သတင်းလောကအလင်းပညာဒါနကျောင်း





“လောကအလင်း အာစရိယပူဇော်ပွဲ”

12.2.2019 ရက်နေ့၊ ညနေ ၄း၃၀ နာရီ၊ မန္တလေးမြို့်၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်မှာတည်ရှိတဲ့ လောကအလင်းပညာဒါနကျူရှင်ကျောင်းမှာ ကျင်းပပါတယ်။ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် Repeater နှင့် Fresher ကျောင်းသူကျောင်းသားများရဲ့ အာစရိယပူဇော်ပွဲအခမ်းအနားပါ။

ဘုရားကြီးတိုက် ဇေယျရွှေမြေကျောင်း ပဓာနနာယက ပါဠိပါရဂူဆရာတော်ကြီး ဘဒ္ဒန္တကုသလနှင့် ဆရာတော်သံဃာတော်များ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြပါတယ်။ ပါဠိပါရဂူဆရာတော်ကြီးက သြဝါဒကထာ ချီးမြှင့်ပါတယ်။ ကျောင်းသားကျောင်းသူများက ဆရာ ဆရာမများအား လှူဖွယ်ပစ္စည်းများဖြင့် ကန်တော့ကြပါတယ်။

လောကအလင်းကျူရှင်ကျောင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ဝင်ခွင့်စည်းကမ်းသတ်မှတ်ချက်များ အသစ်ပြဋ္ဌာန်းထားပါတယ်။ Fresher များ ဝင်ခွင့်စာမေးပွဲဖြေရပါမယ်။ Repeater များ တစ်ဘာသာလျှင် ၂၀ မှတ်နှုန်း သို့မဟုတ် အမှတ်ပေါင်း ၁၂၀ ရမှ ကျောင်းတက်ခွင့်ရပါမယ်။ သီးသန့်သတင်းထုတ်ပြန်သွားပါမယ်။