သတင်း

ဒကာမကြီးဒေါ်ခင်လှရီရေ အမျှ အမျှ အမျှ

ဒီကနေ့ ညီတော်မောင်တစ်ပါး သတင်းကြားတာနှင့် ဒကာမကြီး ဒေါ်ခင်လှရီများ ညီတော်မောင်အကြောင်း သိလေမလား စုံစမ်းချင်တာနဲ့ ဒကာမကြီးရဲ့ဖုန်းကို ဆက်လိုက်ပါတယ်။ ဖုန်းဝင်ပေမယ့် ပြန်မထူးပါဘူး။ ဒါနဲ့ ထပ်ပြီးဆက်ကြည့်ပါတယ်။

ဖုန်းဝင်ပြီး ပြန်မထူးပါဘူး။ ညီတော်မောင်နဲ့ တွေ့မှပဲ သတင်းအတိအကျရတော့တယ်။ ဒကာမကြီးဆုံးသွားပြီတဲ့။ ဒကာမကြီးဒေါ်ခင်လှရီဟာ ညီတော်မောင်ရဲ့ ရဟန်းဒါယိကာမကြီးပါ။ အခုတော့ ရုတ်တရက်ကြီး နှုတ်မဆက်ဘဲ ထွက်ခွါသွားခဲ့ပြီ။
ဒီအတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းပူဆွေးမိပါတယ်။ ဒကာမကြီးဒေါ်ခင်လှရီဟာ ပြီးခဲ့တဲ့ 9.10.2017 ရက်နေ့က တောင်ဒဂုံ သြဝါဒခံယူပွဲမှာ အားဆေးတွေလှူခဲ့ဖူးပါတယ်။

အခုထိလည်း သောက်နေဆဲပါ။ ဦးဒေဝိန်လည်း ဒီဆေးဘုဉ်းပေးပါတယ်ဘုရားဟု ဆေးလှူရင်း လျှောက်ထားသွားတဲ့ ဒကာမကြီးရဲ့အသံကို နောက်ဆုံးကြားလိုက်ရခြင်းပါပဲ။ အခုတော့ ဆုံးရှာပြီ။ ကောင်းမွန်ရာဘုံဘဝမှ အမျိုးဘာသာ သာသနာကို ဆက်လက်ထောက်ပံ့နိုင်ပါစေကြောင်း………..။ ဒကာမကြီးဒေါ်ခင်လှရီရေ……………………. အမျှ အမျှ အမျှ……။


ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
16.12.2017
PM 11:28