Daily Archives: September 4, 2018

သတင်း

အိုးဘိုပြန် အမျိုးသားရေးညီနောင်များအား ကြိုဆိုပွဲ

ဝါခေါင်ပြည့်ကျော် ၈ ရက် (3.9.2018)ရက်နေ့၊ မနက် ၆း၀၀ နာရီ၊ အိုးဘိုထောင်မှ ဌာနပိုင်ဂျစ်ကားဖြင့် သဟာယကျောင်းအထိ လိုက်ပို့ပါတယ်။ ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ ပုဂံ၊ ပေါက် မြို့များမှ အမျိုးသားရေးညီအစ်ကိုမောင်နှမများ လာရောက်ကြိုဆိုကြပါတယ်။ ဆရာတော်သံဃာတော်များအား ဖူးမြော်ပူဇော်ပြီးတဲ့အခါ စာရေးသူက ဖိုးသူတော်ဝတ်စုံ လှူဒါန်းပါတယ်။ သံဃနာယကထံ ခွင့်ပန်ပြီးမှ သင်္ကန်းပြန်စည်းရမှာဖြစ်လို့ ရဟန်းခံမည့် ဝါခေါင်လကွယ်နေ့အထိ ဖိုးသူတော်ဝတ်စုံနဲ့ပဲ နေကြရမှာပါ။ အိုးဘိုပြန်ကိုယ်တော်လေးများက လာရောက်ကြိုဆိုကြသူများအား နှုတ်ခွန်းဆက် မိတ်ဆက်စကား သြဝါဒများ မိန့်ကြားကြပါတယ်။ ဧည့်ပရိသတ်များအား စာရေးသူက မုန့်ဟင်းခါးကျွေးကာ သံဃာတော်များ နေ့ဆွမ်းကပ်ပါတယ်။ ရဟန်းခံမည့်နေ့ရက် နေရာနှင့် ...
သတင်း

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထောင်ကျခဲ့သည့် ရဟန်းခြောက်ပါး ပြန်လွတ်

မန္တလေး၊ စက်တင်ဘာ ၃အစိုးရကိုဆန့်ကျင်သည့် သပိတ်စခန်းဖွင့်ခဲ့၍ နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ်တစ်နှစ်ခွဲ ချမှတ်ခံခဲ့ရသော ရဟန်းခြောက်ပါး စက်တင်ဘာလ ၃ ရက်နေ့က အိုးဘိုထောင်မှနေ၍ လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။၎င်းတို့နှင့်အမှုတွဲတစ်ခုတည်းတွင်ပါဝင်နေပြီး ဖမ်းဝရမ်းထုတ်ခံထားရသည့် ရဟန်းနှစ်ပါးနှင့် လူလေးဦးတို့၏ ဝရမ်းများကို ရုပ်သိမ်းပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း လွတ်မြောက်လာသည့်ရဟန်းများက ပြောဆိုသည်။ “ဒီမိုကရေစီအစိုးရဆိုပြီး တက်လာတဲ့အစိုးရက ပြည်သူပြည်သားတစ်ယောက်ရဲ့လွတ်လပ်ခွင့်၊ ဟောပြောခွင့်နဲ့ ရေးသားထုတ်ဝေခွင့်တွေအားလုံးကိုပိတ်ပင်တာဟာ ဒီမိုကရေစီအစိုးရမဆန်ဘဲ စစ်အစိုးရပုံစံဖြစ်နေတယ်။ နောက်ပြီး သပိတ်စခန်းမှာပါတယ်ဆိုပြီး ဖမ်းဝရမ်းထုတ်ခံရတဲ့ သံဃာနှစ်ပါးနဲ့ လူပုဂ္ဂိုလ်လေးဦးကို ၀ရမ်းကနေ ပယ်ဖျက်ပေးဖို့ တောင်းဆိုသွားမယ်” ဟု အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် တောင်သာလေးဆရာတော် ...
သတင်း

ထိုင်းနိုင်ငံခရီးစဉ် (၅)”

ဝါခေါင်လပြည့်ကျော် ၁ ရက် (27.8.2018) ရက်နေ့၊ မနက်အစောထပြီး ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုပါတယ်။အင်မတန်သာယာတဲ့နေရာလေးပါ။ ဆရာလေးတွေ တရားထိုင်နေချိန်မှာ ဆွမ်းအလှူရှင်များက ဆွမ်းပွဲပြင်ဆင်နေပါတယ်။ဆရာလေးတွေ တရားထိုင်အပြီးမှာ ဆွမ်းကပ်ကြပါတယ်။ထိုင်းထမင်းဟင်း စားလို့ကောင်းပါတယ်။ကျောင်းဆောင်အပေါ်ထပ် လိုက်လံကြည့်ရှုပြီး အမေရိကန်လူမျိုး ထိုင်းဆရာတော်ကြီးထံ သွားကြပါတယ်။ဆရာတော်ကြီးက ဂူထဲမှာ တစ်ပါးတည်း သီတင်းသုံးနေတာပါ။စာရေးသူတို့အဖွဲ့ကို အပြင်ထွက်တွေ့ပါတယ်။ ဘုရားဟောဝိပဿနာတရား တော်တော်များများကို ထိုင်း-အင်္ဂလိပ် နှစ်ဘာသာဖြင့် ဆိုင်းဘုတ်တွေ ချိတ်ဆွဲထားတာ တွေ့ရပါတယ်။ဆရာတော်ကြီးကို ကျောက်စီပန်းချီကား ဘုရားပုံတော် လှူဒါန်းခဲ့ပါတယ်။ဆရာတော်ကြီးက အားရဝမ်းသာ ဖြစ်နေပါတယ်။ဒကာ ဒကာမတွေ သီလရှင်ဆရာလေးတွေ တရားဓမ္မနှင့်ပတ်သက်တာတွေ မေးမြန်းကြ ဖြေကြားကြ ...
နဂါးနီစုဘူးသတင်း

ဆရပ်ကွက် နဂါးနီစုဘူးအသင်း ငွေပေးပွဲ

အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဆ ရပ်ကွက်မှာရှိတဲ့ နဂါးနီစုဘူးအမှတ်(၁) စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။(3.9.2018) မွန်းလွဲ(၃း၃၀)နာရီ ဆရပ်ကွက် ဂျပန်ကျောင်းတိုက်မှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယကဆရာတော် အရှင်ဇဝန၊ ဂျပန်ကျောင်းဆရာတော်ဦးသုဇာတနှင့် ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာ၊ စာရင်းစစ် ဒေါ်တင်တင်စန်းတို့ တက်ရောက်ကြပြီး ဂျပန်ကျောင်းဆရာတော် ဦးသုဇာတ က သြဝါဒချီးမြှင့်ပါတယ်။ တစ်သိန်းတန်း(၁၁၃)ဦးအတွက် တစ်ဦးလျှင် တစ်သိန်းကျပ်စီ ထုတ်ပေးခြင်းဖြစ်ပါတယ်။ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် ဆ ရပ်ကွက်နဂါးနီစုဘူးအသင်းဟာ ပထမဦးဆုံး အမှတ်(၁)စုဘူးဖြစ်ပြီး (၁.၉.၂၀၁၃)ရက်နေ့မှာ တည်ထောင်ပေးခဲ့ပါတယ်။ယခုဆိုလျှင် (၅)နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။ဆ ရပ်ကွက် အသင်းဝင်များထဲမှာ ဗုဒ္ဓဘာသာအပြင် ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၄၉

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက်ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ အမျိုးသားရေးဆရာတော် ဦးဝဏ္ဏိတမှ အလှူငွေ ၁၀၀၀၀၀၀ိ (တစ်ဆယ်သိန်းကျပ်) လှူဒါန်းပါသည်။ (30.8.2018) အမျိုးသားရေးဆရာတော် ဦးဝဏ္ဏိတသည်1.11.2017 နေ့က ၃၀၀,၀၀၀ိ30.12.2017 နေ့က ၅၀၀,၀၀၀ိယခု 30.8.2018 နေ့က ၁,၀၀၀,၀၀၀ိစုစုပေါင်း ၁၈၀၀၀၀၀ိ (တစ်ဆယ့်ရှစ်သိန်းကျပ်)လှူဒါန်းထားပါသည်။ မန်း မဟော်သဓာအတွက်ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ ...