သတင်း

ပါရမီရှင်လေး စိမ်းမို့မို့

ဓနပရိစ္စာဂ-ဥစ္စာကိုစွန့်လွှတ်ခြင်း
ပုတ္တပရိစ္စာဂ-သားသမီးကိုစွန့်လွှတ်ခြင်း
ဘရိယပရိစ္စာဂ-မယားကိုစွန့်လွှတ်ခြင်း
အင်္ဂပရိစ္စာဂ-ကိုယ်အင်္ဂါအစိတ်အပိုင်းများကို စွန့်လွှတ်ခြင်း
ဇီဝိတပရိစ္စာဂ-အသက်ကိုစွန့်လွှတ်ခြင်း
စွန့်ခြင်းကြီးငါးပါးရှိပါတယ်။ အားလုံးဟာ ပါရမီလမ်းစဉ်ပါပဲ။
ဘုရားလောင်းတို့လျှောက်လှမ်းခဲ့တဲ့ ဘုရားလောင်းလမ်းစဉ်ပါပဲ။
ဘုရားလောင်းလမ်းစဉ်ကို တော်တန်ရုံစိတ်ကူးနဲ့ မလျှောက်လှမ်းနိုင်ပါ။
မိမိခန္ဓာကိုယ်အစိတ်အပိုင်းများကို ရက်ရက်ရောရော စွန့်လွှတ်လှူဒါန်းနိုင်တဲ့ မျိုးချစ်မိန်းကလေး စိမ်မို့မို့အတွက် အထူးဂုဏ်ယူမိပါတယ်။
စိမ်းမို့မို့တစ်ယောက် ဘဝဆက်တိုင်း ရန်သူမျိုးငါးပါးကင်းဝေးစွာဖြင့် အများအကျိုးကိုဆောင်ရွက်နိုင်ပါစေ။
ဝီရသူ(မစိုးရိမ်)
7.7.2017
PM 8:49
==========================================================
#နတ်လူသာဓုခေါ်ကြပါစေသော်
အမျိုးသားရေးကာချုပ်ဆရာတော် သာသနာ့အာဇာနည်ဆရာတော် ဓမ္မကထိက ဘဒ္ဒန္တဝိစိတ္တာဘိဝံသ(ဝီရသူ-မစိုးရိမ်)၏ ၂၆-၆-၂၀၁၇နေ့တွင် ကျရောက်သော ၄၉နှစ်ပြည့် မွေးနေ့မင်္ဂလာအား ရည်စူး၍
ယနေ့ ၇-၇-၂၀၁၇(သောကြာနေ့)တွင် မင်္ဂလာဒုံမြို့နယ် တပ်မတော်ဆေးတက္ကသိုလ် ခန္ဓာဗေဒဌာန၌ သင်ကြားရေးကိစ္စရပ်များတွင် အသုံးပြုရန် ဒေါ်စိမ်းမို့မို့၏ သေဆုံးပြီးနောက်ခန္ဓာကိုယ်အား လှူဒါန်းမှုပြုခဲ့ပါပြီရှင်
ထိုကောင်းမှု ကုသိုလ်အကျိုးအား ၃၁ဘုံကျင်လည်ကြကုန်သော လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအပေါင်းတို့နှင့် အမျိုးဘာသာသာသနာ ချစ်မြတ်နိုးကြသော ဆရာတော်သံဃာတော်များ၊ အမျိုးသားရေးမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြ၍ ကောင်းကျိုးလိုအင်ဆန္ဒမှန်သမျှ ပြည့်ဝကြပါစေ ဘေးအပေါင်း၊ ရန်အပေါင်း၊ အန္တရာယ်အပေါင်းတို့မှ ကင်းဝေးကြ၍ မတရားဖမ်းဆီးခံထားရသော အမျိုးသားရေး မောင်နှမများလည်း အမြန်ဆုံးလွတ်မြောက်ပါစေဟု အမျှပေးဝေ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည် အရှင်ဘုရား။