“အိမ်မဲသူအိမ်မဲသားများဆွမ်းအလှူ”
သီတင်းကျွတ်လပြည့်ကျော် ၂ ရက် (26.10.2018)ရက်နေ့၊ မနက် ၁၁း၀၀ နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ပင်မမစိုးရိမ်တိုက်ကြီးမှာ ဆက်ကပ်ပါတယ်။
မာဂဓနယူပဒေသကျောင်းသံဃာတော်များနှင့် မစိုးရိမ်တိုက်ကြီး နာယကဆရာတော်များအား ဆက်ကပ်တာပါ။ စာရေးသူကို ပင့်သံဃာအဖြစ် ဆက်ကပ်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ဆက်ကပ်ဖူးပါတယ်။ အနီအကြောင်တွေနဲ့ တုမပြောလိုကြပေမယ့် ရင်ထဲမှာတော့ ဝီရသူမှ ဝီရသူပါပဲ။
ဆွမ်းကပ်အပြီးမှာ သီးသန့်သြဝါဒခံယူကြပါတယ်။ အမျိုးဘာသာ သာသနာချစ်စိတ် အင်မတန်ကြီးမားတဲ့ အိမ်မဲသူအိမ်မဲသားများပါ။ ဒီသတင်းတက်သွားရင် သူတို့လေးတွေ အဆဲခံရမှာသိပေမယ့် စာရေးသူကို ပင့်ဖြစ်အောင်ပင့်ပြီး ဆက်ကပ်ကြတာပါ။ (အစိုးရကိုဝေဖန်တဲ့သံဃာကိုဆွမ်းကပ်ရင် ဆဲရေးရမယ်ဆိုတာ အနီတို့ရဲ့ ဒီမိုကရေစီမူဝါဒပါပဲ။)