သတင်း





“ဝီရသူစပွန်ဆာဖြင့် BE ဘွဲ့ရရှိခဲ့သော ကျောင်းသားလေး”

မန္တလေး GTC တက်ခဲ့တဲ့ ကျောင်းသားလေးပါ။ ကျော်ဇင်ဝင်းလို့ ခေါ်ပါတယ်။ ဇာတိကတော့ ပလိပ်မြို့ကပါ။ အမေတစ်ခု သားတစ်ခုဘဝနဲ့ ပညာသင်စရိတ် လာရောက်အကူအညီတောင်းရင်း BE ဘွဲ့ကို အရယူနိုင်ခဲ့ပါပြီ။

စာရေးသူ ခြောက်နှစ်တိုင်တိုင် ပညာသင်စရိတ် ထောက်ပံ့မှုနဲ့အတူ BE ဘွဲ့ရခဲ့တဲ့ ကျောင်းသားလေးဖြစ်ပါတယ်။ အဲဒီလိုပဲ ဓမ္မပူဇာအလှူငွေများဖြင့် ပညာသင်စရိတ်ထောက်ပံ့ခဲ့တာ ဆေးကျောင်းသား ၂ ဦး ဒေါက်တာဘွဲ့ ရရှိခဲ့ပါပြီ။

အခြားသော BA MA တွေလည်း အများကြီးပါ။ လက်ရှိလည်း ဆေးကျောင်းသားတွေ အခြားကျောင်းသားတွေကို ထောက်ပံ့နေဆဲ ဖြစ်ပါတယ်။ ပြည်သူ့စပွန်ဆာဖြင့် ပြည်သူကို အလုပ်အကျွေးပြုနေတဲ့ ပြည်သူ့ရဟန်းတော်တစ်ပါးလို့ပဲ ခံယူထားပါတယ်။