Daily Archives: July 7, 2017

သတင်း

ရခိုင်ပြည်သူများအတွက် အလှူဒါနပြုကြသူများ

၁။ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ရတနာပုံမြို့သစ်၊ ဆ-ရပ်ကွက်၊ ၅၅ လမ်း၊ ဗန္ဓုလလမ်းကြားနေ ကိုနိုင်နိုင်အောင်+မဖြူဖြူအောင်မိသားစုမှ ၅၀၀၀၀၀(ငါးသိန်း)ကျပ် ၂။ မြင်းခြံမြို့ ဦးကျော်ကျော်ဦး+ဒေါ်မြမျိုးမွန် ရွှေပဒေသာမိသားစုမှ ဖိနပ်မျိုးစုံ ၁၂၉၈ရံ ၃။ သန်လျင်မြို့ ဦးမျိုးမင်းမိသားစု ၅၀၀၀၀၀(ငါးသိန်း)ကျပ် လှူဒါန်းထားပါသည်။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် တိုင်းရင်းသားကျေးရွာများတွင် အခက်အခဲကြုံတွေ့နေရသော တိုင်းရင်းသူ တိုင်းရင်းသားများအတွက် ရည်ရွယ်ပါသည်။
သတင်း

ပါရမီရှင်လေး စိမ်းမို့မို့

ဓနပရိစ္စာဂ-ဥစ္စာကိုစွန့်လွှတ်ခြင်း ပုတ္တပရိစ္စာဂ-သားသမီးကိုစွန့်လွှတ်ခြင်း ဘရိယပရိစ္စာဂ-မယားကိုစွန့်လွှတ်ခြင်း အင်္ဂပရိစ္စာဂ-ကိုယ်အင်္ဂါအစိတ်အပိုင်းများကို စွန့်လွှတ်ခြင်း ဇီဝိတပရိစ္စာဂ-အသက်ကိုစွန့်လွှတ်ခြင်း စွန့်ခြင်းကြီးငါးပါးရှိပါတယ်။ အားလုံးဟာ ပါရမီလမ်းစဉ်ပါပဲ။ ဘုရားလောင်းတို့လျှောက်လှမ်းခဲ့တဲ့ ဘုရားလောင်းလမ်းစဉ်ပါပဲ။ ဘုရားလောင်းလမ်းစဉ်ကို တော်တန်ရုံစိတ်ကူးနဲ့ မလျှောက်လှမ်းနိုင်ပါ။ မိမိခန္ဓာကိုယ်အစိတ်အပိုင်းများကို ရက်ရက်ရောရော စွန့်လွှတ်လှူဒါန်းနိုင်တဲ့ မျိုးချစ်မိန်းကလေး စိမ်မို့မို့အတွက် အထူးဂုဏ်ယူမိပါတယ်။ စိမ်းမို့မို့တစ်ယောက် ဘဝဆက်တိုင်း ရန်သူမျိုးငါးပါးကင်းဝေးစွာဖြင့် အများအကျိုးကိုဆောင်ရွက်နိုင်ပါစေ။ ဝီရသူ(မစိုးရိမ်) 7.7.2017 PM 8:49 ========================================================== #နတ်လူသာဓုခေါ်ကြပါစေသော် အမျိုးသားရေးကာချုပ်ဆရာတော် သာသနာ့အာဇာနည်ဆရာတော် ဓမ္မကထိက ဘဒ္ဒန္တဝိစိတ္တာဘိဝံသ(ဝီရသူ-မစိုးရိမ်)၏ ၂၆-၆-၂၀၁၇နေ့တွင် ကျရောက်သော ၄၉နှစ်ပြည့် မွေးနေ့မင်္ဂလာအား ရည်စူး၍ ယနေ့ ...
သတင်း

အင်အားချိနဲ့နေသော အနောက်တံခါးမှူးများ(၈)

မေလ ၄ ရက်နေ့လည်ပိုင်းမှာပဲ အောင်ဇေယျရွာသို့ ရောက်ရှိပါတယ်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ထဲက ထူးဆန်းတဲ့ရွာလေးပါ။ ရွာတစ်ရွာတည်းက အုပ်စုနှစ်အုပ်ထဲ ပါဝင်နေလို့ပါ။ အောင်ဇေယျရွာမှာ ငြိမ်းချမ်းနဲ့စုစည်းဆိုပြီး နှစ်ရွာရှိပါတယ်။ အောင်ဇေယျ(ငြိမ်းချမ်း)နှင့် အောင်ဇေယျ(စုစည်း)ပါ။ အမည်နှစ်မျိုးနှင့်တစ်ရွာတည်း တစ်ကျောင်းတည်းပါ။ ကွဲတာလည်းမဟုတ်၊ ခွဲတတ်တာလည်းမဟုတ်ပါ။ ၂၀၀၂ ခုနှစ်မှာ ငြိမ်းချမ်းကရွာသစ်ပုံစံမျိုး သီးခြားစာရင်းဝင်သွားလို့ပါ။ ရွာဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်မရှိပါဘူး။ နပသမှ ဦးဇင်းလေးတစ်ပါး ခဏစောင့်ပေးနေတာ တွေ့ရပါတယ်။ ရွာတည်စဉ်ကနေရာနှင့် အသစ်တိုးနေရာ ကွဲသွားလို့ အုပ်ချုပ်ရေးမှူးကလည်း နှစ်ဦးဖြစ်သွားတာပါ။ ငြိမ်းချမ်းက တစ်ရွာတည်း တစ်အုပ်စုဖြစ်ကာ စုစည်းက ကျီးကန်းပြင်အုပ်စုဝင်ဖြစ်သွားပါတယ်။ ငြိမ်းချမ်းရွာကို ၁၉၉၇ ခုနှစ်မှာ တည်ထောင်တာဖြစ်လို့ အနှစ် ၂၀ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၁၁)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် မန္တလေးမြို့ ကွယ်လွန်သူဒေါ်ဌေးဌေးအားရည်စူး၍ ဦးဝင်းမြင့်(သမီး) မသန္တာဦး၊ မသန္တာအောင်၊ မအိအိငြိမ်း မိသားစုမှ အလှူငွေ ၅၀၀၀၀(ငါးသောင်း)ကျပ် လှူဒါန်းစဉ်။ (2.7.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၈,၂၃၅,၅၀၀ သိန်းကျပ်။ စုစုပေါင်း ...
သတင်း

သိင်္ဂီရွှေခွက်နှင့် ခြင်္သေ့ဆီ(၂)

(၂၁.၁၂.၂ဝဝ၆ရက်နေ့၌ အိုးဘိုဘဝတက္ကသိုလ်မှာရေးသားသည်။) နယ်မြေစိမ်းများ မြေစာရင်းဌာန၌ သာသနာ့နယ်မြေစာရင်းဝင်သည့် သာသနိက အဆောက်အဦးများကို အစိမ်းရောင်ဖြင့် သတ်မှတ် ရေးဆွဲထားသည်ဟု သိရှိရလေသည်။ ထိုနယ်မြေစိမ်းများရှိ ကျောင်းထိုင်များ ကို သရုပ်ခွဲရာ၌ အလားတူတွေ့ရလေသည်။ (က) အရည်အချင်းမဲ့၊ အလုပ်မလုပ်၊ ပျက်စီး (ခ) အရည်အချင်းရှိ၊ အလုပ်မလုပ်၊ ပျက်စီး (ဂ) အရည်အချင်းရှိ၊ အလုပ်လုပ်၊ ပျက်စီး (ဃ) အရည်အချင်းရှိ၊ အလုပ်လုပ်၊ မပျက်စီး (င) အရည်အချင်းမဲ့၊ အလုပ်လုပ်၊ မပျက်စီး ဤ ငါးမျိုးတွင်(က)(ခ) ပုဂ္ဂိုလ်များမှာ အရည်အချင်းရှိကြသည် ...