Daily Archives: September 13, 2018

နဂါးနီစုဘူးသတင်း

အောင်သာယာ နဂါးနီစုဘူးအသင်း ငွေပေးပွဲ

အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊၊ အောင်သာယာရပ်ကွက်ရှိ အမှတ်(၆)နဂါးနီစုဘူးအသင်း စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။(13.9.2018)ရက်နေ့၊ ညနေ(၄း၀၀)နာရီ၊ အောင်သာယာ မဘသရုံးစိုက်ရာ ၄၅×၄၇ လမ်း၊ မြတ်လေးလမ်းနှင့် ဂန္ဓမာလမ်းကြား ရတနာသိဒ္ဓိကျောင်းတိုက်မှာ ကျင်းပတာပါ။နဂါးနီစုဘူးအသင်း နာယကဆရာတော် အရှင်ဇဝန၊ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာ၊ စာရင်းစစ် ဒေါ်တင်တင်စန်း၊ ဒုတိယအတွင်းရေးမှူး မအိနန္ဒာလွင်တို့ တက်ရောက်ကြပြီး နာယကဆရာတော် အရှင်ဇဝန က သြဝါဒချီးမြှင့်ပါတယ်။အသင်းသား/သူ (၁၃၀)အတွက် တစ်ဦးလျှင် ၁၀၀၀၀၀(တစ်သိန်း)ကျပ်စီ ထုတ်ပေးခဲ့ပါတယ်။ ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် အောင်သာယာ နဂါးနီစုဘူးအသင်းဟာ ဆဋ္ဌမမြောက် အမှတ်(၆)စုဘူးဖြစ်ပြီး (၂.၁.၂၀၁၆)ရက်နေ့မှာ ...
ဝီရသူဖောင်ဒေးရှင်းသတင်း

ဝီရသူဖောင်ဒေးရှင်း အလှူတော် (၁)

ဝီရသူဖောင်ဒေးရှင်းအတွက် ပြင်သစ်နိုင်ငံနေ ကိုအောင်သက်ပိုင်+မကေခိုင်ဌေး၊ သမီး-အိသဲသက်ပိုင်၊ သား-ပိုင်ဂါမဏိမျိုးချစ် မိသားစုတို့လှူဒါန်းသော  အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်)ကို မိဘများဖြစ်ကြသော ဦးဝင်းမြင့်ဌေး+ဒေါ်ခင်မမ(ရွှေမန်းမေအထည်ဆိုင်-မန်းမြို့ဈေး)မှ လှူဒါန်းစဉ်။ (13.9.2018) အလှူရှင် ကိုအောင်သက်ပိုင် မိသားစုနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ဝီရသူဖောင်ဒေးရှင်းကို အမရပူရမြို့ MK ကျောက်မျက်ရတနာလုပ်ငန်းပိုင်ရှင် ဦးမိုးကို+ဒေါ်ခိုင်မာဝင်း မိသားစုတို့က ပဒေသာပင်စိုက်ထူတည်ထောင်ပါသည်။ တည်ထောင်သူ ဦးမိုးကို မိသားစုတို့က တစ်လလျှင် ၁၀ သိန်းကျပ် ထည့်ဝင်လှူဒါန်းကာ သိန်း (၃၀၀)ကျပ် ပြည့်သည်အထိ လှူဒါန်းသွားမည်ဖြစ်ပါသည်။ ဖောင်ဒေးရှင်း၏ အဓိကရည်ရွယ်ချက်မှာ ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း


ဝါခေါင်လပြည့်နေ့ (9.9.2018)ရက်နေ့၊ မနက် ၆း၀၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာ၊ ဓမ္မစေတီကျောင်းတိုက်မှာ ဆက်ကပ်ပါတယ်။ ဓမ္မစေတီကျောင်းတိုက်အတွင်းမှာဖွင့်လှစ်ထားတဲ့ ပညာရေးအကယ်ဒမီကျောင်းမှ ဆရာ ဆရာမများ၊ ကျောင်းသူကျောင်းသားများအား ကြက်ပေါင်းခေါက်ဆွဲ ကျွေးမွေးလှူဒါန်းရင်း ဆရာတော်သံဃာတော်များကို ဆက်ကပ်တာပါ။ဓမ္မစေတီကျောင်းတိုက်ဆရာတော်လေး အရှင်သုမနာလင်္ကာရ၊ ပညာရေးအကယ်ဒမီကျောင်းအုပ်ဆရာတော် အရှင်ဥက္ကဋ္ဌ အမှူးရှိသော ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှောက်ကြပါတယ်။ အလှူရှင်များကတော့ မန္တလေးမြို့မှ ဒေါ်မြင့်မြင့်ကြည်နှင့် အမျိုးသားရေး ညီအစ်မတစ်စုတို့ဖြစ်ပါတယ်။အလှူဒါယိကာမများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ…။ “ပညာရေးအကယ်ဒမီကျောင်း မနက်စာ အာဟာရအလှူ” ဝါခေါင်လပြည့်နေ့ (9.9.2018)ရက်နေ့၊ မနက် ...