သတင္း

ပအိုဝ့္တုိင္းရင္းသားမ်ား လာေရာက္ဖူးေျမာ္

3.3.2019 ရက္ေန႔၊ မနက္ပိုင္းမွာ ဓမၼသဟာယေက်ာင္းသုိ႔ ေရာက္ရွိလာတာပါ။ ဘုရားဖူးလာရင္း ဝင္ေရာက္ဖူးေျမာ္ၾကတာပါ။ ရပ္ေစာက္ၿမဳိ႕မွ ပအုိဝ့္တုိင္းရင္းသား အမ်ဳိးသားေတြပဲ ျဖစ္ပါတယ္။
ေလသာေက်ာင္းတုိက္မွ ပအုိဝ့္ဦးဇင္းေလးမ်ား ေခၚေဆာင္လာၾကတာပါ။
မင္းကြန္းပုထုိးေတာ္ႀကီးပညာေရးအကယ္ဒမီေက်ာင္းမွ ပအုိဝ့္ေက်ာင္းသူေက်ာင္းသားမ်ားပုံပါတဲ့ ပန္းဖလက္ေလးေတြျပၿပီး ပညာေရးအေရးႀကီးပံုကို ေဟာေျပာျပလုိက္ပါတယ္။

ပညာေရးအကယ္ဒမီေက်ာင္း ရိကၡာအတြက္ အလွဴခံထြက္စရာ ရြာမ်ားမ်ားစားစား မရွိေသးပါ၊ အမာခံရိကၡာမ်ားျဖစ္တဲ့ ဆန္ ဆီ ငရုပ္ ၾကက္သြန္ ပဲ ငါပိငါးေျခာက္ ငံျပာရည္ ထြက္ရွိတဲ့ ေက်းရြာမ်ားႏွင့္ အလွဴခံရမည့္အခ်ိန္အခါမ်ဳိး လိုအပ္လ်က္ရွိေၾကာင္း ေဟာေျပာျပလုိက္တာ ေဒသထြက္ လံုးတီးဆန္ႏွင့္ အသီအႏွံမ်ား အလွဴခံေပးမည္ျဖစ္ေၾကာင္း ေဒသခံဦးဇင္းေလးမ်ားက ေလွ်ာက္ထားၾကပါတယ္။

“ပအိုဝ့်တိုင်းရင်းသားများ လာရောက်ဖူးမြော်”

3.3.2019 ရက်နေ့၊ မနက်ပိုင်းမှာ ဓမ္မသဟာယကျောင်းသို့ ရောက်ရှိလာတာပါ။
ဘုရားဖူးလာရင်း ဝင်ရောက်ဖူးမြော်ကြတာပါ။
ရပ်စောက်မြို့မှ ပအိုဝ့်တိုင်းရင်းသား အမျိုးသားတွေပဲ ဖြစ်ပါတယ်။
လေသာကျောင်းတိုက်မှ ပအိုဝ့်ဦးဇင်းလေးများ ခေါ်ဆောင်လာကြတာပါ။
မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီကျောင်းမှ ပအိုဝ့်ကျောင်းသူကျောင်းသားများပုံပါတဲ့ ပန်းဖလက်လေးတွေပြပြီး ပညာရေးအရေးကြီးပုံကို ဟောပြောပြလိုက်ပါတယ်။

ပညာရေးအကယ်ဒမီကျောင်း ရိက္ခာအတွက် အလှူခံထွက်စရာ ရွာများများစားစား မရှိသေးပါ၊ အမာခံရိက္ခာများဖြစ်တဲ့ ဆန် ဆီ ငရုပ် ကြက်သွန် ပဲ ငါပိငါးခြောက် ငံပြာရည် ထွက်ရှိတဲ့ ကျေးရွာများနှင့် အလှူခံရမည့်အချိန်အခါမျိုး လိုအပ်လျက်ရှိကြောင်း ဟောပြောပြလိုက်တာ ဒေသထွက် လုံးတီးဆန်နှင့် အသီအနှံများ အလှူခံပေးမည်ဖြစ်ကြောင်း ဒေသခံဦးဇင်းလေးများက လျှောက်ထားကြပါတယ်။