“ပညာရေးအကယ်ဒမီကျောင်း နေ့ဆွမ်းအလှူ”
သီတင်းကျွတ်လဆန်း ၁၄ ရက်၊ (23.10.2018)ရက်နေ့၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ဓမ္မစေတီကျောင်းတိုက်၊ ပညာရေးအကယ်ဒမီကျောင်းမှာ ဆက်ကပ်ပါတယ်။
ဆွမ်းအလှူရှင်များကတော့ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့မှ ဦးထွန်းထွန်းဦး+ဒေါ်မခိုင် မိသားစုတို့ ဖြစ်ပါတယ်။
ပညာရေးအကယ်ဒမီကျောင်းက သီတင်းကျွတ်ရွာပြန်ခွင့်မပေး၊ ကျောင်းပိတ်မပေးတာကြောင့် မိဘများလိုက်လာရင်း စုပေါင်းလှူဖြစ်သွားကြတာပါ။
နဝကမ္မအလှူငွေများလည်း ဆွမ်းလောင်းတဲ့အခါ ထည့်လှူကြပါသေးတယ်။ (သတင်းနောက်ကျသွားလို့ တောင်းပန်ပါတယ်။)