သတင်း
ဒကာ – ဆရာတော်ဦးဝီရသူ-ကို အရှင်ဘုရား ဘယ်လိုမြင်လဲ……?
အရှင်ပဏ္ဍိတ – ခင်ဗျားကိုယ် ခင်ဗျားရော ဘယ်လိုမြင်လဲ……
ဒကာ – တပည့်ရဲ့စိတ်ကို အမှန်အတိုင်းမြင်တဲ့သူ၊ တပည့်တော်အကြောင်းကို ထဲထဲဝင်ဝင်သိတဲ့သူတိုင်းကတော့ တပည့်တော်ကို အကောင်းမြင်ကြပါတယ်ဘုရား။
အရှင်ပဏ္ဍိတ – အေး……ဆရာတော်ဦးဝီရသူလည်း အဲဒီအတိုင်းပဲ၊ သူ့ရဲ့စိတ်ကို အမှန်အတိုင်းမြင်တဲ့သူ၊ သူ့အကြောင်းကို ထဲထဲဝင်ဝင်သိတဲ့သူတိုင်းဟာ သူ့ကို အကောင်းမြင်ကြတာချည်းပါပဲ။
ဒကာ – အရှင်ဘုရားက မဘသ-လား၊ NLD-လားဘုရား……?
အရှင်ပဏ္ဍိတ – ရော်……… အဲ့နှစ်ခုက ရန်သူတွေလား?
ဒါ့အပြင် ခင်ဗျားတို့က သံဃာကို ဓမ္မနဲ့မဆုံးဖြတ်ဘဲ ပါတီနဲ့ဆုံးဖြတ်နေကြတာလား။
ဒကာ – အရှင်ဘုရားတို့ သံဃာတော်တွေလည်း အဖွဲ့တွေ ကွဲနေကြတယ်။ ဘယ်ဖက်က မှန်လဲဘုရား……?
အရှင်ပဏ္ဍိတ – သံဃာတော်တွေအနေနဲ့ ဘယ်ဖက်ကမှ မမှားပါဘူး။ ဒါပေမယ့် လူယုတ်မာတွေ ရှူးတိုက်လို့ သံဃာတော်တွေ ခွေးကိုက်ခံရပြီး အဖွဲ့ကွဲသွားတာပါ။ ခွေးတွေပျောက်သွားရင် ဟိုတုန်းကလို ပြန်လည်ပေါင်းစည်းသွားပါလိမ့်မယ်။
ဒကာ- ဒီနေ့ခေတ် သာသနာတော်ကို ဘယ်လိုမြင်လဲဘုရား……?
ဖြေ – အင်ဂျင်မရှိတဲ့ကားကို ရွှေချပြီး တက်မောင်းနေရသလို ခံစားရတယ်။ အဓိကကျတဲ့ စာမေးပွဲစနစ်ကို မပြုပြင်ရင် ရေရှည်မှာ အခက်အခဲရှိတယ်။
ဒကာ – တစ်ချို့ဆရာတော်တွေပေါ့! ပညာတတ်,အကျင့်သီလကောင်းပေမယ့် အပြောအဆိုကြမ်းတော့ ရဟန်းမပီသသလိုပဲ။
အရှင်ပဏ္ဍိတ – အပြောအဆိုကြမ်းတာကို အားပေးတာတော့ မဟုတ်ဘူး။ ဒါပေမယ့် တကယ်လိုအပ်လာရင် ဘုရားတောင် ယီးလှန်ပြတယ်။ မယုံရင် အမ္ဗဋ္ဌသုတ်-ဖတ်ကြည့်။
ဒကာ – နိုင်ငံတိုးတက်ဖို့အတွက် ရှေးရိုးစွဲတွေ စွန့်ဖို့လိုတယ်ဘုရား………
အရှင်ပဏ္ဍိတ – ယဉ်ကျေးမှုနဲ့ ဗုဒ္ဓဘာသာကို နင်းခြေနေတဲ့ သူတွေကို နိုင်ငံတိုးတက်ဖို့ဆိုတဲ့ စကားလုံးနဲ့ ဖာနေတာလား။
ဗုဒ္ဓဘာသာက ခေတ်နဲ့ပြတ်ကျန်နေတာ မဟုတ်ဘူး။
သူတို့ကသာ ယဉ်ကျေးမှုနဲ့ ဘာသာတရားတန်ဘိုးကို နားမလည်ကြတာပါ။
ဒကာမ – ရဟန်းတော်တွေ ဆန္ဒပြနေတယ်။ ဒါ…… နိုင်ငံတော်ကို ကန့်လန့်တိုက်နေတာ။ ဝိနည်းနဲ့ မညီဘူးမဟုတ်လားဘုရား……
အရှင်ပဏ္ဍိတ – ဖတ်ဖူးတော့ ဘုရားရှိခိုး အမျိုးမျိုး၊ ပြောတဲ့စကားက ဝိနည်းနဲ့မညီဘူး။ အင်း……… ငါးပါးက (၂၂၇)သွယ်ကို တိုက်ချင်ရင် (၂၂၇)သွယ်ကို အရင်သိအောင်လုပ်။ သူများပြောတိုင်း ရမ်းမပြောနဲ့။ ငရဲကျရင် အဲဒီလူတွေက ရှေ့နေလိုက်ပေးမှာမဟုတ်ဘူး။
ဒကာ – လက်ရှိ သာ/ယဉ်ဝန်နဲ့ ပတ်သက်ပြီး ဘာပြောချင်လဲဘုရား………?
အရှင်ပဏ္ဍိတ – ကိုယ့်သမီးကိုတောင် ယဉ်ကျေးအောင် မဆုံးမနိုင်တဲ့သူက ယဉ်ကျေးမှုဝန်ကြီးဖြစ်နေတာကို ကျုပ်က ဘာပြောရမှာတုန်း……။
ဒကာ – ရခိုင်ဒေသအကြောင်းကို ပုံကြီးချဲ့နေကြတယ်။ တကယ်တော့ လူတွေစိုးရိမ်သလောက် မပြင်းထန်ဘူးလို့ တပည့်တော်ထင်တယ်။
အရှင်ပဏ္ဍိတ – အခန်းထဲအောင်းနေပြီး ကိုယ်ထင်ရာ စွတ်မပြောနဲ့။ ခင်ဗျား မောင်တော်က ဘင်္ဂါလီသုံးရွာလောက်ကိုပဲ အဖော်မပါဘဲ သွားကြည့်လိုက်လေ။ အကောင်းတိုင်း ပြန်လာနိုင်မလား………လို့။
ဒကာ – အရှင်ဘုရားတို့က ကုလားမုန်းတီးရေးတွေ ပြောနေကြတာပဲ။
အရှင်ပဏ္ဍိတ – ရော်……… သူတို့ကမှ ချစ်အောင်မနေတာ…
ဒကာ – သာသနာတော်အတွက် အရှင်ဘုရားတို့မှာ တာဝန်ရှိတယ်………
အရှင်ပဏ္ဍိတ – နေပါဦး……ကျုပ်တို့ကတာဝန်ရှိတယ်ဆိုတော့.. ကျန်တဲ့ဗုဒ္ဓဘာသာဝင်တွေက သေကုန်လို့လား…………။
[အဲ့ဒါကြောင့် သူငယ်ချင်းတွေကပြောတာ………”မင်းရဲ့ ပြောပုံဆိုပုံက သောက်ချိုးမပြေဘူး။ ဒီတိုင်းဆက်သွားရင် ငတ်သေလိမ့်မယ်……”တဲ့။ ငတ်လည်း တက်နိုင်ဘူး။ ပြောသင့်တာတော့ ပြောရမှာပဲ။ မကြားချင်ရင် နားပိတ်ထားပေရော့……။]
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)