ဂ်ာနယ္သတင္းအင္တာဗ်ဴး

ဓမၼစက္ကို မေထမဲ့ျမင္ျပဳတာဒီမိုကေရစီေခတ္က်မွပဲ ႀကံဳဖူးတယ္ – (ခ)

(ဆရာေတာ္ဦးဝီရသူႏွင့္ အင္တာဗ်ဴး၊ ျပည္ခ်စ္သားဂ်ာနယ္အတြဲ(၂)အမွတ္(၂၁)၊ 12.7.2019)

ၿငိမ္း- အရွင္ဘုရားကို ဖမ္းဆီးဖို႔လုပ္ေနတာကေတာ့ အမႈတည္ေဆာက္ေနပါတယ္လို႔ စၿပီးေျပာတဲ့ သာသနာေရးဝန္ႀကီးဌာနက လုပ္ေနတယ္လို႔ေျပာလို႔ရမယ္ထင္ပါတယ္။ အဲဒီ သာသနာေရးဝန္ႀကီးဌာနကပဲ ဇြန္လ ၂၇ ရက္ေန႔မွာ အခ်က္၂၇ ခ်က္ပါတဲ့ ထုတ္ျပန္ခ်က္တစ္ခုကို ထုတ္ျပန္ခဲ့တာေတြ႕ရပါတယ္။ အဲဒီထဲက အမွတ္စဥ္ ၂၂ မွာ အရွင္ဘုရား(ဦးဝီရသူ)နဲ႔ပတ္သက္ၿပီး ေရးသားထားတာေပါ့ဘုရား။ အဲဒီမွာ သတင္းမွားေတြကို အေျခခံၿပီးေတာ့ ထုတ္ျပန္ေၾကညာထားတာပါဘုရား။ ”ေဒၚခင္ဝိုင္းၾကည္ သမၼတမျဖစ္ရင္ ကိုယ့္ကိုယ္ကိုယ္သတ္ေသမယ္”ဆိုတဲ့ သတင္းမ်ိဳးေပါ့ဘုရား။ ဒါဟာသတင္းမွားေတြမွန္း လူတုိင္းသိေနတဲ့ကိစၥပဲဘုရား။ ေျပာခ်င္တာက အစိုးရရဲ႕ ဝန္ႀကီးဌာနတစ္ခုက ထုတ္ျပန္တဲ့ေၾကညာခ်က္မွာ သတင္းအမွားေတြ သံုးၿပီးေတာ့ အရွင္ဘုရားကို သိကၡာက်ေစႏုိင္တဲ့ အေၾကာင္းအရာေတြ ထုတ္ျပန္တာနဲ႔ ပတ္သက္ၿပီးေတာ့ ဘာမ်ားမိန္႔ၾကားခ်င္ပါသလဲဘုရား။


ဆရာေတာ္- အဲဒီအတြက္ေတာ့ အေတာ္ေလးစိတ္ပ်က္မိတာေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ သတင္းတုေတြလုပ္ၿပီး ရည္ရြယ္ခ်က္ရွိရွိ တိုက္ခိုက္ၾကတဲ့သူေတြ ထိေရာက္တာကိုလည္းေတြ႕ရတာေပါ့။ ေဖ့ဘုတ္ခ္သံုးစြဲကာစ ေတာသူေတာင္သား၊ အေျခခံလူတန္းစားေတြ ေတြ႕႐ံုနဲ႔ တန္းလက္ခံသြားၾကတာကိုး။ ျမန္မာျပည္ အုပ္ခ်ဳပ္ေနတဲ့အစိုးရဝန္ႀကီး၊ ျပည္ေထာင္စုဝန္ႀကီး၊ ျပည္ေထာင္စုဝန္ႀကီးဌာနတစ္ခုျဖစ္တဲ့ သာသနာေရးနဲ႔ ယဥ္ေက်းမႈဝန္ႀကီးဌာနကပါ ေဖ့ဘုတ္ခ္မွာရွိတဲ့ သတင္းတုေတြကို အမွန္ထင္ၿပီး သံုးစြဲေနၾကတယ္ ဆိုတာကိုေတြ႕ရေတာ့ စိတ္မေကာင္းဘူးေပါ့ကြာ။
ဘယ္သူက ဘယ္အဆင့္ရွိတယ္ဆိုတာ ေပၚလြင္သြားတာေပါ့။ အဲဒီအတြက္ကေတာ့ ဦးဇင္းမွာလည္း စုေဆာင္းထားၿပီးသားေတြရွိပါတယ္။ ဘာပဲေျပာေျပာ ကိုယ့္တာဝန္ကိုယ္ယူရမွာ၊ ကိုယ့္လုပ္ရပ္ ကိုယ္ေျဖရွင္းရမွာ။ ဒီသတင္းမွားေတြနဲ႔ ေၾကညာခ်က္ထုတ္ၿပီး အပုပ္ခ်တဲ့ကိစၥေတာ့ ဝန္ႀကီးကိုယ္တုိင္ပဲ တစ္ခ်ိန္မွာ ေျဖရွင္းရလိမ့္မယ္။

ၿငိမ္း- ဒီအစိုးရလက္ထက္မွာ တရားစြဲတာေတြနဲ႔ ပတ္သက္ၿပီးေတာ့ ေဝဖန္ခ်က္တစ္ခု ရွိပါတယ္။ သူတုိ႔ေၾကာက္တဲ့သူေတြကို တရားစြဲတယ္၊ မေၾကာက္တဲ့သူကို မစြဲဘူးေပါ့ဘုရား။ မေၾကာက္တဲ့သူေတြ၊ သူတို႔အတြက္ အႏၲရာယ္မရွိဘူးလို႔ ထင္တဲ့သူေတြ ဘာပဲေျပာေျပာ တရားမစြဲဘူးဘုရား။ အရွင္ဘုရားေျပာတာထက္ အဆေပါင္းမ်ားစြာ ၾကမ္းတဲ့သူေတြကိုလည္း လႊတ္ထားတာေတြရွိတယ္ လို႔ ဆိုတယ္ဘုရား။ အရွင္ဘုရားကိစၥဆိုရင္လည္း စြဲလည္းရတယ္၊ မစြဲလည္းရတယ္၊ မဟနကို လႊဲေပးလည္းရရဲ႕သားနဲ႔ အစိုးရကိုယ္တုိင္ တရားလိုလုပ္ၿပီးစြဲတာဟာ သူတို႔က ေၾကာက္ရလို႔၊ သူတို႔အတြက္ အရွင္ဘုရားက အႏၲရာယ္ရွိလုိ႔ ဆုိတဲ့ သံုးသပ္ခ်က္နဲ႔ပတ္သက္ၿပီးေတာ့ အရွင္ဘုရားအေနနဲ႔ ဘာေျပာစရာရွိမလဲဘုရား။


ဆရာေတာ္- ဦးဇင္းနဲ႔ ပတ္သက္လို႔ကေတာ့ သူတို႔အတြက္တင္ အႏၲရာယ္ရွိတာမဟုတ္ဘူး၊ သူတို႔အမ်ိဳးေတြအတြက္ပါ အႏၲရာယ္ရွိတာေပါ့။ ဦးဇင္းေဟာသမွ် ေျပာသမွ်ေတြ ေအာင္ျမင္လာတာနဲ႔အမွ် သူတို႔ေထာက္ခံမႈေတြ က်ဆင္းတယ္။ အဲဒီအတြက္ ဦးဇင္းကို အႏၲရာယ္အျဖစ္ ႐ႈျမင္တာပါ။ သူတို႔တေတြက ဦးဇင္းေဟာလို႔ ေျပာလို႔ ေထာက္ခံမႈက်ဆင္းသြားတဲ့အခါ အာဏာလက္လႊတ္ျဖစ္သြားခဲ့ေသာ္ သူတို႔အမ်ိဳးေတြရဲ႕ ေရရွည္စီမံကိန္းႀကီးက ပ်က္စီးသြားႏုိင္တာေပါ့။ အဲဒီေတာ့ ႏွစ္ခုစလံုးအတြက္ အႏၲရာယ္ကို ႀကိဳရွင္းတဲ့သေဘာပါပဲ။
ေနာက္တစ္ခုကေတာ့ က်ဴပင္ခုတ္ က်ဴငုတ္မက်န္ေပါ့။ ေဖ့ဘုတ္ခ္ဆိုရင္လည္း ဦးဇင္းမွာ အခု အေကာင့္သတ္သတ္မွတ္မွတ္ မရွိေတာ့ဘူး။ သူတို႔နဲ႔ယွဥ္ၿပိဳင္ၿပီး စကားေျပာဆိုခြင့္မရေတာ့ဘူး။ တရားေဟာခြင့္လည္း အပိတ္ခံခဲ့ရတယ္။ တရားေဟာခြင့္ျပန္လည္ရရွိတဲ့ အခ်ိန္က်ျပန္ေတာ့လည္း တုိင္းအထိတင္ရမယ္တုိ႔ ဘာတို႔ညာတို႔နဲ႔ အထပ္ထပ္ၾကန္႔ၾကာေအာင္ လုပ္တယ္၊ တိုင္းအထိ တင္ျပန္ေတာ့လည္း ဟိုအမတ္က ဖိအားေပးၿပီး ဖ်က္ခိုင္း၊ ေထြအုပ္က လက္မခံရဲဘူးဆိုၿပီး ပယ္ခ်နဲ႔ ဒီမိုကေရစီအစိုးရက ဒီမိုကေရစီနည္းက် ေဝဖန္တာကို မခံရဲတဲ့ဘဝကို ေရာက္သြားတာေပါ့။
အမ်ိဳးသားေရးအေကာင့္ေတြကို ေဖ့ဘုတ္စ္က ျဖဳတ္တယ္၊ ႏုိင္ငံေရးအေကာင့္ေတြကို ေဖ့ဘုတ္စ္က ျဖဳတ္ေနၿပီ၊ ၂ဝ၂ဝ ေရြးေကာက္ပြဲ မတိုင္ခင္ ထိုးထိုးေထာင္ေထာင္ထြက္ေနတဲ့ ေဝဖန္ေရး စာေရးဆရာေတြ၊ ဘာသာေရးေခါင္းေဆာင္ေတြ၊ အမ်ိဳးသားေရးသမားေတြကေတာ့ “အျပတ္ရွင္း ဒီမိုကေရစီ”နဲ႔ ေတြ႕သြားမွာပဲေလ။ အဲဒီေတာ့ ၂ဝ၂ဝအတြက္ ၿပိဳင္ဘက္ေတြကို စင္ေပၚတက္မရေအာင္ အပ်က္ရွင္းၿပီးေတာ့ ၿပိဳင္ဘက္ကင္းသရဖူကို ထပ္ေဆာင္းမယ့္သေဘာေပါ့ကြာ။

ၿငိမ္း- အရွင္ဘုရားကိုယ္တုိင္က ပုဒ္မ ၁၂၄နဲ႔ တရား စြဲဆုိခံေနရခ်ိန္မွာပဲ တစ္ဘက္မွာ အရွင္ဘုရားနဲ႔ ပတ္သက္ၿပီး ကိုေက်ာ္မ်ိဳးေဆြက ကိုေဆြဝင္းကို ၆၆(ဃ)နဲ႔ တရားဆြဲဆိုထားတဲ့အမႈကို ၿမိဳ႕နယ္တရား႐ံုးက ပလပ္လိုက္တာ ေတြ႕ရပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး ဘာမ်ားေျပာခ်င္ပါသလဲ။


ဆရာေတာ္- အဲဒီကိစၥမွာ သူတို႔တေတြက ဆိုင္ရာပုိင္ရာခ်ဥ္းကပ္ႏုိင္ခဲ့ၾကဟန္ တူတယ္ေလ။ အဲဒီေတာ့ နစ္နာသူ (ဦးဝီရသူ) မရွိတဲ့အခ်ိန္မွာ အခြင့္အေရးကို အမိအရ အသံုးခ်ၿပီး အကြက္လွလွေလး ကစားသြားတဲ့ပံုပဲ။ ဒီအတြက္ကေတာ့ သိပ္ဝမ္းနည္းစရာ မရွိပါဘူး။
(ဆက္လက္ေဖာ္ျပပါမည္)

“ဓမ္မစက်ကို မထေမဲ့မြင်ပြုတာဒီမိုကရေစီခေတ်ကျမှပဲ ကြုံဖူးတယ်” (ခ)

(ဆရာတော်ဦးဝီရသူနှင့် အင်တာဗျူး၊ ပြည်ချစ်သားဂျာနယ်အတွဲ(၂)အမှတ်(၂၁)၊ 12.7.2019)

ငြိမ်း- အရှင်ဘုရားကို ဖမ်းဆီးဖို့လုပ်နေတာကတော့ အမှုတည်ဆောက်နေပါတယ်လို့ စပြီးပြောတဲ့ သာသနာရေးဝန်ကြီးဌာနက လုပ်နေတယ်လို့ပြောလို့ရမယ်ထင်ပါတယ်။ အဲဒီ သာသနာရေးဝန်ကြီးဌာနကပဲ ဇွန်လ ၂၇ ရက်နေ့မှာ အချက်၂၇ ချက်ပါတဲ့ ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ အဲဒီထဲက အမှတ်စဉ် ၂၂ မှာ အရှင်ဘုရား(ဦးဝီရသူ)နဲ့ပတ်သက်ပြီး ရေးသားထားတာပေါ့ဘုရား။ အဲဒီမှာ သတင်းမှားတွေကို အခြေခံပြီးတော့ ထုတ်ပြန်ကြေညာထားတာပါဘုရား။ ”ဒေါ်ခင်ဝိုင်းကြည် သမ္မတမဖြစ်ရင် ကိုယ့်ကိုယ်ကိုယ်သတ်သေမယ်”ဆိုတဲ့ သတင်းမျိုးပေါ့ဘုရား။ ဒါဟာသတင်းမှားတွေမှန်း လူတိုင်းသိနေတဲ့ကိစ္စပဲဘုရား။ ပြောချင်တာက အစိုးရရဲ့ ဝန်ကြီးဌာနတစ်ခုက ထုတ်ပြန်တဲ့ကြေညာချက်မှာ သတင်းအမှားတွေ သုံးပြီးတော့ အရှင်ဘုရားကို သိက္ခာကျစေနိုင်တဲ့ အကြောင်းအရာတွေ ထုတ်ပြန်တာနဲ့ ပတ်သက်ပြီးတော့ ဘာများမိန့်ကြားချင်ပါသလဲဘုရား။


ဆရာတော်- အဲဒီအတွက်တော့ အတော်လေးစိတ်ပျက်မိတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သတင်းတုတွေလုပ်ပြီး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ကြတဲ့သူတွေ ထိရောက်တာကိုလည်းတွေ့ရတာပေါ့။ ဖေ့ဘုတ်ခ်သုံးစွဲကာစ တောသူတောင်သား၊ အခြေခံလူတန်းစားတွေ တွေ့ရုံနဲ့ တန်းလက်ခံသွားကြတာကိုး။ မြန်မာပြည် အုပ်ချုပ်နေတဲ့အစိုးရဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးဌာနတစ်ခုဖြစ်တဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကပါ ဖေ့ဘုတ်ခ်မှာရှိတဲ့ သတင်းတုတွေကို အမှန်ထင်ပြီး သုံးစွဲနေကြတယ် ဆိုတာကိုတွေ့ရတော့ စိတ်မကောင်းဘူးပေါ့ကွာ။
ဘယ်သူက ဘယ်အဆင့်ရှိတယ်ဆိုတာ ပေါ်လွင်သွားတာပေါ့။ အဲဒီအတွက်ကတော့ ဦးဇင်းမှာလည်း စုဆောင်းထားပြီးသားတွေရှိပါတယ်။ ဘာပဲပြောပြော ကိုယ့်တာဝန်ကိုယ်ယူရမှာ၊ ကိုယ့်လုပ်ရပ် ကိုယ်ဖြေရှင်းရမှာ။ ဒီသတင်းမှားတွေနဲ့ ကြေညာချက်ထုတ်ပြီး အပုပ်ချတဲ့ကိစ္စတော့ ဝန်ကြီးကိုယ်တိုင်ပဲ တစ်ချိန်မှာ ဖြေရှင်းရလိမ့်မယ်။

ငြိမ်း- ဒီအစိုးရလက်ထက်မှာ တရားစွဲတာတွေနဲ့ ပတ်သက်ပြီးတော့ ဝေဖန်ချက်တစ်ခု ရှိပါတယ်။ သူတို့ကြောက်တဲ့သူတွေကို တရားစွဲတယ်၊ မကြောက်တဲ့သူကို မစွဲဘူးပေါ့ဘုရား။ မကြောက်တဲ့သူတွေ၊ သူတို့အတွက် အန္တရာယ်မရှိဘူးလို့ ထင်တဲ့သူတွေ ဘာပဲပြောပြော တရားမစွဲဘူးဘုရား။ အရှင်ဘုရားပြောတာထက် အဆပေါင်းများစွာ ကြမ်းတဲ့သူတွေကိုလည်း လွှတ်ထားတာတွေရှိတယ် လို့ ဆိုတယ်ဘုရား။ အရှင်ဘုရားကိစ္စဆိုရင်လည်း စွဲလည်းရတယ်၊ မစွဲလည်းရတယ်၊ မဟနကို လွှဲပေးလည်းရရဲ့သားနဲ့ အစိုးရကိုယ်တိုင် တရားလိုလုပ်ပြီးစွဲတာဟာ သူတို့က ကြောက်ရလို့၊ သူတို့အတွက် အရှင်ဘုရားက အန္တရာယ်ရှိလို့ ဆိုတဲ့ သုံးသပ်ချက်နဲ့ပတ်သက်ပြီးတော့ အရှင်ဘုရားအနေနဲ့ ဘာပြောစရာရှိမလဲဘုရား။


ဆရာတော်- ဦးဇင်းနဲ့ ပတ်သက်လို့ကတော့ သူတို့အတွက်တင် အန္တရာယ်ရှိတာမဟုတ်ဘူး၊ သူတို့အမျိုးတွေအတွက်ပါ အန္တရာယ်ရှိတာပေါ့။ ဦးဇင်းဟောသမျှ ပြောသမျှတွေ အောင်မြင်လာတာနဲ့အမျှ သူတို့ထောက်ခံမှုတွေ ကျဆင်းတယ်။ အဲဒီအတွက် ဦးဇင်းကို အန္တရာယ်အဖြစ် ရှုမြင်တာပါ။ သူတို့တတွေက ဦးဇင်းဟောလို့ ပြောလို့ ထောက်ခံမှုကျဆင်းသွားတဲ့အခါ အာဏာလက်လွှတ်ဖြစ်သွားခဲ့သော် သူတို့အမျိုးတွေရဲ့ ရေရှည်စီမံကိန်းကြီးက ပျက်စီးသွားနိုင်တာပေါ့။ အဲဒီတော့ နှစ်ခုစလုံးအတွက် အန္တရာယ်ကို ကြိုရှင်းတဲ့သဘောပါပဲ။
နောက်တစ်ခုကတော့ ကျူပင်ခုတ် ကျူငုတ်မကျန်ပေါ့။ ဖေ့ဘုတ်ခ်ဆိုရင်လည်း ဦးဇင်းမှာ အခု အကောင့်သတ်သတ်မှတ်မှတ် မရှိတော့ဘူး။ သူတို့နဲ့ယှဉ်ပြိုင်ပြီး စကားပြောဆိုခွင့်မရတော့ဘူး။ တရားဟောခွင့်လည်း အပိတ်ခံခဲ့ရတယ်။ တရားဟောခွင့်ပြန်လည်ရရှိတဲ့ အချိန်ကျပြန်တော့လည်း တိုင်းအထိတင်ရမယ်တို့ ဘာတို့ညာတို့နဲ့ အထပ်ထပ်ကြန့်ကြာအောင် လုပ်တယ်၊ တိုင်းအထိ တင်ပြန်တော့လည်း ဟိုအမတ်က ဖိအားပေးပြီး ဖျက်ခိုင်း၊ ထွေအုပ်က လက်မခံရဲဘူးဆိုပြီး ပယ်ချနဲ့ ဒီမိုကရေစီအစိုးရက ဒီမိုကရေစီနည်းကျ ဝေဖန်တာကို မခံရဲတဲ့ဘဝကို ရောက်သွားတာပေါ့။
အမျိုးသားရေးအကောင့်တွေကို ဖေ့ဘုတ်စ်က ဖြုတ်တယ်၊ နိုင်ငံရေးအကောင့်တွေကို ဖေ့ဘုတ်စ်က ဖြုတ်နေပြီ၊ ၂ဝ၂ဝ ရွေးကောက်ပွဲ မတိုင်ခင် ထိုးထိုးထောင်ထောင်ထွက်နေတဲ့ ဝေဖန်ရေး စာရေးဆရာတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ အမျိုးသားရေးသမားတွေကတော့ “အပြတ်ရှင်း ဒီမိုကရေစီ”နဲ့ တွေ့သွားမှာပဲလေ။ အဲဒီတော့ ၂ဝ၂ဝအတွက် ပြိုင်ဘက်တွေကို စင်ပေါ်တက်မရအောင် အပျက်ရှင်းပြီးတော့ ပြိုင်ဘက်ကင်းသရဖူကို ထပ်ဆောင်းမယ့်သဘောပေါ့ကွာ။

ငြိမ်း- အရှင်ဘုရားကိုယ်တိုင်က ပုဒ်မ ၁၂၄နဲ့ တရား စွဲဆိုခံနေရချိန်မှာပဲ တစ်ဘက်မှာ အရှင်ဘုရားနဲ့ ပတ်သက်ပြီး ကိုကျော်မျိုးဆွေက ကိုဆွေဝင်းကို ၆၆(ဃ)နဲ့ တရားဆွဲဆိုထားတဲ့အမှုကို မြို့နယ်တရားရုံးက ပလပ်လိုက်တာ တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။


ဆရာတော်- အဲဒီကိစ္စမှာ သူတို့တတွေက ဆိုင်ရာပိုင်ရာချဉ်းကပ်နိုင်ခဲ့ကြဟန် တူတယ်လေ။ အဲဒီတော့ နစ်နာသူ (ဦးဝီရသူ) မရှိတဲ့အချိန်မှာ အခွင့်အရေးကို အမိအရ အသုံးချပြီး အကွက်လှလှလေး ကစားသွားတဲ့ပုံပဲ။ ဒီအတွက်ကတော့ သိပ်ဝမ်းနည်းစရာ မရှိပါဘူး။
(ဆက်လက်ဖော်ပြပါမည်)