆြမ်ားကလည္း စာေရးသူအား နဝကမၼမ်ား လွဴဖြယ္ဝတၳဳမ်ား လွဴဒါန္းၾကပါတယ္။ ေဒၚေအးေအးသိန္းဆိုတာ ဟိတဓရဆရာေတာ္ေလးရဲ႕ ရဟန္းဒါယိကာမပါ။

ဟိတဓရဆရာေတာ္ေလးဦးစီးတဲ့ မဟာၿမဳိင္စာသင္တုိက္ႀကီး ေအာင္ခ်က္ေတြလည္းေကာင္း၊ တုိက္တာႀကီးလည္း စည္ကား၊ ေက်ာင္းေဆာင္ေတြလည္း တုိးေနတာေတြ႔ရလုိ႔ ဟိတဓရဆရာေတာ္ေလးရဲ႕ ရဟန္းမယ္ေတာ္ ေတာ္စပ္ရက်ဳိး နပ္တာေပါ့ဗ်ာ။

ဟိတဓရဆရာေတာ္ေလးႏွင့္ ယြန္းဝတီေရႊဆုိင္မိသားစု က်န္းမာခ်မ္းသာ ေဘးရန္ကြာ၍ လိုရာဆႏၵျပည့္ဝပါေစေသာ္…ဝ္။

“ယွန်းဝတီမိသားစု အလှူတော်”

နတ်တော်လဆန်း ၁၃ ရက် (20.12.2018)ရက်နေ့၊ မနက် ၆း၃၀ နာရီ၊ မော်လမြိုင်မြို့၊ ယွန်းဝတီရွှေဆိုင်မိသားစုနေအိမ်မှာ အရုဏ်ဆွမ်းစားပါတယ်။

ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)မိသားစုနှင့် ဓမ္မမိတ်ဆွေတွေကိုလည်း တွေ့ရပါတယ်။
မော်လမြိုင်မြို့ရဲ့ အမျိုးဘာသာ သာသနာရေး အခြေအနေများကို ပြောဖြစ်ကြပါတယ်။ အထူးသဖြင့် နိုင်ငံတော်ပိုင်စာသင်ကျောင်းတွေမှာ သံဃာတော်များ တရားဟောခွင့် မရတော့တဲ့ကိစ္စ ပြောဖြစ်သွားတာပါ။

နှစ်ပေါင်းများစွာ ကျင်းပလာတဲ့ပွဲတွေတောင် ဒီဘက်ခေတ်မှာ ဟောပြောခွင့်မရရှိတော့ပါဘူး။
သီတဂူဆရာတော်ကြီးလို ဒိတ်ဒိတ်ကြဲထေရ်ကြီးဝါကြီးတောင် လက်မခံရဲကြတော့တဲ့အခြေအနေမှာ ဟိတဓရဆရာတော်တို့ အခြားဆရာတော်တို့ဆို ပြောစရာတောင် လိုမယ်မထင်ပါဘူး။
သံံဃာတွေရဲ့ အရိပ်အာဝါသအောက်မှ ကလေးငယ်များကို ခွဲထုတ်နေတာ သိသာပါတယ်။
အင်္ဂလိပ်တွေလုပ်ခဲ့သလို အင်္ဂလိပ်မယားကလည်း လုပ်လာပြီပေါ့ဗျာ။ အထူးသဖြင့် သံဃာတွေရဲ့ အခန်းကဏ္ဍကို လျှော့ချနေတာလား၊ မှေးမှိန်အောင် ပျောက်ကွယ်သွားအောင် လုပ်နေတာလား စဉ်းစားကြည့်နိုင်ပါတယ်။

စာရေးသူကတော့ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေးသိမ်းသွင်းမှုကိုရှင်းပြပြီး လောကီသရဏဂုံ၊ လောကုတ္တရာသရဏဂုံအကြောင်း၊ လောကီသရဏဂုံလေးပါးအကြောင်း ဟောကြားခဲ့ပါတယ်။

ဒေါ်အေးအေးသိန်းတို့ ယွန်းဝတီရွှေဆိုင်မိသားစုက စာရေးသူရဲ့ နဝကမ္မအတွက် ဆယ်သိန်းကျပ်၊ ဝီရသူဖောင်ဒေးရှင်းအတွက် သိန်းနှစ်ဆယ်ကျပ် လှူဒါန်းပါတယ်။ အခြားသော ဓမ္မမိတ်ဆွေများကလည်း စာရေးသူအား နဝကမ္မများ လှူဖွယ်ဝတ္ထုများ လှူဒါန်းကြပါတယ်။
ဒေါ်အေးအေးသိန်းဆိုတာ ဟိတဓရဆရာတော်လေးရဲ့ ရဟန်းဒါယိကာမပါ။

ဟိတဓရဆရာတော်လေးဦးစီးတဲ့ မဟာမြိုင်စာသင်တိုက်ကြီး အောင်ချက်တွေလည်းကောင်း၊ တိုက်တာကြီးလည်း စည်ကား၊ ကျောင်းဆောင်တွေလည်း တိုးနေတာတွေ့ရလို့ ဟိတဓရဆရာတော်လေးရဲ့ ရဟန်းမယ်တော် တော်စပ်ရကျိုး နပ်တာပေါ့ဗျာ။

ဟိတဓရဆရာတော်လေးနှင့် ယွန်းဝတီရွှေဆိုင်မိသားစု ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝပါစေသော်…ဝ်။