မင္းကြန္း ပုထိုးေတာ္ႀကီး ပညာဒါနစာသင္ေက်ာင္းသတင္း

ပညာေရးအကယ္ဒမီေက်ာင္း ဒံေပါက္ဆြမ္းအလွဴ

တန္ေဆာင္မုန္းလဆုတ္ ၈ ရက္ (30.11.2018)ရက္ေန႔၊ မနက္ ၁၁း၀၀ နာရီ၊ စစ္ကိုင္းၿမဳိ႕နယ္၊ မင္းကြန္းေတာင္ရိုး၊ ဓမၼေစတီေက်ာင္းတုိက္မွာ ဆက္ကပ္ပါတယ္။ မႏၲေလးၿမဳိ႕၊ ဘုရားႀကီးတုိက္၊ ေဇယ်ာေရႊေျမေက်ာင္းဆရာေတာ္ ဘဒၵႏၲကုသလ(ပါဠိပါရဂူ)ႏွင့္ ဆရာေတာ္သံဃာေတာ္မ်ား ၾကြေရာက္ခ်ီးေျမႇာက္ၾကပါတယ္။ ဓမၼေစတီေက်ာင္းတုိက္ သံဃာေတာ္မ်ား၊ ပညာေရးအကယ္ဒမီေက်ာင္းသူေက်ာင္းသားမ်ား၊ ဆရာ ဆရာမမ်ားအား ဒံေပါက္ဆြမ္းဆက္ကပ္လွဴဒါန္းေကၽြးေမြးတာပါ။

ကုသုိလ္ရွင္ကေတာ့ ပါဠိပါရဂူဆရာေတာ္ႀကီး ဘဒၵႏၲကုသလအမွဴးျပဳေသာ တပည့္ဒါယကာ ဒါယိကာမမ်ား ျဖစ္ပါတယ္။ ေက်ာင္းသူေက်ာင္းသားမ်ား အင္မတန္အားေပးခ်ီးေျမႇာက္ၾကတာကိုေတြ႔ရလုိ႔ ဆရာေတာ္ႀကီးႏွင့္ အလွဴရွင္မ်ား ဝမ္းေျမာက္ဝမ္းသာ ရႊင္လန္းတက္ၾကြေနၾကပါတယ္။
ဆြမ္းစရိတ္အတြက္လည္း အားလံုးစုေပါင္းၿပီး တစ္သိန္းခြဲက်ပ္ လွဴဒါန္းသြားပါေသးတယ္။

ေန႔လယ္ပိုင္းမွာ ဆုေပးပြဲအခမ္းအနားက်င္းပပါတယ္။ ႏွစ္ဝက္စာေမးပြဲေအာင္ျမင္သူမ်ားထဲမွ ပ.ဒု.တ ရရွိသူ (၁၂)ဦးကို အထူးဆုအျဖစ္ တစ္ေသာင္းက်ပ္၊ ခုနစ္ေထာင္က်ပ္၊ ငါးေထာင္က်ပ္စီ ဆုခ်တာပါ။ ဆရာေတာ္ႀကီးက ဗိုက္ဝေအာင္၊ အစာအာဟာရျပည့္ဝေအာင္ စာေသာက္ၾကသလို ပညာျပည့္ဝေအာင္လည္း ႀကဳိးစားအားထုတ္ဖုိ႔ မိန္႔ေတာ္မူပါတယ္။

ညေနပိုင္းမွာ သဘာဝပဲႏို႔ေဖ်ာ္ရည္တုိက္ေကၽြးၿပီး ေနျပည္ေတာ္မစိုးရိမ္တုိက္သစ္ဆရာေတာ္ ဦးအဂၢဓမၼက ဆုရသူမ်ားကို ထပ္မံဆုခ်ီးျမႇင္ပါတယ္။ မင္းကြန္းပုထုိးေတာ္ႀကီးပညာေရးအကယ္ဒမီေက်ာင္းသူေက်ာင္းသားမ်ားကေတာ့ ဒီကေန႔တစ္ေန႔တာ ေပ်ာ္စရာအတိပါပဲ။

“ပညာရေးအကယ်ဒမီကျောင်း ဒံပေါက်ဆွမ်းအလှူ”

တန်ဆောင်မုန်းလဆုတ် ၈ ရက် (30.11.2018)ရက်နေ့၊ မနက် ၁၁း၀၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ဓမ္မစေတီကျောင်းတိုက်မှာ ဆက်ကပ်ပါတယ်။ မန္တလေးမြို့၊ ဘုရားကြီးတိုက်၊ ဇေယျာရွှေမြေကျောင်းဆရာတော် ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)နှင့် ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှောက်ကြပါတယ်။ ဓမ္မစေတီကျောင်းတိုက် သံဃာတော်များ၊ ပညာရေးအကယ်ဒမီကျောင်းသူကျောင်းသားများ၊ ဆရာ ဆရာမများအား ဒံပေါက်ဆွမ်းဆက်ကပ်လှူဒါန်းကျွေးမွေးတာပါ။

ကုသိုလ်ရှင်ကတော့ ပါဠိပါရဂူဆရာတော်ကြီး ဘဒ္ဒန္တကုသလအမှူးပြုသော တပည့်ဒါယကာ ဒါယိကာမများ ဖြစ်ပါတယ်။ ကျောင်းသူကျောင်းသားများ အင်မတန်အားပေးချီးမြှောက်ကြတာကိုတွေ့ရလို့ ဆရာတော်ကြီးနှင့် အလှူရှင်များ ဝမ်းမြောက်ဝမ်းသာ ရွှင်လန်းတက်ကြွနေကြပါတယ်။
ဆွမ်းစရိတ်အတွက်လည်း အားလုံးစုပေါင်းပြီး တစ်သိန်းခွဲကျပ် လှူဒါန်းသွားပါသေးတယ်။

နေ့လယ်ပိုင်းမှာ ဆုပေးပွဲအခမ်းအနားကျင်းပပါတယ်။ နှစ်ဝက်စာမေးပွဲအောင်မြင်သူများထဲမှ ပ.ဒု.တ ရရှိသူ (၁၂)ဦးကို အထူးဆုအဖြစ် တစ်သောင်းကျပ်၊ ခုနစ်ထောင်ကျပ်၊ ငါးထောင်ကျပ်စီ ဆုချတာပါ။ ဆရာတော်ကြီးက ဗိုက်ဝအောင်၊ အစာ အာဟာရပြည့်ဝအောင် စာသောက်ကြသလို ပညာပြည့်ဝအောင်လည်း ကြိုးစားအားထုတ်ဖို့ မိန့်တော်မူပါတယ်။

ညနေပိုင်းမှာ သဘာဝပဲနို့ဖျော်ရည်တိုက်ကျွေးပြီး နေပြည်တော်မစိုးရိမ်တိုက်သစ်ဆရာတော် ဦးအဂ္ဂဓမ္မက ဆုရသူများကို ထပ်မံဆုချီးမြှင်ပါတယ်။ မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီကျောင်းသူကျောင်းသားများကတော့ ဒီကနေ့တစ်နေ့တာ ပျော်စရာအတိပါပဲ။