သတင်း





“ပညာရေးအကယ်ဒမီကျောင်း ဆန်အိတ်အလှူတော်”

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ဓမ္မစေတီကျောင်းတိုက်မှာ ဖွင့်လှစ်ထားတဲ့ ပညာရေးအကယ်ဒမီကျောင်းအတွက် ဆွမ်းဆန်တော် (၄၅)အိတ် လာရောက်လှူဒါန်းသွားပါတယ်။13.2.2019 ရက်နေ့ မနက်ပိုင်း ဓမ္မသဟာယကျောင်းသို့ လာရောက်လှူဒါန်းသွားတာပါ။

အလှူရှင်ကတော့ ကျောက်ဆည်မြို့နယ်၊ ဟန်မြင့်မိုရ်ရွာ ရေဦးကျောင်းဆရာတော်ဦးပဏ္ဍိတနှင့် တပည့် ဒါယကာ ဒါယိကာမများ ဖြစ်ပါတယ်။တစ်တင်းဝင်အိတ်များဖြစ်ပြီး အားလုံး (၄၅)တင်း ဖြစ်ပါတယ်။

ပညာရေးအကယ်ဒမီကျောင်း ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ ကျောင်းသား ကျောင်းသူ (၁၄၆)ဦးနှင့် ဆရာ ဆရာမ (၃၀)ကျော် ရှိပါတယ်။၅-၆-၇-၉ တန်းများ စာမေးပွဲပြီးလို့ ရွာပြန်သွားကြပါပြီ။၈-၁၀ တန်းပဲ ကျန်ပါတော့တယ်။၁၈ ရက်နေ့မှာ ၈တန်းများ စာမေးပွဲဖြေကြပါမယ်။၁၀ တန်းတွေ စာမေးပွဲပြီးမှ ကျောင်းသားအသစ် လက်ခံမှာပါ။ကျောင်းသားအသစ်လက်ခံဖို့ ကြေညာချက် ဆက်လက်ထုတ်ပြန်ပါမယ်။