သတင်း

သူဟာ ထမီကိုယ်တော်

စာရေးသူ အိုးဘိုထောင်သို့ ရောက်ခါစကဖြစ်သည်။ စာရေးသူရောက်ပြီးနောက်တစ်နေ့တွင် ဦးဇင်းတစ်ပါးရောက်လာသည်။
စာရေးသူက ၄-တိုက်၊ ၄-ခန်း။ သူက ၄-တိုက်၊ ၃-ခန်းဖြစ်၏။

ရွှေခမောက်ရွှေမောင်က ၄-တိုက်၊ ၂-ခန်း။ ဦးမှိုင်း(ခ)ဦးတင်အေးကြူက ၄-တိုက်၊ ၁-ခန်းဖြစ်၏။ နောက်မှရောက်လာသည့် ဦးဇင်းကို နောက်တစ်နေ့ မနက်ထောင်ဖွင့်မှ တွေ့ရပေသည်။

ဦးပဉ္စင်းဘွဲ့ကား ဦးခေမာတည်း။ ရဟန်းသိက္ခာ (၆)ဝါရပြီဆို၏။ သူရောက်လာသည့်အမှုက ခပ်ဆန်းဆန်း။ ထမီစများတွင် ဓမ္မစင်္ကြာစက်ဝိုင်းပုံ၊ ပလ္လင်တော်ပုံ၊ ပလ္လင်ပေါ်၌ စံမြန်းနေတော်မူသော ရုပ်ပွားတော်ပုံများ ဒီဇိုင်းဆွဲထားသည့် ဖြစ်စဉ်ကြီးမားနေသောအခါဖြစ်ပါသည်။ အထူးသဖြင့် အင်ဒိုနီးရှား၊ မလေးရှားတို့မှလာသော ပါတိတ်လုံချည်များဖြစ်နေတတ်၏။

၎င်းတို့ကိုအတုခိုး၍ ပြည်တွင်းရိုက် အထည်စများမှာလည်း အဆိုပါပုံများ ရိုက်နှိပ်ထားသည်ကို တွေ့မြင်ရပါသည်။ စာရေးသူတို့က ထိုအထည်စများကို ဓာတ်ပုံရိုက်၍ သူတစ်ပါးတို့ ယုတ်မာထားပုံများကို အများပြည်သူများသိရှိအောင် နှိုးဆော်ပါသည်။
ထို့ကြောင့် အမျိုးသမီးများ အထည်စများကို ကျောင်းထိ လာအပ်နှံကြသည်က များပါသည်။

မသိ၍ ဝတ်မိသည့်အမျိုးသမီးများဖြစ်ပါ၏။ ဤအကြောင်းကို တရားထဲမှာလည်း ထည့်ဟောပါသည်။ ထမီပြဿနာ အတော်ကြီးမားသွားပါသည်။

အဆိုပါအချုပ်သား ဦးပဉ္စင်း ဦးခေမာသည် ထိုထမီစကိုကိုင်၍ နီးစပ်ရာဒကာ ဒကာမများကို လိုက်လံပြသပြီး အထည်ဝယ်သည့်အခါ ဂရုစိုက်ဝယ်ယူကြဖို့ ဆော်သြပါသည်။ ထိုဆော်သြချက်ကြောင့် ထောက်လှမ်းရေးများ အနံ့ရရှိသွားကာ လိုက်လံစုံစမ်းကြပါသည်။

ထိုအချိန်တွင် ပြည်သူ့ဆေးရုံကြီး သံဃာဆောင်၌ လူနာအစောင့်ကျနေသော ဦးခေမာက ထမီစကိုင်ပြီး ဆေးရုံကြီးသံဃာဆောင်ရှေ့မှာ ကွမ်းယာရောင်းသည့်အမျိုးသမီးကို ပြသနေပါသည်။ ထိုအခိုက် ထောက်လှမ်းရေးက လာဖမ်းသွားခြင်းဖြစ်ပါသည်။ ထိုဦးခေမာသည်လည်း စာရေးသူကဲ့သို့ပင် ပုဆိုးကို သင်းပိုင်လို ခါးပန်းလိပ်၍ ဝတ်ဆင်ပါသည်။ ညစာလည်းမစားပါ၊ သူ့အား ထောင်တွင်း၌ ထမီကိုယ်တော်ဟု ခေါ်ကြပါသည်။

စတင်ခေါ်ဝေါ်သူမှာ ဦးမှိုင်း(ခ)ဦးတင်အေးကြူဖြစ်ပါသည်။ ဦးမှိုင်း(ခ)ဦးတင်အေးကြူသည် ဟိုတလောက မန္တလေးမြို့ ခန်းမတစ်ခု၌ ကျင်းပခဲ့သော ဟောပြောပွဲတစ်ခုတွင် ဟောပြောသူငါးဦးအနက် တစ်ဦးဖြစ်ပါသည်။ ဦးမှိုင်းက ထိုသို့ခေါ်သောအခါ ထောင်သားအားလုံး တဝါးဝါးနှင့် သဘောကျသွားရာမှ ဦးခေမာသည် ထမီကိုယ်တော်အမည်တွင်သွားခဲ့ပါသည်။

ချိတ်ထမီသုတ္တန် နာကြားလိုက်ရသည့်အခါ အိုးဘို၌ အတူနေခဲ့သော ဦးပဉ္စင်းဦးခေမာ(ခ)ထမီကိုယ်တော်ကို ပြန်လည်သတိရနေမိပါသည်။ ချိတ်ထမီသုတ္တန်ဟောကြားသော ဆရာတော်လေးကို ကျေးဇူးတင်မိပါသည်။ အကြောင်းမှာ ချိတ်ထမီဟူသော စကားသည် စာရေးသူအတွက် အင်မတန်ကြီးမားသော အုတ်တံတိုင်းကြီး ဖြစ်လာနိုင်သောကြောင့်တည်း။

စာရေးသူသည် အချစ်တော်ကြီး ယန်ဟီးလီကို မေတ္တာပို့ခဲ့ဖူးပါသည်။ ထိုမေတ္တာပို့လိုက်သော စကားသည် အနီအကြောင်တို့၏ လက်နက်တစ်ခုဖြစ်သွားခဲ့ပါသည်။ အနီအကြောင်တို့သည် ထိုစကားကို လက်နက်တစ်ခုအဖြစ် ကိုင်ဆွဲထားပြီး စာရေးသူကို အမြဲတမ်း ဖာ–မ ဟု ဆဲရေးလေ့ ရှိပါသည်။ ယခုအခါ ထိုသူတို့က ထိုကဲ့သို့ ဖာ—မဟု ဆဲရေးလျင် စာရေးသူက ထိုစကား၏ ရှေ့ (သို့မဟုတ် )နောက်တွင် ချိတ်ထမီ စကားကို ကာဗာအဖြစ် အသုံးပြုခွင့်ရခဲ့ပါသည်။

ထိုအတွက် ကျေးဇူးတင်ခြင်းဖြစ်ပါသည်။ ချိတ်ထမီ ဖာ—မ။ ဖာ—မ ချိတ်ထမီ။ ကြိုက်ရာရွေးလိုက်ပါ အနီအကြောင်အပေါင်းတို့…………။

အမုန်းခံသမားကြီး
ဝီရသူ(မစိုးရိမ်)
6.1.2018
PM 1:12