သတင်း
“အသုဘဘာဝနာ သံဝေဂတရားတော်”
ကဆုန်လဆန်း ၅ ရက် (8.5.2019)ရက်နေ့၊ မနက် ၉း၀၀ နာရီ၊ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၅ လမ်း၊ ရန်ကြီးအောင်ဂုံးကျော်ဘေး၊ မီးရထားတိုက်တန်း၊ အခန်းအမှတ်(T-5)၊ ဦးကိုကိုနိုင်(မီးရထားစက်ခေါင်းမောင်း)နေအိမ်မှာ ဟောကြားပါတယ်။
ဒေါ်ကြင်ကြင်မြိုင်နှင့် ဦးကိုကိုနိုင်တို့၏ ဖခင် ဦးမြသောင်း(၇၈)နှစ်၏ အသုဘအခမ်းအနားဖြစ်ပါတယ်။
ဖခင်ကြီး ဦးမြသောင်းက 7.5.2019 မနက် ၁၀း၂၅ နာရီမှာ ကွယ်လွန်ခဲ့တာပါ။
ဒေါ်ကြင်ကြင်မြိုင်ဆိုတာ စာရေးသူတည်ထောင်တဲ့ နဂါးနီစုဘူးအသင်းကြီးရဲ့ ဗဟိုအီးစီအဖွဲ့ဝင် ဖြစ်ပါတယ်။
သရဏဂုံနှင့် ငါးပါးသီလဆောက်တည်အပြီးမှာ သံဃာတော်များက အနိစ္စာဝတသင်္ခါရာ သံဝေဂဂါထားသုံးပုဒ် ရွတ်ပွားကြပါတယ်။
စာရေးသူက အဘိဏှသုတ္တန်လာ အမြဲမပြတ် ဆင်ခြင်အပ်တဲ့ တရားငါးမျိုးထဲက တရားသုံးမျိုးကို နှုတ်တိုက်ချပေးပြီး ဆင်ခြင်ပွားများ နှလုံးသွင်းခိုင်လိုက်ပါတယ်။
၁။ ငါသည် အိုခြင်းသဘောရှိ၏၊ အိုခြင်းသဘောကို မလွန်ဆန်နိုင်။
၂။ ငါသည် နာခြင်းသဘောရှိ၏၊ နာခြင်းသဘောကို မလွန်ဆန်နိုင်။
၃။ ငါသည် သေခြင်းသဘောရှိ၏၊ သေခြင်းသဘောကို မလွန်ဆန်နိုင်။