သတင္း

“ေထရ္ႀကီးဝါႀကီး ဆရာေတာ္ႀကီးမ်ားအား ဖူးေျမာ္ပူေဇာ္”

7.5.2019 ရက္ေန႔၊ မနက္ ၁၀း၀၀ နာရီ၊ စစ္ကိုင္းၿမဳိ႕နယ္၊ မင္းကြန္းေတာင္ရိုး၊ သီရိဓဇေက်ာင္းတုိက္မွာ သြားေရာက္ဖူးေျမာ္ပူေဇာ္တာပါ။

သက္ေတာ္ရွည္ သီရိဓဇဆရာေတာ္ႀကီးက ႏိုင္ငံေတာ္သံဃမဟာနာယက (၄၇)ပါးအဖြဲ႔ဝင္ ျဖစ္ပါတယ္။ မင္းကြန္းပုထုိးေတာ္ႀကီး ပညာေရးအကယ္ဒမီ စာသင္ေက်ာင္းေဆာင္ ေဆာက္လုပ္ေနမႈနဲ႔ပတ္သက္ၿပီး ေလွ်ာက္ထားကာ ေထရ္ႀကီးဝါႀကီးမ်ားထံ စုေပါင္းၾသဝါဒခံယူပြဲ က်င္းပသည့္အခါ ၾကြေရာက္ခ်ီးေျမႇာက္ဖုိ႔ တပါတည္းပင့္ဖိတ္ခဲ့ျခင္းျဖစ္ပါတယ္။

ဆက္လက္ၿပီး အရိယမဂၢင္ဆရာေတာ္ႀကီးထံ သြားေရာက္ဖူးေျမာ္ပါတယ္။ ဆရာေတာ္ႀကီးက အိုမင္းရွာၿပီျဖစ္လို႔ သကၤန္းေတာင္ မကပ္ႏိုင္ေတာ့ပါဘူး။ အားရဝမ္းသာနဲ႔ ကမၻာေက်ာ္ဆရာေတာ္က သတင္းေမႊးပါတယ္ကြာဟုမိန္႔ၾကားရင္း ငါးမန္းစာမမိရေလေအာင္ ပုံတုိပတ္စမ်ားျဖင့္ သတိေပးဆံုးမေတာ္မူပါတယ္။

“ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ဖူးမြော်ပူဇော်”

7.5.2019 ရက်နေ့၊ မနက် ၁၀း၀၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ သီရိဓဇကျောင်းတိုက်မှာ သွားရောက်ဖူးမြော်ပူဇော်တာပါ။

သက်တော်ရှည် သီရိဓဇဆရာတော်ကြီးက နိုင်ငံတော်သံဃမဟာနာယက (၄၇)ပါးအဖွဲ့ဝင် ဖြစ်ပါတယ်။ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီ စာသင်ကျောင်းဆောင် ဆောက်လုပ်နေမှုနဲ့ပတ်သက်ပြီး လျှောက်ထားကာ ထေရ်ကြီးဝါကြီးများထံ စုပေါင်းသြဝါဒခံယူပွဲ ကျင်းပသည့်အခါ ကြွရောက်ချီးမြှောက်ဖို့ တပါတည်းပင့်ဖိတ်ခဲ့ခြင်းဖြစ်ပါတယ်။
ဆက်လက်ပြီး အရိယမဂ္ဂင်ဆရာတော်ကြီးထံ သွားရောက်ဖူးမြော်ပါတယ်။

ဆရာတော်ကြီးက အိုမင်းရှာပြီဖြစ်လို့ သင်္ကန်းတောင် မကပ်နိုင်တော့ပါဘူး။
အားရဝမ်းသာနဲ့ ကမ္ဘာကျော်ဆရာတော်က သတင်းမွှေးပါတယ်ကွာဟုမိန့်ကြားရင်း ငါးမန်းစာမမိရလေအောင် ပုံတိုပတ်စများဖြင့် သတိပေးဆုံးမတော်မူပါတယ်။