Daily Archives: January 7, 2018

သတင်း

IRI စစ်တမ်းကတော့ အမျိုးသားရေးဘက်မှာ ရှိပါတယ်ဗျာ

၂၀၁၄ ခုနှစ်က ကောက်ခံထားတဲ့ စစ်တမ်းနှင့် ၂၀၁၆ ၂၀၁၇ မှာ ကောက်ခံထားတဲ့ စစ်တမ်းနှစ်ရပ်ကို နှိုင်းယှဉ်ပြထားပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက် အကောင်းမြင်သူမှာ ၈၈% NLD အစိုးရလက်ထက် အကောင်းမြင်သူမှာ ၇၅% ရေးထားတာကိုထောက်ရင် ၈၈%-ထဲမှာ အမျိုးသားရေးသမားတွေပါပါတယ်။ ဦးသိန်းစိန်အစိုးရကို အဆိုးမြင်သူက ၆%၊ NLD အစိုးရကို အဆိုးမြင်သူက ၁၆% ရှိပါတယ်။ အမျိုးသားရေးသမားတွေကတော့ ၁၆%သမားတွေပါ။ စီးပွားရေးနှင့်ပတ်သက်တဲ့ စစ်တမ်းကတော့ လက်ရှိအစိုးရကို အဆိုးမြင်သူ ၅၃% ရှိနေပါတယ်။ ငြိမ်းချမ်းရေးနှင့် ပတ်သက်တဲ့ စစ်တမ်းမှာတော့ လက်ရှိအစိုးရကို အဆိုးမြင်သူက ၂၀% ရှိနေပါတယ်။ တရားဥပဒေစိုးမိုးမှုနှင့်ပတ်သက်တဲ့ NLD ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော် အုတ်တံတိုင်းအလှူတော် – ၆)

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရွှေစာရံအုပ်စု ကျောက်ချောကျေးရွာမှာ တည်ဆောက်လျက်ရှိသော မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး အုတ်တံတိုင်းတစ်ခန်းစာအတွက် စစ်ကိုင်းမြို့ သောတပန်ရပ် ဦးမငိးစန်+မသီတာဦး မိသားစုမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းပါသည်။ အလှူရှင် ကိုကိုခိုင်+မဇင်မမမိသားစုနှင့်အတူ အနုမောဒနာပြုကြသော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခပဲ လိုရာဆန္ဒ ပြည့်ဝကြပါစေ။
သတင်းအင်တာဗျူး

ခံယူချက်မဲ့ အမျိုးသားရေးသမားဆိုရင်တော့ ရာသီအလိုက် အရောင်ပြောင်းသွားမှာပဲ(အပိုင်း-၂ နိဂုံး)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး – အစိုးရအပြောင်းအလဲ ကာလလေးမှာပဲ အရင်တုန်းက အမျိုးသားရေးတရား ဟောတဲ့ ဆရာတော်တွေ တချို့ မဟောတော့ဘူး။ တချို့လည်း လမ်းကြောင်းလေးတွေပြောင်းသွားတာမျိုးရှိတယ်။ တချို့လည်း အမျိုးသားရေးကနေ ပရဟိတဘက်လှည့်သွားတာလည်းရှိတယ်ပေါ့ဘုရား။ ဒီအပေါ်မှာလည်း တချို့က အားမလိုအားမရဖြစ်ကြတယ်ပေါ့ဘုရား။ အဲဒါတွေအပေါ်မှာရော အရှင်ဘုရားအနေနဲ့ ဘယ်လိုများ သုံးသပ်လို့ရနိုင်မလဲဘုရား။ ဖြေ – ဒါကတော့ ခံယူချက်ပေါ်မှာ မူတည်တာပေါ့။ ခံယူချက်မဲ့ အမျိုးသားရေးသမားဆိုရင်တော့ ရာသီအလိုက် အရောင်ပြောင်းသွားမှာပဲလေ။ ဆရာတော်သံဃာတော်တွေဆိုပြီးတော့လည်း အတင်း မြှင့်ပြီး တွက်ထားလို့ မရနိုင်ဘူး။ အခု မဟန ၄၇ ပါးထဲမှာပဲ မဘသဗဟိုဦးဆောင်ထဲမှာပါတဲ့ ...
သတင်း

သူဟာ ထမီကိုယ်တော်

စာရေးသူ အိုးဘိုထောင်သို့ ရောက်ခါစကဖြစ်သည်။ စာရေးသူရောက်ပြီးနောက်တစ်နေ့တွင် ဦးဇင်းတစ်ပါးရောက်လာသည်။ စာရေးသူက ၄-တိုက်၊ ၄-ခန်း။ သူက ၄-တိုက်၊ ၃-ခန်းဖြစ်၏။ ရွှေခမောက်ရွှေမောင်က ၄-တိုက်၊ ၂-ခန်း။ ဦးမှိုင်း(ခ)ဦးတင်အေးကြူက ၄-တိုက်၊ ၁-ခန်းဖြစ်၏။ နောက်မှရောက်လာသည့် ဦးဇင်းကို နောက်တစ်နေ့ မနက်ထောင်ဖွင့်မှ တွေ့ရပေသည်။ ဦးပဉ္စင်းဘွဲ့ကား ဦးခေမာတည်း။ ရဟန်းသိက္ခာ (၆)ဝါရပြီဆို၏။ သူရောက်လာသည့်အမှုက ခပ်ဆန်းဆန်း။ ထမီစများတွင် ဓမ္မစင်္ကြာစက်ဝိုင်းပုံ၊ ပလ္လင်တော်ပုံ၊ ပလ္လင်ပေါ်၌ စံမြန်းနေတော်မူသော ရုပ်ပွားတော်ပုံများ ဒီဇိုင်းဆွဲထားသည့် ဖြစ်စဉ်ကြီးမားနေသောအခါဖြစ်ပါသည်။ အထူးသဖြင့် အင်ဒိုနီးရှား၊ မလေးရှားတို့မှလာသော ပါတိတ်လုံချည်များဖြစ်နေတတ်၏။ ၄င်းတို့ကိုအတုခိုး၍ ပြည်တွင်းရိုက် အထည်စများမှာလည်း အဆိုပါပုံများ ရိုက်နှိပ်ထားသည်ကို တွေ့မြင်ရပါသည်။ စာရေးသူတို့က ထိုအထည်စများကို ဓာတ်ပုံရိုက်၍ ...
သတင်း

ဘုရားဆေး နွားသေးနှင့် ဇီးဖြူ ဖန်ခါး ရဟန်းစား တရားတော်

စာရေးသူ မှီဝဲသည့်ဆေးပါ။ ဘုရားဆေးဟု ခေါ်ပါသည်။ မနက်အိပ်ယာထသည်နှင့် တစ်ပြိုင်နက် ၄င်းဆေးရည်သောက်ပြီးမှ ရေအဝသောက်ပါသည်။ ပြီးမှ ရေအိမ်ဝင်ခြင်း မျက်နှာသစ်ခြင်းများဖြင့် နေ့သစ်တစ်ခုကို အသက်ဝင်အောင် ကြံဆောင်ပါသည်။ ဖန်ခါးသီးကိုကား ညနေအခါနှင့် ညအခါများမှာ သုံးဆောင်ပါသည်။ ဖန်ခါးသီးနှင့် နွားနက်မကျင်ငယ်ရည် စိမ်ထားသည့် ဆေးဖြစ်ပါသည်။ ဆီး ဝမ်းမှန် သွေး လေ မှန်သည့်အပြင် အလုပ်မည်မျှ ပင်ပန်းစေကာမူ အမြဲတမ်း လန်းဆန်း တက်ကြွနေလေ့ရှိပါသည်။ အခြား အခြားသော ရောဂါကြီးများ မစွဲကပ်ရလေအောင် အခြေချ ဝင်ရောက်ခွင့် မရလေအောင် နေ့စဉ်နှင့်အမျှ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ဘန်ကောက်နေ မနီလာဦးမှ နဝကမ္မအလှူငွေ ၅၀၀၀၀(ငါးသောင်း)ကျပ် လှူဒါန်းပါသည်။ (5.2.2018) အလှူရှင် မနီလာဦးအမှူးပြုသော အလှူရှင်မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊ မဟာအောင်မြေမြို့နယ် မာလကာခြံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နှင့် ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ရဲအုပ်ဌေးမင်း+ဇနီးဒေါ်သန်းသန်းနု (သမီး) မဇင်မေသက်၊ မဖြူသွက်ထက် မိသားစုမှ နဝကမ္မ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (4.1.2018) (ရဲအုပ်ဌေးမင်း+ဇနီးဒေါ်သန်းသန်းနု (သမီး) မဇင်မေသက်၊ မဖြူသွက်ထက် မိသားစုသည် မန်းမဟော်သဓာ အုတ်တံတိုင်းနှစ်ခန်းစာအတွက် အလှူငွေ ၂၀၀၀၀၀(နှစ်သိန်း)ကျပ်လည်း လှူဒါန်းသွားပါသည်။) ရဲအုပ်ဌေးမင်း+ဇနီးဒေါ်သန်းသန်းနု မိသားစု အမှူးပြုသော အလှူရှင်မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ...