သတင်း

ဆဲရင်း ဆဲရင်း နဲ့ ဆင်းရဲသွားတာ

ဆဲရင်း ဆဲရင်း နဲ့ ဆင်းရဲသွားတာ
==========================

“၁၃၇၉ ခုနှစ်၊နတ်တော်လကွယ်နေ့၊မစိုးရိမ်
တိုက်သစ်၊တတိယမဟာနာယကဆရာတော်
ဘဒ္ဒန္တဣန္ဒကာဘိဝံသ၏ သြဝါဒကထာ´´

ပြီးခဲ့တဲ့အပတ်ကလည်း ပြောခဲ့ပြီးပြီ။မေတ္တာ
ဓာတ်တွေများများလွှတ်ဖို့။တို့လွှတ်လိုက်တဲ့
မေတ္တာဓာတ်တွေ မရောက်သေးဘူးထင်တယ်
အဲဒါကြောင့် မေတ္တာဓာတ်တွေ များများလွှတ် ကြ။

အခု…မြန်မာပြည်က ဘာဖြစ်နေတာလဲဆို
တော့ မေတ္တာဓာတ်တွေ နည်းနေကြတာ။
တစ်ဦးနဲ့ တစ်ဦး ဆဲဆို ရန်ဖြစ်နေကြတာနော်။
မြန်မာပြည် ဘာ့ကြောင့်ဆင်းရဲတာလဲမေးရင်
ဟို…လူရွှင်တော်တွေ ပြက်လုံးထုတ်သလိုပြော
ရရင် ”ဆဲရင်း…ဆဲရင်း…ဆင်းရဲသွားကြတာ
တဲ့”။

အဲဒါကြောင့် ကိုရင်တို့ ဦးဇင်းတို့မေတ္တာဓာတ်
တွေ များများပို့လွှတ်ပေးကြ။မေတ္တာဆိုတာ
ပို့လွှတ်သူကိုလည်း ငြိမ်းချမ်းစေတယ်။မေတ္တာခံယူတဲ့သူကိုလည်း ငြိမ်းချမ်းစေတယ်။
စာပေမှာ ”ဝိသာခမထေရ်” ဆိုတာရှိတယ်။
သူက လေးလတစ်ကြိမ် လေးလတစ်ကြိမ် နေ
ရာတစ်နေရာကနေ တစ်နေရာပြောင်းပြီး မေတ္တာဘာဝနာစီးဖြန်းနေလေ့ရှိသတဲ့။တစ်ခါ
မှာတော့ လေးလပြည့်လို့ တစ်ခြားနေရာ
ပြောင်းမယ်ဆိုပြီး လုပ်နေတုန်းမှာ ငိုနေတဲ့
မိန်းမတစ်ယောက်ကိုတွေ့တယ်။
(မြစိမ်း ပင်စောင့်နတ်မ) မထေရ်က
အဲဒီမိန်းမကို ဘာ့ကြောင့်ငိုနေတာလဲမေး
တော့ … အရှင်ဘုရားပြောင်းမှာဖြစ်တဲ့အတွက်
စိတ်မကောင်းလို့ငိုတာပါလို့ဖြေတယ်။ငါ…ဒီ
မှာနေတော့ မင်းတို့ဘာအကျိုးရှိပါသလဲ…မေး
တော့…

”ရှိတာပေါ့ ဘုရား…အရှင်ဘုရားပို့လွှတ်တဲ့
မေတ္တာတွေကြောင့် တပည့်တော်တို့ စိတ်အေး
ချမ်းရပါတယ်။အနီးပတ်ဝန်းကျင်မှာနေတဲ့
ဘီလူး၊ယက္ခ၊ရုက္ခစိုး၊မြေဘုတ် စတဲ့နတ်တွေ
လည်း စိတ်အေးချမ်းမှုရကြပြီး မေတ္တာဓာတ်
တွေ ကိုယ်စီကိုယ်စီကိန်းအောင်းကြတဲ့အ
တွက် ခိုက်ရန်ဒေါသမဖြစ်ကြတော့ဘူးဘုရား။
အရှင်ဘုရားသာ ပြောင်းသွားရင် သူတို့တစ်
တွေ မေတ္တာဓာတ်တွေခေါင်းပါးပြီး ခိုက်ရန်
ဒေါသတွေဖြစ်ကြတော့ ဒီနေရာဟာငြိမ်းချမ်း
မှာမဟုတ်တော့ဘူးဘုရား။အဲဒါကြောင့် စိတ်
မကောင်းဖြစ်ပြီး ငိုရတာဖြစ်တယ်လို့ လျှောက်
သတဲ့။”

ဒီတော့ မထေရ်လည်း တစ်ခြားနေရာကိုမ
ပြောင်းပဲ နောက်ထပ်လေးလတိုင်အောင်
အဲဒီတောထဲမှာပဲ သီတင်းသုံးပြီး မေတ္တာ
ဘာဝနာကို စီးဖြန်းအားထုတ်နေတယ်။လေး
လပြည့်လို့ ပြောင်းမယ်လုပ်တော့ အဲဒီမိန်းမ
ကထပ်ငိုပြန်တယ်။အဲဒါကြောင့် မထေရ်လည်
း တစ်ခြားနေရာမပြောင်းပဲ အဲဒီတောမှာပဲ
မေတ္တာဘာဝနာကိုဆက်လက်ပြီး ပွားများအား
ထုတ်နေပြန်ရတယ်။ဒီလိုနဲ့ မထေရ်ဟာ
ရဟန္တာဖြစ်ပြီး သူသီတင်းသုံးတဲ့တောဟာ
လည်း ငြိမ်းချမ်းနေပါတယ်။

အင်္ဂုတ္ထိုရ်မှာတော့ မေတ္တာဘာဝနာနဲ့ပတ်သတ်
ပြီး ”လက်ဖျက်တစ်တွက်တီးမျှ ပွားများနေ
ရင်ကို အကျိုးကြီးတယ်”လို့ဟောထားတယ်
ဟို…ဝေလာမသုတ်မှာတော့ ”နွားနို့တစ်ညှစ်၊
နံ့သာတစ်ရှို က်”လို့ စကားလုံးပြောင်းသုံး
ထားတာ တွေ့ရတယ်။အဓိပ္ပါယ်ကတော့ အ
တူတူပဲ။

အဲဒီသုတ်မှာပဲ ဟောထားတာက အလုံးစုံသော
ဒါနအမှုထက် သရဏဂုံဆောက်တည်တာပို
မြင့်မြတ်တယ်။သရဏဂုံထက် ငါးပါးသီလ
ဆောက်တည်တာ ပိုမြင့်မြတ်တယ်။ငါးပါးသီ
လထက် လက်ဖျက်တစ်တွက်မျှ မေတ္တာဘာ
ဝနာပွားများတာ ပိုမြင့်မြတ်တယ်လို့ ဟော
ထားတယ်။အဲဒါကြောင့် ကိုရင် ဦးဇင်းတို့
မေတ္တာဘာဝနာကို စီးဖြန်းပြီးတော့နေကြ။
မေတ္တာဘာဝနာဟာ မိမိသန္တာန်ကိုလည်းငြိမ်း
ချမ်းစေတယ်။သူတစ်ပါးတွေကိုလည်းငြိမ်း
ချမ်းစေတယ်။နေ့တိုင်း ပေစ္စဝေက္ခဏာမ
ဆင်ခြင်နိုင်ဘူးဆိုရင် ညအိပ်ယာဝင်ခါနီး
မေတ္တာပို့ပြီးမှအိပ်ကြ။ပေစ္စဝေက္ခဏာမဆင်
ခြင်ပဲ ဘုဉ်းပေးသုံးဆောင်တာ ဣဏပရိဘော
ဂ=ကြွေးယူပြီးသုံးတာတဲ့။မေတ္တာဘာဝနာ
စီးဖြန်းပြီးသုံးဆောင်တော့ ကိုယ့်အတွက်လည်
း ဣဏပရိဘောဂမဖြစ်တော့ဘူး။လှူ ဒါန်းတဲ့
ဒကာ ဒကာမတွေလည်းအကျိုးကျေးဇူးများ
တဲ့အတွက် အမြတ်ဆုံးသုံးဆောင်ခြင်းလို့
ဆိုရမယ်။

ဟိုရှေးခေတ်က သံဗျင်မင်းသမီးဆိုတာ…ရဟန်းတော်တွေကို စာပေသင်ကြားပေး
နိုင်လောက်တဲ့ ပညာအရည်အချင်းနဲ့ပြည့်
စုံတယ်။သူက စာဝါလာချတဲ့အခါ ဝေါကြီး
နဲ့လာတာပေါ့။အဲဒီမှာ ဝေါထမ်းတဲ့လူတွေ
ကို ” နင်တို့ အရင်ဘဝကပေစ္စဝေက္ခဏာ
မဆင်ခြင်ခဲ့လို့ ဝေါထမ်းလာဖြစ်တာ”ထမ်း
ကြလို့ပြောသတဲ့။သူပြောချင်တာက အကြွေး
လာဆပ်ရတယ်ဆိုတဲ့သဘောပါ။အဲဒါကြောင့်
ကိုရင် ဦးဇင်းတို့လည်း ဝေါထမ်းပြီးအကြွေးမ
ဆပ်ရအောင် မေတ္တာဘာဝနာကို စီဖြန်းကြ။

အခုခေတ်က ခက်တော့ခက်တယ်။ပရဟိတ
လုပ်မှ ဘာလုပ်မှ နိုင်ငံရေးလုပ်တယ်ထင်နေ
ကြတာ။တို့…မစိုးရိမ်ဆရာတော်ကြီးက ပြော
ဖူးတယ်။”လူတွေက စင်ပေါ်တက်ပြီး လက်
သီး လက်ရုံးတန်းပြီး ဟောနိုင်ပြောနိုင်မှ နိုင်
ငံရေးလုပ်တယ်ထင်နေကြတာ”။အမှန်က
လယ်လုပ်တဲ့သူလည်း သူ့လယ်သူလုပ်နေ
ရင် နိုင်ငံရေးလုပ်နေတာပဲ။စစ်သားလည်း
သူစစ်မှု သူထမ်းနေရင် နိုင်ငံရေးလုပ်တာပဲ။
ဘုန်းကြီးလည်း သူ့အလုပ်သူလုပ်နေရင်
နိုင်ငံရေးလုပ်နေတာပဲတဲ့။လယ်သမားက
လယ်မလုပ်ရင် တစ်ခြားပြည်သူပြည်သား
တွေ ဘာနဲ့သွားစားမလဲ။အဲဒါ နိုင်ငံရေးလုပ်
တယ်ခေါ်တယ်။ဒါကြောင့် ကိုရင် ဦးဇင်းတို့
ကိုယ့်အလုပ်ကိုယ်သာလုပ်ကြ။ဘာမှအား
မငယ်နဲ့။အဲဒါ နိုင်ငံရေးလုပ်နေတာကွလို့
လက်မထောင်ပြောလို့ရတယ်။

အဲဒါကြောင့် ကိုရင် ဦးဇင်းတို့ ကိုယ့်အလုပ်ကို
လုပ်ရင်း မေတ္တာဘာဝနာတွေစီးဖြန်းလို့ မိမိ
သူတစ်ပါးအကျိုးစီးပွားကို ရွတ်ဆောင်နိုင်
သောသူတော်ကောင်းများဖြစ်ကြပါစေ…လို့
ဆုတောင်းပေးရင် သြဝါဒကထာကို အဆုံး
သတ်ပါတယ်။

မှတ်ချက်။ ။ဆရာတော်ပေးသော သြဝါဒ
ကထာကို ဆီလျှော်သလို ပြန်လည်ရေးသား
ပူဇော်လိုက်ပါသဖြင့် မပြည့်စုံနိုင်ကြောင်း
ဝန်ခံအပ်ပါသည်။

အာစရိယဂုဏော အနန္တောကို ဤစာစုဖြင့်
ရေးသားပူဇော်အပ်ပါသည်။

စကားချပ်။ ။ ဝိသာခမထေရ်အကြောင်းကို
ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၊ဗြဟ္မဝိဟာရနိဒ္ဒေသ
မဟာဗုဒ္ဓဝင် ပထမတွဲ။ပထမပိုင်း။အနုဒီပနီ
တို့၌ လေ့လာနိုင်သည်။

အရှင်ဂန္ဓမာ(မစိုးရိမ်တိုက်သစ်)
17-12-2017.