သတင္း

ထုိင္းႏိုင္ငံခရီးစဥ္ (၅)”

ဝါေခါင္လျပည့္ေက်ာ္ ၁ ရက္ (27.8.2018) ရက္ေန႔၊ မနက္အေစာထၿပီး ေက်ာင္းဝင္းအတြင္း လွည့္လည္ၾကည့္ရႈပါတယ္။အင္မတန္သာယာတဲ့ေနရာေလးပါ။

ဆရာေလးေတြ တရားထုိင္ေနခ်ိန္မွာ ဆြမ္းအလွဴရွင္မ်ားက ဆြမ္းပြဲျပင္ဆင္ေနပါတယ္။ဆရာေလးေတြ တရားထုိင္အၿပီးမွာ ဆြမ္းကပ္ၾကပါတယ္။ထုိင္းထမင္းဟင္း စားလုိ႔ေကာင္းပါတယ္။ေက်ာင္းေဆာင္အေပၚထပ္ လုိက္လံၾကည့္ရႈၿပီး အေမရိကန္လူမ်ဳိး ထုိင္းဆရာေတာ္ႀကီးထံ သြားၾကပါတယ္။ဆရာေတာ္ႀကီးက ဂူထဲမွာ တစ္ပါးတည္း သီတင္းသံုးေနတာပါ။စာေရးသူတုိ႔အဖြဲ႔ကို အျပင္ထြက္ေတြ႔ပါတယ္။

ဘုရားေဟာဝိပႆနာတရား ေတာ္ေတာ္မ်ားမ်ားကို ထုိင္း-အဂၤလိပ္ ႏွစ္ဘာသာျဖင့္ ဆုိင္းဘုတ္ေတြ ခ်ိတ္ဆြဲထားတာ ေတြ႔ရပါတယ္။ဆရာေတာ္ႀကီးကို ေက်ာက္စီပန္းခ်ီကား ဘုရားပုံေတာ္ လွဴဒါန္းခဲ့ပါတယ္။ဆရာေတာ္ႀကီးက အားရဝမ္းသာ ျဖစ္ေနပါတယ္။ဒကာ ဒကာမေတြ သီလရွင္ဆရာေလးေတြ တရားဓမၼႏွင့္ပတ္သက္တာေတြ ေမးျမန္းၾက ေျဖၾကားၾက ေဆြးေႏြးၾကနဲ႔ အေတာ္ႀကီးကို ၾကည္ႏူးစရာေကာင္းပါတယ္။

“ထိုင်းနိုင်ငံခရီးစဉ် (၅)”

ဝါခေါင်လပြည့်ကျော် ၁ ရက် (27.8.2018) ရက်နေ့၊ မနက်အစောထပြီး ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုပါတယ်။ အင်မတန်သာယာတဲ့နေရာလေးပါ။ ဆရာလေးတွေ တရားထိုင်နေချိန်မှာ ဆွမ်းအလှူရှင်များက ဆွမ်းပွဲပြင်ဆင်နေပါတယ်။

ဆရာလေးတွေ တရားထိုင်အပြီးမှာ ဆွမ်းကပ်ကြပါတယ်။ ထိုင်းထမင်းဟင်း စားလို့ကောင်းပါတယ်။ ကျောင်းဆောင်အပေါ်ထပ် လိုက်လံကြည့်ရှုပြီး အမေရိကန်လူမျိုး ထိုင်းဆရာတော်ကြီးထံ သွားကြပါတယ်။

ဆရာတော်ကြီးက ဂူထဲမှာ တစ်ပါးတည်း သီတင်းသုံးနေတာပါ။ စာရေးသူတို့အဖွဲ့ကို အပြင်ထွက်တွေ့ပါတယ်။ ဘုရားဟောဝိပဿနာတရား တော်တော်များများကို ထိုင်း-အင်္ဂလိပ် နှစ်ဘာသာဖြင့် ဆိုင်းဘုတ်တွေ ချိတ်ဆွဲထားတာ တွေ့ရပါတယ်။

ဆရာတော်ကြီးကို ကျောက်စီပန်းချီကား ဘုရားပုံတော် လှူဒါန်းခဲ့ပါတယ်။ ဆရာတော်ကြီးက အားရဝမ်းသာ ဖြစ်နေပါတယ်။ ဒကာ ဒကာမတွေ သီလရှင်ဆရာလေးတွေ တရားဓမ္မနှင့်ပတ်သက်တာတွေ မေးမြန်းကြ ဖြေကြားကြ ဆွေးနွေးကြနဲ့ အတော်ကြီးကို ကြည်နူးစရာကောင်းပါတယ်။