မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း





“ပညာရေးအကယ်ဒမီကျောင်း မနက်စာ အာဟာရအလှူ”

ဝါခေါင်လပြည့်နေ့ (9.9.2018)ရက်နေ့၊ မနက် ၆း၀၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာ၊ ဓမ္မစေတီကျောင်းတိုက်မှာ ဆက်ကပ်ပါတယ်။

ဓမ္မစေတီကျောင်းတိုက်အတွင်းမှာဖွင့်လှစ်ထားတဲ့ ပညာရေးအကယ်ဒမီကျောင်းမှ ဆရာ ဆရာမများ၊ ကျောင်းသူကျောင်းသားများအား ကြက်ပေါင်းခေါက်ဆွဲ ကျွေးမွေးလှူဒါန်းရင်း ဆရာတော်သံဃာတော်များကို ဆက်ကပ်တာပါ။

ဓမ္မစေတီကျောင်းတိုက်ဆရာတော်လေး အရှင်သုမနာလင်္ကာရ၊ ပညာရေးအကယ်ဒမီကျောင်းအုပ်ဆရာတော် အရှင်ဥက္ကဋ္ဌ အမှူးရှိသော ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှောက်ကြပါတယ်။

အလှူရှင်များကတော့ မန္တလေးမြို့မှ ဒေါ်မြင့်မြင့်ကြည်နှင့် အမျိုးသားရေး ညီအစ်မတစ်စုတို့ဖြစ်ပါတယ်။ အလှူဒါယိကာမများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ…။