မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း



“ပညာရေးအကယ်ဒမီ သားသားမီးမီးများ နေ့လည်စာအာဟာရအလှူတော်”

9.3.2019 ရက်နေ့၊ တက္ကသိုလ်ဝင်တန်း လာရောက်ဖြေဆိုကြတဲ့ မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီကျောင်းမှ ကျောင်းသားကျောင်းသူများကို စစ်ကိုင်းမြို့ သဒ္ဓမ္မပါလကျောင်းမှ စာမေးပွဲရက်အတွင်း နေ့စဉ်အာဟာရဒါနပြုပါတယ်။
စာမေးပွဲရက်အတွင်း ကောင်းကောင်းမွန်မွန် အားရပါးရစားသောက်ကြတဲ့ ကျောင်းသူကျောင်းသားများကလည်း ထမင်းမစားခင် အလှူရှင်များကို ဆုတောင်းမေတ္တာပို့သပြီးမှ စားသောက်ကြပါတယ်။
အလှူရှင် သဒ္ဓမ္မပါလကျောင်းဆရာတော်လေး ဦးကောဝိဒနှင့်အတူ တပည့်ဒါယကာ ဒါယိကာမများအားလုံး ကျန်းမာချမ်း ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ…။