Daily Archives: June 25, 2019

မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း

ပညာရေးအကယ်ဒမီကျောင်း အဟာရဒါနအလှူတော်

25.6.2019 ရက်နေ့၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ ဓမ္မစေတီကျောင်းတိုက်မှာ ကျင်းပပါသည်။ နေ့လယ်စာ- ကြက်သားနဲ့ ဘူးသီးချက်၊ သရက်ချဉ်၊ ပုဇွန်ခြောက်နဲ့ ငရုတ်သီးကြော်၊ ငှက်ပျောသီး၊ ညစာ- ဝက်သားချက်၊ ဟင်းရည်၊ သရက်ချဉ်၊ ငါးပိကြော်တို့ဖြင့် အဟာရဒါနပြုပါသည်။ ဆွမ်းအလှူရှင်များမှာ ဘုရားကြီးတိုက် ဇေယျာရွှေမြေကျောင်းဆရာတော် ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)၊ အမရပူရမြို့နယ် နန်းဦးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝဏ္ဏိတ၊ ဘုရားကြီးတိုက် ဓမ္မိကာရာမကျောင်းမှ ဆရာတော် ဘဒ္ဒန္တတိက္ခတို့ ဖြစ်ပါသည်။ ဆွမ်းနှစ်နှပ်စာအတွက် နဝကမ္မငွေကျပ် ၄၀၀,၀၀၀ ကို ကျောင်းအုပ်ချုပ်မှုအဖွဲ့ကိုယ်စား ဦးနိုင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ဆက်ကပ်ခဲ့သည်။ ...
ပါရမီပျိုးခင်းသွေးလှူအသင်းသတင်း

ဆရာတော်ဦးဝီရသူမွေးနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ(မစိုးရိမ်)၏ သက်တော် (၅၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် “ပါရမီပျိုးခင်းသွေးလှူအသင်း” (၂၂)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားကို ဆရာတော့်မွေးနေ့ဖြစ်မသော 26.6.2019 နေ့တွင် ပြင်ဦးလွင်မြို့၊ တပ်မတော်ဆေးရုံမှာ ကျင်းပပါမည်။ သွေးလှူဒါန်းခြင်းဖြင့် ဒါနဥပပါရမီ ကုသိုလ် ဖြည့်ဆည်းလိုသော မေတ္တာရှင် ကရုဏာရှင် ရဟန်း ရှင် လူ ပြည်သူများ မည်သူမဆို ပါဝင်လှူဒါန်းနိုင်ပါသည်။ ဆက်သွယ်ရန် – 09.771149431 မေတ္တာဖွေးလက် သွေးတစ်စက် ပေးဆပ်ခဲ့လေသော်။ ဥပပါရမီ မြတ်ဂုဏ်ရည် ရွှေပြည်နိဗ္ဗာန် ရောက်လေသော်…။