မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း







ဆက်သွယ်လှူဒါန်းရန်

“ပညာရေးအကယ်ဒမီကျောင်း အဟာရဒါနအလှူတော်”

25.6.2019 ရက်နေ့၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ ဓမ္မစေတီကျောင်းတိုက်မှာ ကျင်းပပါသည်။ နေ့လယ်စာ- ကြက်သားနဲ့ ဘူးသီးချက်၊ သရက်ချဉ်၊ ပုဇွန်ခြောက်နဲ့ ငရုတ်သီးကြော်၊ ငှက်ပျောသီး၊ ညစာ- ဝက်သားချက်၊ ဟင်းရည်၊ သရက်ချဉ်၊ ငါးပိကြော်တို့ဖြင့် အဟာရဒါနပြုပါသည်။

ဆွမ်းအလှူရှင်များမှာ
ဘုရားကြီးတိုက် ဇေယျာရွှေမြေကျောင်းဆရာတော် ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)၊
အမရပူရမြို့နယ် နန်းဦးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝဏ္ဏိတ၊
ဘုရားကြီးတိုက် ဓမ္မိကာရာမကျောင်းမှ ဆရာတော် ဘဒ္ဒန္တတိက္ခတို့ ဖြစ်ပါသည်။

ဆွမ်းနှစ်နှပ်စာအတွက် နဝကမ္မငွေကျပ် ၄၀၀,၀၀၀ ကို ကျောင်းအုပ်ချုပ်မှုအဖွဲ့ကိုယ်စား ဦးနိုင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ဆက်ကပ်ခဲ့သည်။

ပညာရေးအကယ်ဒမီတွင် ပဉ္စမတန်းမှ တက္ကသိုလ်ဝင်တန်းအထိ ကျောင်းသား ကျောင်းသူ ၄၀၀ နီးပါး ပညာသင်ယူလျက်ရှိသည်။

ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီသို့ အာဟာရဒါနအပါအဝင် ဆန် ဆီ စသည့်စားသောက်ကုန်များ၊ စာအုပ်နှင့် စာရေးကိရိယာများ၊ မုန့်ပဲသရည်စာများလည်း လှူဒါန်းနိုင်ပါသည်။

ဆက်သွယ်လှူဒါန်းရန်
ဦးနိုင် (ဖုန်း-09444637969)