သတင္း

ႏိုင္ငံေတာ္အၾကည္ညဳိပ်က္ေစမႈျဖင့္ ေထာင္က်ခဲ့သည့္ ရဟန္းေျခာက္ပါး ျပန္လြတ္

မႏၲေလး၊ စက္တင္ဘာ ၃အစိုးရကိုဆန႔္က်င္သည့္ သပိတ္စခန္းဖြင့္ခဲ့၍ နိုင္ငံေတာ္အၾကည္ညိုပ်က္ေစမႈျဖင့္ ေထာင္ဒဏ္တစ္ႏွစ္ခြဲ ခ်မွတ္ခံခဲ့ရေသာ ရဟန္းေျခာက္ပါး စက္တင္ဘာလ ၃ ရက္ေန႕က အိုးဘိုေထာင္မွေန၍ လြတ္ေျမာက္လာခဲ့ၿပီ ျဖစ္သည္။၎တို႔ႏွင့္အမႈတြဲတစ္ခုတည္းတြင္ပါဝင္ေနၿပီး ဖမ္းဝရမ္းထုတ္ခံထားရသည့္ ရဟန္းႏွစ္ပါးႏွင့္ လူေလးဦးတို႔၏ ဝရမ္းမ်ားကို ႐ုပ္သိမ္းေပးရန္ ေတာင္းဆိုသြားမည္ျဖစ္ေၾကာင္း လြတ္ေျမာက္လာသည့္ရဟန္းမ်ားက ေျပာဆိုသည္။

“ဒီမိုကေရစီအစိုးရဆိုၿပီး တက္လာတဲ့အစိုးရက ျပည္သူျပည္သားတစ္ေယာက္ရဲ႕လြတ္လပ္ခြင့္၊ ေဟာေျပာခြင့္နဲ႕ ေရးသားထုတ္ေဝခြင့္ေတြအားလုံးကိုပိတ္ပင္တာဟာ ဒီမိုကေရစီအစိုးရမဆန္ဘဲ စစ္အစိုးရပုံစံျဖစ္ေနတယ္။ ေနာက္ၿပီး သပိတ္စခန္းမွာပါတယ္ဆိုၿပီး ဖမ္းဝရမ္းထုတ္ခံရတဲ့ သံဃာႏွစ္ပါးနဲ႕ လူပုဂၢိဳလ္ေလးဦးကို ၀ရမ္းကေန ပယ္ဖ်က္ေပးဖို႔ ေတာင္းဆိုသြားမယ္” ဟု အက်ဥ္းေထာင္မွ ျပန္လည္လြတ္ေျမာက္လာသည့္ ေတာင္သာေလးဆရာေတာ္ ဦးအဂၢဓဇက မိန႔္ၾကားခဲ့သည္။
၂၀၁၇ ခုႏွစ္ ဩဂုတ္ ၂ ရက္ေန႕ကအစိုးရဆန႔္က်င္ေရး သပိတ္စခန္းဖြင့္ခဲ့ၿပီး ၅ ရက္ေန႕တြင္ ဖမ္းဆီးခံခဲ့ရကာ နိုင္ငံေတာ္ အၾကည္ညိုပ်က္ေစမႈ ပုဒ္မ ၅၀၅(ခ)ျဖင့္ တရားစြဲဆိုခံခဲ့ရၿပီး ယင္းႏွစ္ ဒီဇင္ဘာလ ၂၇ ရက္ေန႕က ေထာင္ဒဏ္ တစ္ႏွစ္ခြဲခ်မွတ္ခံခဲ့ရျခင္းျဖစ္သည္။ထိုစဥ္ကလည္း ခ်ဳပ္ရက္မ်ားကို ထုတ္ႏုတ္ခံစားခြင့္ရခဲ့ၿပီး ေထာင္တြင္းျပစ္မႈမရွိေသာေၾကာင့္ ေလွ်ာ့ရက္ခံစားခြင့္မ်ား ထပ္မံရရွိကာ ငါးလခန႔္က်န္ရွိေနေသးခ်ိန္တြင္ ျပန္လည္လြတ္ေျမာက္လာခဲ့ျခင္းျဖစ္သည္။
ယင္းအမႈတြဲတြင္ပါဝင္သည့္ ဦးေက်ာ္မ်ိဳးေ႐ႊကို ၿပီးခဲ့သည့္ ဇူလိုင္လ ၂၅ ရက္ေန႕တြင္ ခ်မ္းျမသာစည္ၿမိဳ႕နယ္ တရား႐ုံးက ေထာင္ဒဏ္တစ္ႏွစ္ခြဲ ခ်မွတ္ခဲ့သည္။ သပိတ္စခန္းဖြင့္လွစ္ရာတြင္ပါဝင္ခဲ့သျဖင့္ ဖမ္းဝရမ္းထုတ္ခံထားရသည့္ သံဃာႏွစ္ပါးမွာ ဦးစႏၵာသီရိႏွင့္ ဦးပၪၥင္းရခိုင္တို႔ျဖစ္ၿပီး လူပုဂၢိဳလ္မ်ားမွာ ဦးျမင့္ဦး၊ ဦးခင္ေမာင္ၾကည္၊ ေဂ်ႀကီးႏွင့္ ေခ်ာစုဝင္းတုိ႔ျဖစ္ေၾကာင္း ယင္းၿမဳိ႕နယ္တရားရုံးထံမွ သိရသည္။
သံဃာေျခာက္ပါး ျပန္လည္လြတ္ေျမာက္လာသည့္ စက္တင္ဘာလ ၃ ရက္ေန႕တြင္ မစိုးရိမ္ေတာ္သစ္ရွိ ဆရာေတာ္ ဝီရသူ၏ေက်ာင္းတြင္ အမ်ိဳးသားေရးတက္ႂကြလႈပ္ရွားေသာ သံဃာေတာ္မ်ားႏွင့္ လူပုဂၢိဳလ္မ်ားက အခမ္းအနားျဖင့္ ႀကိဳဆိုခဲ့ၾကသည္။
M-04The Voice4.9.2018

“နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထောင်ကျခဲ့သည့် ရဟန်းခြောက်ပါး ပြန်လွတ်”

မန္တလေး၊ စက်တင်ဘာ ၃
အစိုးရကိုဆန့်ကျင်သည့် သပိတ်စခန်းဖွင့်ခဲ့၍ နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ်တစ်နှစ်ခွဲ ချမှတ်ခံခဲ့ရသော ရဟန်းခြောက်ပါး စက်တင်ဘာလ ၃ ရက်နေ့က အိုးဘိုထောင်မှနေ၍ လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။
၎င်းတို့နှင့်အမှုတွဲတစ်ခုတည်းတွင်ပါဝင်နေပြီး ဖမ်းဝရမ်းထုတ်ခံထားရသည့် ရဟန်းနှစ်ပါးနှင့် လူလေးဦးတို့၏ ဝရမ်းများကို ရုပ်သိမ်းပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း လွတ်မြောက်လာသည့်ရဟန်းများက ပြောဆိုသည်။
“ဒီမိုကရေစီအစိုးရဆိုပြီး တက်လာတဲ့အစိုးရက ပြည်သူပြည်သားတစ်ယောက်ရဲ့လွတ်လပ်ခွင့်၊ ဟောပြောခွင့်နဲ့ ရေးသားထုတ်ဝေခွင့်တွေအားလုံးကိုပိတ်ပင်တာဟာ ဒီမိုကရေစီအစိုးရမဆန်ဘဲ စစ်အစိုးရပုံစံဖြစ်နေတယ်။ နောက်ပြီး သပိတ်စခန်းမှာပါတယ်ဆိုပြီး ဖမ်းဝရမ်းထုတ်ခံရတဲ့ သံဃာနှစ်ပါးနဲ့ လူပုဂ္ဂိုလ်လေးဦးကို ဝရမ်းကနေ ပယ်ဖျက်ပေးဖို့ တောင်းဆိုသွားမယ်” ဟု အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် တောင်သာလေးဆရာတော် ဦးအဂ္ဂဓဇက မိန့်ကြားခဲ့သည်။

၂၀၁၇ ခုနှစ် ဩဂုတ် ၂ ရက်နေ့ကအစိုးရဆန့်ကျင်ရေး သပိတ်စခန်းဖွင့်ခဲ့ပြီး ၅ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရကာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခံခဲ့ရပြီး ယင်းနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က ထောင်ဒဏ် တစ်နှစ်ခွဲချမှတ်ခံခဲ့ရခြင်းဖြစ်သည်။
ထိုစဉ်ကလည်း ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့်ရခဲ့ပြီး ထောင်တွင်းပြစ်မှုမရှိသောကြောင့် လျှော့ရက်ခံစားခွင့်များ ထပ်မံရရှိကာ ငါးလခန့်ကျန်ရှိနေသေးချိန်တွင် ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

ယင်းအမှုတွဲတွင်ပါဝင်သည့် ဦးကျော်မျိုးရွှေကို ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့တွင် ချမ်းမြသာစည်မြို့နယ် တရားရုံးက ထောင်ဒဏ်တစ်နှစ်ခွဲ ချမှတ်ခဲ့သည်။ သပိတ်စခန်းဖွင့်လှစ်ရာတွင်ပါဝင်ခဲ့သဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည့် သံဃာနှစ်ပါးမှာ ဦးစန္ဒာသီရိနှင့် ဦးပဉ္စင်းရခိုင်တို့ဖြစ်ပြီး လူပုဂ္ဂိုလ်များမှာ ဦးမြင့်ဦး၊ ဦးခင်မောင်ကြည်၊ ဂျေကြီးနှင့် ချောစုဝင်းတို့ဖြစ်ကြောင်း ယင်းမြို့နယ်တရားရုံးထံမှ သိရသည်။

သံဃာခြောက်ပါး ပြန်လည်လွတ်မြောက်လာသည့် စက်တင်ဘာလ ၃ ရက်နေ့တွင် မစိုးရိမ်တော်သစ်ရှိ ဆရာတော် ဝီရသူ၏ကျောင်းတွင် အမျိုးသားရေးတက်ကြွလှုပ်ရှားသော သံဃာတော်များနှင့် လူပုဂ္ဂိုလ်များက အခမ်းအနားဖြင့် ကြိုဆိုခဲ့ကြသည်။

M-04
The Voice
4.9.2018