သတင္း

ျမင္းမူ ေက်ာင္းအပ္ပြဲအခမ္းအနား

ဝါေခါင္လဆုတ္ ၁၂ ရက္ (7.9.2018)ရက္ေန႔၊ ညေန ၄း၀၀ နာရီ၊ စစ္ကိုင္းတုိင္း၊ ျမင္းမူၿမဳိ႕၊ ေအာင္ေဇယ်ရပ္ကြက္၊ ေရဝန္မင္းသားေက်ာင္းတုိက္မွာ က်င္းပပါတယ္။ေရဝန္မင္းသားဆရာေတာ္ႀကီး ဘဒၵႏၲေခမာစာရ (ၿမဳိ႕နယ္သံဃနာယကအဖြဲ႔ဥကၠ႒-ေရႊက်င္)က ပဲခူးၿမဳိ႕ သာမေဏေက်ာ္ပရိယတၱိစာသင္တုိက္ မဟာနာယကခ်ဳပ္၊ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႔ဝင္ ေဒါက္တာအရွင္ဝိစကၡဏာလကၤာရာဘိဝံသအား ေရဝန္မင္းသားေက်ာင္းတုိက္ႀကီးကို လြဲေျပာင္းအပ္ႏွံတဲ့အခမ္းအနားပါ။

လြဲေျပာင္းအပ္ႏွံသူ ဆရာေတာ္အရွင္ေခမာစာရက ေက်ာင္းထုိင္သက္တမ္း ၃၈ ႏွစ္ရွိပါၿပီ။သက္ေတာ္လည္းရ၊ က်န္းမာေရးကလည္းမေကာင္း၊ ျမင္းမူၿမဳိ႕ သာသနာအတြက္လည္း ငဲ့ကြက္ေနရတာေၾကာင့္ သာမေဏေက်ာ္ေလးေတြ ေမြးထုတ္ေပးရာ သာမေဏေက်ာ္စာသင္တုိက္အျဖစ္ ျမင္ေတြ႔လိုေၾကာင္း စာေရးသူကို အကူအညီေတာင္းလာတာေၾကာင့္ စာေရးသူက ေနာင္ေတာ္ႀကီး အရွင္ဝဏၰသီရိ (သာမေဏေက်ာ္ဓမၼရိပ္သာ)ႏွင့္ဆက္သြယ္ၿပီး အခုလို စီစဥ္ေပးခဲ့တာပါ။ပဲခူးၿမဳိ႕ သာမေဏေက်ာ္စာသင္တုိက္ဆရာေတာ္ ဘဒၵႏၲဝိစကၡဏာလကၤာရာဘိဝံသက ၎၏တပည့္ႏွစ္ပါးျဖစ္တဲ့ ဦးပညာတိကၡာလကၤာရ (သာမေဏေက်ာ္ဓမၼာစရိယ၊ ဝိနယဝိဒူ၊ ပိဋကတစ္ပုံေအာင္)ႏွင့္ ဦးသီလာနႏၵာလကၤာရ (သာမေဏေက်ာ္ဓမၼာစရိယ B.A)တုိ႔ကို လႊဲအပ္ေပးပါတယ္။

ဒီပြဲကေတာ့ ဦးပညာတိကၡာလကၤာရ (သာမေဏေက်ာ္ဓမၼာစရိယ၊ ဝိနယဝိဒူ၊ ပိဋကတစ္ပုံေအာင္)ႏွင့္ ဦးသီလာနႏၵာလကၤာရ (သာမေဏေက်ာ္ဓမၼာစရိယ B.A)တုိ႔က ေက်ာင္းလက္ခံတဲ့ပြဲပါ။စာေရးသူကေတာ့ ပို႔မည့္ပို႔ ကူးတုိ႔ထိေအာင္ပို႔မယ္လို႔ စိတ္ကူးထားတဲ့အတုိင္း အစစအရာရာ ကူညီဖို႔ စိတ္ကူးထားပါတယ္။ေရဝန္မင္းသားဆရာေတာ္ႀကီး စိတ္ခ်လက္ခ် ခႏၶာဝန္ခ်ႏိုင္ေအာင္ ကူညီလိုက္ရတာကိုပဲ ဝမ္းသာမဆံုးျဖစ္ေနပါတယ္။ျမင္းမူၿမဳိ႕ေလး သာမေဏေက်ာ္ကိုရင္ေလးေတြ ထြက္ေပၚလာေတာ့မွာပါ။ညီေတာ္ေလးႏွစ္ပါး ေအာင္ျမင္ပါေစေသာ္ဝ္…။

“မြင်းမူ ကျောင်းအပ်ပွဲအခမ်းအနား”

ဝါခေါင်လဆုတ် ၁၂ ရက် (7.9.2018)ရက်နေ့၊ ညနေ ၄း၀၀ နာရီ၊ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့၊ အောင်ဇေယျရပ်ကွက်၊ ရေဝန်မင်းသားကျောင်းတိုက်မှာ ကျင်းပပါတယ်။ ရေဝန်မင်းသားဆရာတော်ကြီး ဘဒ္ဒန္တခေမာစာရ (မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ-ရွှေကျင်)က ပဲခူးမြို့ သာမဏေကျော်ပရိယတ္တိစာသင်တိုက် မဟာနာယကချုပ်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဒေါက်တာအရှင်ဝိစက္ခဏာလင်္ကာရာဘိဝံသအား ရေဝန်မင်းသားကျောင်းတိုက်ကြီးကို လွဲပြောင်းအပ်နှံတဲ့အခမ်းအနားပါ။

လွဲပြောင်းအပ်နှံသူ ဆရာတော်အရှင်ခေမာစာရက ကျောင်းထိုင်သက်တမ်း ၃၈ နှစ်ရှိပါပြီ။
သက်တော်လည်းရ၊ ကျန်းမာရေးကလည်းမကောင်း၊ မြင်းမူမြို့ သာသနာအတွက်လည်း ငဲ့ကွက်နေရတာကြောင့် သာမဏေကျော်လေးတွေ မွေးထုတ်ပေးရာ သာမဏေကျော်စာသင်တိုက်အဖြစ် မြင်တွေ့လိုကြောင်း စာရေးသူကို အကူအညီတောင်းလာတာကြောင့် စာရေးသူက နောင်တော်ကြီး အရှင်ဝဏ္ဏသီရိ (သာမဏေကျော်ဓမ္မရိပ်သာ)နှင့်ဆက်သွယ်ပြီး အခုလို စီစဉ်ပေးခဲ့တာပါ။

ပဲခူးမြို့ သာမဏေကျော်စာသင်တိုက်ဆရာတော် ဘဒ္ဒန္တဝိစက္ခဏာလင်္ကာရာဘိဝံသက ၎င်း၏တပည့်နှစ်ပါးဖြစ်တဲ့ ဦးပညာတိက္ခာလင်္ကာရ (သာမဏေကျော်ဓမ္မာစရိယ၊ ဝိနယဝိဒူ၊ ပိဋကတစ်ပုံအောင်)နှင့် ဦးသီလာနန္ဒာလင်္ကာရ (သာမဏေကျော်ဓမ္မာစရိယ B.A)တို့ကို လွှဲအပ်ပေးပါတယ်။

ဒီပွဲကတော့ ဦးပညာတိက္ခာလင်္ကာရ (သာမဏေကျော်ဓမ္မာစရိယ၊ ဝိနယဝိဒူ၊ ပိဋကတစ်ပုံအောင်)နှင့် ဦးသီလာနန္ဒာလင်္ကာရ (သာမဏေကျော်ဓမ္မာစရိယ B.A)တို့က ကျောင်းလက်ခံတဲ့ပွဲပါ။

စာရေးသူကတော့ ပို့မည့်ပို့ ကူးတို့ထိအောင်ပို့မယ်လို့ စိတ်ကူးထားတဲ့အတိုင်း အစစအရာရာ ကူညီဖို့ စိတ်ကူးထားပါတယ်။

ရေဝန်မင်းသားဆရာတော်ကြီး စိတ်ချလက်ချ ခန္ဓာဝန်ချနိုင်အောင် ကူညီလိုက်ရတာကိုပဲ ဝမ်းသာမဆုံးဖြစ်နေပါတယ်။

မြင်းမူမြို့လေး သာမဏေကျော်ကိုရင်လေးတွေ ထွက်ပေါ်လာတော့မှာပါ။
ညီတော်လေးနှစ်ပါး အောင်မြင်ပါစေသော်ဝ်…။