သတင်း




“မစိုးရိမ်တိုက်သစ် အာစရိယပူဇော်ပွဲ”

သီတင်းကျွတ်လဆန်း ၁၂ ရက်၊ 21.10.2018 ရက်နေ့၊ ညနေ ၄း၀၀ နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီး အပေါ်ဆုံးထပ်မှာ ကျင်းပပါတယ်။ မဟာနာယကဆရာတော်ကြီးများ၊ နာယကဆရာတော်များနှင့် တပည့် စာချ စာသင် သံဃာတော်များ ကြွရောက်ကြပါတယ်။

မစိုးရိမ်တိုက်သစ်ကျောင်းသားဟောင်း လူပြန်တော်အဖွဲ့(LPT)များလည်း တက်ရောက်ကြပါတယ်။ မဟာနာယကဆရာတော်သုံးပါးက သြဝါဒပေးကြပါတယ်။ မစိုးရိမ်တိုက်သစ် အာစရိယပူဇော်ပွဲကို တပည့်စာသင်သားသံဃာလေးများက မိမိ၏ဆရာသမားများကို စုဆောင်းစုပေါင်းပြီး ပြန်လည်ပူဇော်တဲ့အနေနဲ့ ကျင်းပကြတာပါ။ အာစရိယပူဇော်ပွဲအပြီးမှာတော့ သီတင်းကျွတ်ကျောင်းပိတ်လိုက်ပါပြီ။ သံဃာတော်များ ရွာပြန်ကြပါပြီ။