သတင်း

ဖင်လန်သူနှင့် ဥဇဘတ်သား

မနေ့က (17.12.2017)ရက်နေ့ မနက်ပိုင်းမှာ အမျိုးသမီးတစ်ဦးရောက်လာပါတယ်။ ဖင်လန်နိုင်ငံကလို့ ဆိုပါတယ်။ ဒီမတိုင်ခင် ၁၆ ရက်နေ့မှာလည်း ၄င်း၏ ဂိုက်က လာရောက် ချိတ်ဆက်ပါတယ်။

စာရေးသူက မီဒီယာသမားတွေဆိုရင် လူဆိုး လူကောင်းခွဲရခက်လို့ လက်မခံရဲပါဘူး။ မနေ့ကတော့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာပါတယ်။ ကျောင်းရှေ့ စာဖတ်ခန်းနားမှာ ဦးဇင်းတွေနှင့် မေးကြ ဖြေကြပါတယ်။ မွန်းလွဲပိုင်းရောက်တော့ နိုင်ငံခြားသားတစ်ယောက် ပါလာပါတယ်။ ဥဇဘတ်ကစ္စတန်ကလို့ ဆိုပါတယ်။

ဘယ်ဂျာနယ် ဘယ်သတင်းဌာနလို့ မသိရပေမဲ့ ဓာတ်ပုံတွေကိုကြည့်ပြီး သီတဂူဆရာတော်ကြီးကို ဘယ်သူလည်းလို့ မေးနေပါတယ်။ ဒလိုင်းလားမားလောက်ပဲ သိတယ်လို့ဆိုပါတယ်။ ဖင်လန်သူရယ် ဥဇဘတ်သားရယ် ဘယ်လိုပတ်သက်လဲတော့ မသိပါဘူး။

ဖင်လန်သူက ဗီနိုင်းတွေ ပန်းချီကားတွေ ဓာတ်ပုံတွေကို စိတ်တိုင်းကျ ဓာတ်ပုံရိုက်သလို စားပွဲပေါ်တင်ထားတဲ့ ဘာသာရပ်ဆိုင်ရာ ပြဋ္ဌာန်းစာ ပါဠိစာအုပ်တွေကိုလည်း ဓာတ်ပုံရိုက်ယူသွားပါတယ်။ ကိုရင်တွေ ဦးဇင်းတွေ စာကျက်နေတာကိုလည်း ဓာတ်ပုံရိုက်ယူသွားပါတယ်။

ကျောင်းသားတွေကိုလည်း သူတို့သိချင်တာတွေ မေးကြပါတယ်။ ဒီမိုကရေစီကောင်းမှုတော် ဗီနိုင်းပုံပါ တရားပွဲပိတ်တဲ့အမိန့်စာ မဘသ ဆိုင်းဘုတ်ဖြုတ်တဲ့အမိန့်စာ အတုမရှိဂျာနယ် ထုတ်ဝေခွင့်ပြန်ရုပ်တဲ့အမိန့်စာတွေနှင့်ပတ်သက်ပြီး အသေးစိတ်မေးမြန်းသွားတယ်လို့ ဆိုပါတယ်။ ကြည့်ရတာတော့ ရန်သူတွေတော့ ဟုတ်ပုံမရပါဘူး။

ဒါပေမဲ့ မယုံရဲဘူးလေ။ တစ်အချက် မေးတာတစ်ခြား ရေးတာတစ်ခြားလုပ်တတ်ကြတယ်။ နှစ်အချက် တစ်ဝက်ကိုချန်ပြီး တစ်ဝက်ကိုပဲ လှန်ပြတတ်ကြတယ်။ (ပြည်သူတွေကို တစ်ဖက်ကန်းအောင် တစ်ခြမ်းကို သတင်းအမှောင်ချတဲ့သဘောပေါ့။)
သုံးအချက် ပြောတာဆိုတာတွေထဲက အရေးမပါတာလောက်ပဲ ထည့်တတ်ကြတယ်။

လေးအချက် အရှိအတိုင်း ထည့်ပြန်တော့လည်း အစွန်းရောက်တို့ အကြမ်းဖက်တို့ အမုန်းတရားဖြန့်ဖြူးသူတို့ ကြံ့ဖွတ်လက်ကိုင်ဒုတ်တို့ စစ်တပ်လော်ဘီတို့ စတဲ့အချွန်အတွန်းတွေနဲ့ မ-တတ်ကြတယ်။ ဒါကြောင့် မီဒီယာတွေကို မယုံရဲတာပါပဲ။
ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်တာဝန် ကိုယ်ကျေပွန်ဖို့လိုသလို ကိုယ့်ကျင့်ဝတ် ကိုယ်လိုက်နာဖို့လိုတယ်။

ကိုယ့်အလုပ်အပေါ်မှာ သစ္စာရှိဖို့လိုသလို ကိုယ့်အလုပ်နှင့်ပတ်သက်တဲ့သူတွေအပေါ်မှာလည်း သစ္စာရှိဖို့လိုတယ်။ သူတို့အသိုင်းအဝိုင်းတစ်ခုတည်းကိုကြည့်ပြီး သူတို့အသိုင်းအဝိုင်းကမုန်းတိုင်း လူဆိုးလို့သတ်မှတ်ထားတယ်ဆိုရင်တော့ အမှားကြီးမှားမှာပေါ့။ အနီနဲ့အနက်တွေဘက်ကကြည့်လျင် ဝီရသူဟာ လူဆိုးကြီးလို့ထင်ရပေမယ့် အမျိုးသားရေးဘက်ကကြည့်လျင် ဧရာမခံတပ်မှူးကြီးပါ။

နှစ်ဖက်မျှကြည့်ဖို့လိုပါတယ်။ နှစ်ဖက်မျှကြည့်တတ်တဲ့ မီဒီယာကိုမှ မီဒီယာသမားလို့ သတ်မှတ်နိုင်ပါ့မယ်။ ကျေးဇူးတင်ပါတယ်။

ဝီရသူ(မစိုးရိမ်)
18.12.2017
PM 7:30