သတင်း

တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တစ်ပါတီကို မုန်းရမယ်ဆိုတဲ့ခံယူချက်ကြီးကလည်း အမျိုးသားရေးအမြင် မဟုတ်ပါဘူး(၂-နိဂုံး)

 

မေး – ဒီရက်ပိုင်းမှာပဲ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက် ထုတ်ပြန်ချက်တွေ ထွက်လာတာတွေ့ပါတယ်ဘုရား။
နယ်စပ် တည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက် ၁၉၈၀ နယ်စပ်ဒေသ သဘောတူညီချက်ကို အကောင်အထည် ဖော်ဖို့၊ ဒေသအဆင့်အလိုက်၊ လုပ်ပိုင်ခွင့် အပ်နှင်းထားတဲ့ အာဏာပိုင် အလိုက်၊ ဝန်ကြီးအဆင့်အလိုက် အချိန်ကာလအပိုင်းအခြားနဲ့ ဆွေးနွေးပွဲတွေ
လုပ်ဖို့ ၊အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး သဘောတူညီချက် လက်မှတ်ရေးထိုးမှုကို စဉ်းစားသုံးသပ်ပြီး ဆောင်ရွက်ဖို့၊
ရခိုင်ဒေသကနေ စွန့်ခွာထွက်ပြေးသူတွေ ပြန်လည် ခေါ်ယူရေး နှစ်နိုင်ငံ သဘောတူညီချက်ကို အပြီးသတ် ဆောက်ရွက်ဖို့် ဆိုတဲ့ အချက်တွေလည်းပါဝင်ပါတယ်ဘုရား။
အဲဒီအပေါ်မှာ အရှင်ဘုရားဘယ်လိုသုံးသပ်ပါသလဲဘုရား။ အရှင်ဘုရားရဲ့သုံးသပ်ချက်ကို သိချင်ပါတယ်ဘုရား။

ဖြေ – ဆယ်ချက်စလုံးတော့ ဦးဇင်း မြန်မာလိုဖတ်ပြီးပြီပေါ့။ အငြင်းပွားနေတဲ့ နံပါတ် ၇ ကိုလည်း အင်္ဂလိပ်မူရင်းရှာပြီးတော့ ဖတ်ကြည့်ပြီးပြီပေါ့နော့။
မျှတတယ်လို့ပဲ ပြောရမှာပေါ့။ အဲဒါကိုတော့ ဦးဇင်းတို့က လက်ခံပါတယ်။

မေး- နောက်တစ်ခု သိချင်တာက Facebook မှာ သတင်းမှားဖြန့်တဲ့ကိစ္စပေါ့ဘုရား၊
သီတဂူဗုဒ္ဓတက္ကသိုလ်မှာ လက်နက်တွေမိတယ်တို့၊ င်္ခေနဘသသု သုံးရင်အခွန်ကောက်မယ်ဆိုတဲ့ကိစ္စ၊
အဲဒီသတင်းတွေကိုပဲ ယုံကြတဲ့သူတွေလည်း ရှိတယ်ပေါ့ဘုရား။
အရှင်ဘုရားဆိုရင် အရှင်ဘုရားနာမည်နဲ့ အကောင့်အတုတွေနဲ့ အများကြီးနဲ့ ရေးချင်ရာရေးတယ်၊
တချို့တွေကလည်း အဲဒါတွေကို ဖတ်ပြီး ယုံကြ၊ အရှင်ဘုရားကို မုန်းကြဆဲကြပေါ့ဘုရား။
Facebook ပေါ်မှာ သတင်းမှားတွေပျံ့တဲ့ကိစ္စ၊ အကောင့်အတုတွေနဲ့ တိုက်ခိုက်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး
ဘာများပြောချင်ပါသလဲဘုရား။

ဖြေ – Cyber Police တွေရှိတယ်၊ တကယ်တမ်းဆို ဒါတွေက Cyber Policeတွေရဲ့ တာဝန်ပေါ့နော့။
Cyber Policeတွေက ကိုယ့်ကိုတိုင်မှ အရေးယူတာမျိုးဆိုတဲ့အခါကျတော့ သူတို့ဆီတိုင်စာ မရောက်သေးရင် ရှိနေဦးမှာပဲ။
Cyber Police တွေကို ထိန်းချုပ်တဲ့ အုပ်ချုပ်သူ တာဝန်ရှိသူတွေရဲ့ အပေါ်မှာ မူတည်တာပေါ့။

Facebook Teamဆိုတာလည်း ရှိတယ်။ သူကလည်း ဒါတွေကို အရေးယူရင် ရတာပဲလေ။
ဒါပေမယ့်လို့ သူတို့မှာက ၀ီရသူအကောင့်တုတွေ များစွာပေါ်လည်း ကိစ္စမရှိဘူး။

အကောင့်တုများလေ ၀ီရသူကို အကြည်ညိုပျက်သူတိုးလေဆိုတဲ့ပုံစံမျိုးနဲ့ လွှတ်ထားတာတွေလည်းရှိတယ်။
နောက်ပြီးတော့ သူတို့အထိမခံတဲ့ သူကြီးဆို လုံးဝအထိမခံဘူး။ နည်းနည်းလေးမှ အဝေဖန်မခံဘူး။

ဝေဖန်ရင်Reportတွေဝိုင်းထုတာတို့ဘာတို့ ၀ိုင်းလုပ်ကြတာပေါ့နော်။
ခု နောက်ဆုံးတွေ့ရတဲ့နည်းကျတော့ Follower တွေကို ခြွေခြွေပစ်တာပေါ့နော်။

တစ်ပင်လုံး ပြွတ်နေအောင် သီးနေတဲ့အသီးတွေကို အကုန်လုံးမခြွေနိုင်တဲ့အခါကျတော့ ကိုင်းဖျားကိုင်းနားကနေ
လိုက်ခြွေသလိုမျိုး ဒီ Follower ပရိသတ်တွေကို အသီးခြွှေသလို လိုက်ခြွေနေတာလည်း တွေ့ရတာပေါ့။

နောက် ဦးဇင်းတို့လို ဝေဖန်တဲ့အခါမှာ မထောက်မညှာဝေဖန်တဲ့ ပုံတွေတင်လို့ ခြွေတယ်ပြုတယ်ဆိုရင်လည်း တစ်မျိုးပေါ့။
အခုဟာက မြင့်ဇော်ဆိုတဲ့ အကောင့်ဆိုရင် Live လွှင့်တာ အပိတ်ခံထားရတယ်။ Fllower တွေ အခြွေခံနေရတယ်။ အဲဒါမျိုးလုပ်နေတဲ့အခါကျတော့ ဒီ Facebook Team ဟာ မျှတမှုမရှိတော့ဘူးပေါ့။

ဒါတွေလည်း Cyber Police တွေမှာတာဝန်ရှိတယ်။ သူတို့ရဲ့အထက်က လူတွေမှာတာဝန်ရှိတယ်။ Facebook Team မှာတာဝန်ရှိတယ်။
အစိုးရမှာလည်းပဲ တာဝန်ရှိလိမ့်မယ်လို့ ပြောချင်တာပေါ့နော်။

မေး – မဟာအောင်မြေမြို့နယ်၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ တွဲဖက်ရွှေကျင်သာသနာပိုင် သက်တော်(၈၀)ကျော် သူဌေးတန်းကျောင်းဆရာတော်ကြီးက သူရဲ့ ရဟန်းသိက္ခာများကို မကျိုးပေါက်အောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့လို့ ရဟန်းသီလဖြူစင်သန့်ရှင်းခဲ့တယ်။
အဲဒီသစ္စာစကားကြောင့် ဦးဝီရသူအပေါ်ကျရောက်ဆဲ ကျရောက်လတ္တံ့သော ဘေးဥပါဒ်အန္တရာယ်များ ကင်းဝေးစေဆိုပြီး သစ္စာပြုဆုတောင်းပေးတာ တွေ့ရပါတယ်ဘုရား။ တပည့်တော်သိချင်တာက တခြားတခြားသော သက်ကြီးဝါကြီးဆရာတော်ကြီးတွေက အရှင်ဘုရား ဂရုစိုက်စောင့်ရှောက်တာနဲ့ပတ်သက်ပြီး ဘယ်လိုများ ခံစားရပါသလဲဘုရား။

ဖြေ – ဦးဇင်းအနေနဲ့တော့ ပြောမပြတတ်လောက်အောင် ပီတိဖြစ်ခဲ့တာပေါ့နော်။ ဒါက ကိုယ့်ဆရာသမားလို ရင်းနှီးနေလို့၊ တွဲဖက်ရွှေကျင်သာသနာပိုင် ဆရာတော်ကြီးက အဲဒီလို သစ္စာဆို ဆုတောင်းပေးတာပေါ့။ တစ်ကြိမ်တစ်ခါလောက်ပဲ တွေ့ခဲ့ရတဲ့ ဆရာတော်ကြီးတွေလည်း သူဌေးတန်းဆရာတော်ကြီးလိုပါပဲ ဦးဇင်းအပေါ်မေတ္တာထားကြတယ်။ မလှိုင် ပန်းအိုင်ဆရာတော်ကြီးဆိုရင် ဦးဇင်းလာတဲ့အခါကျတော့ သံဃာတွေရော သူရောက မေတ္တာသုတ်ရွတ်ပြီး ဆုတောင်းပေးတာပေါ့နော်။

ဦးဇင်းက တရားနာပရိသတ်လို လက်အုပ်လေးချီပြီး ဆရာတော်သံဃာတော်တွေရဲ့ မေတ္တာကို ခံယူရတာပေါ့။ အဲဒီလိုပါပဲ၊ အရေးအကြောင်းရှိတယ်ဆိုရင် ဟိုဆရာတော်ကြီးတွေက စာနဲ့ပို့ပြီး အားပေး၊ ဒီဆရာတော်ကြီးတွေက ဖုန်းနဲ့ဆက်ပြီးအားပေး၊ လူကိုယ်တိုင်ကြွပြီး အားပေးတဲ့ဆရာတော်ကြီးတွေကလည်း အများကြီးရှိတာပေါ့နော်။ အဲဒီလို ဆရာတော်ကြီးတွေဟာ ဦးဇင်းအတွက်တော့ ဧရာမတံတိုင်းကြီးတွေပါပဲ။

တစ်လောကလုံးမှာ ဦးဇင်းလောက်အတိုက်အခံများတာ၊ ဦးဇင်းလောက် အန္တရာယ်များတာ၊ ဦးဇင်းလောက် အလုပ်ကြံခံရတာ မရှိသလောက်ပဲလေ။
မီဒီယာနဲ့ လုပ်ကြံတာတွေနဲ့တင် ကျဆုံးနိုင်တာပေါ့နော့။ အဲဒီလို မကျဆုံးဘဲ အခုချိန်ထိ ၀ီရသူဆိုပြီး ရပ်တည်နေနိုင်တာ ဒီဆရာတော် သံဃာတော်ကြီးတွေရဲ့ မေတ္တာဓာတ်တွေကြောင့်ပေါ့နော့။

မေး – လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေတွေကိုကြည့်ပြီးတော့ လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်နိုင်ရေးအတွက် အရေးအကြီးဆုံးက ဘာဖြစ်မယ်လို့ သုံးသပ်ပါသလဲဘုရား။

ဖြေ – လက်ရှိ မြန်မာနိုင်ငံအမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအတွက် အရေးအကြီးဆုံးကတော့ သတိနဲ့ ၀ီရိယပဲ။ စားလည်း သတိနဲ့ စားမှရတော့မှာ။
အိပ်လည်း သတိနဲ့ အိပ်မှ ရတော့မှာ။ ဘာကြောင့်တုန်းဆိုတော့ အဖျက်အင်အားစုက များပြားတဲ့အတွက်ကြောင့် ဘယ်လိုပုံစံနဲ့ဖျက်မယ်ဆိုတာကို
ကြိုတွေးလို့ မရနိုင်ဘူး။ ဒါကြောင့်မို့ ဦးဇင်းအနေနဲ့ပြောချင်တာက သံဃာတော်တွေမှာ အဓိကတာဝန်ရှိပါတယ်။ ၂၄ နာရီ စားသတိ၊သွားသတိ သတိဝီရီယရှိကြပါ။

ပြည်သူလူထုကလည်း တစ်ဦးချင်းတစ်ယောက်ချင်းစီ သတိဝီရိယရှိကြပါ။ အခုဟာက လုပ်ပိုင်ခွင့်ရတဲ့သူတွေဆီမှာ အဖျက်စွမ်းအားတွေအပြည့်ရှိပြီးတော့
အဖျက်လက်နက်တွေ အပြည့်အ၀ကိုင်ဆွဲထားလို့ပါလို့ ပြောချင်တာပေါ့နော်။

မေး- နိဂုံးချုပ်အနေနဲ့ အမျိုးသားရေးသမားတွေအတွက် သြ၀ါဒစကားလေးမိန့်ကြားပေးပါဦးဘုရား။

ဖြေ – အမျိုးသားရေးသမားတွေလည်း သတိဝီရယရှိကြပါ။ ကိုယ်က ပိုပြီး သတိဝီရယလိုအပ်ပါတယ်။ အမျိုး ဘာသာ သာသနာကို ကာကွယ်နိုင်ဖို့ သတိ ၀ီရယ လိုအပ်သလို မိမိကိုယ်တိုင် အန္တရာယ်ကင်းဖို့အတွက်လည်း သတိဝီရယလိုအပ်တယ်။ ဒါကြောင့် မိမိလုံခြုံရေးနှင့် အမျိုးဘာသာ သာသနာလုံခြုံရေးအတွက် အကောင်းဆုံး ဖြစ်အောင် နိုးနိုးကြားကြားနေထိုင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

ငြိမ်းချမ်းသာ(ဆက်သွယ်မေးမြန်းသည်။)