သတင်း

ဒ်ါစံပယ် မ.ဘ.သ(ဗဟို)၏ သစ္စာစကား

မဘသ(ဗဟို)မှ ဒေါ်စံပယ်ကို မဘသသံဃာများနှင့် ပြည်သူများ သိကြပါတယ်။ အထူးသဖြင့် ဗဟိုဦးဆောင်ဆရာတော်များနှင့် မြို့နယ်အသီးသီးမှ မဘသဆရာတော်များထံ ဖုန်းဆက်ပြီး သတင်းစကား အမြဲတမ်းလျှောက်ထားရတဲ့ အမျိုးသမီးကြီးပါ။
ဒေါ်စံပယ်က စာရေးသူ၏မွေးနေ့ 26.6.2017 မှ စပြီး ပဋ္ဌာန်းပါဠိတော်များ ရွတ်ဖတ်ပူဇော်တာ ညစဉ်ညတိုင်းပါ။
ရက်ငါးဆယ်ပြည့်လို့ အဓိဋ္ဌာန်အောင်သွားပါပြီ။

အဓိဋ္ဌာန်အောင်တဲ့နေ့ သစ္စာဆိုထားတာလေး ပေးပို့လိုက်လို့ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်မိပါတယ်။
အွန်လိုင်းပရိသတ်ကြီးလည်း ဒေါ်စံပယ်၏ မွန်မြတ်တဲ့ ဘာဝနာကုသိုလ်နဲ့ အဓိဋ္ဌာန်မှုကို သာဓုခေါ်ခြင်းဖြင့် ကုသိုလ်ယူနိုင်ပါရန် တင်ပြပေးလိုက်ပါတယ်။


ဝီရသူ(မစိုးရိမ်)
15.8.2017
PM 10:31
==========================================================
မြတ်စွာဘုရား..
ဆရာတော်ဦးဝီရသူ၏ မွေးနေ့ရက်မြတ်မှစ၍ နေ့စဉ်နေ့တိုင်း နံနက် ပျားရည်ဖြင့် ဆွမ်းတော်ကပ်လှူခြင်း၊ ပစ္စယုဒ္ဒေသပစ္စယနိဒ္ဒေသ ကုသလတ္တကပညာဝါရ ပဋ္ဌာနပါဠိ ရွတ်ဖတ်ပူဇော်ကန်တော့ခြင်း။
ရက် ၅၀ အဓိဋ္ဌာန်ပြည့်အဖြစ် အောင်မြင်ပြီးမြောက်ပါပြီဘုရား။ ဤစကားသည် မှန်ကန်သော စကားဖြစ်ပါသည်။
ဤသစ္စာစကားကြောင့် ဘုရားတပည့်တော်ပြုလုပ်အပ်သော ဒါန သီလ သမထ ဘာဝနာ ဝိပဿနာ ကုသိုလ်တို့၏ အကျိုးအားကြောင့် မြတ်စွာဘုရားသခင်၏ သာသနာတော်ကြီး သန့်ရှင်းစင်ကြယ်စွာ အဓွန့်ရှည်တည်တံ့ခိုင်မြဲရပါလို၏ဘုရား။
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)
ဒေါ်စံပယ်