သတင်း

သာယာကုန်းလေး မသာယာနိုင်တော့ပါ

သြဂုတ်လ ၂၆ ရက်နေ့က အဖျက်ဆီးခံလိုက်ရတဲ့ တိုင်းရင်းသားရွာလေးပါ။ သာယာကုန်းရွာလို့ခေါ်ပါတယ်။ မောင်တောမြောက်ပိုင်း တောင်ပြိုသွား ကားလမ်းဘေးမှာ ရှိပါတယ်။ အိမ်ခြေ ၄၀ ရှိပါတယ်။ တောင်ပြိုလက်ဝဲအထိ ဘုန်းကြီးနဲ့ ကလေး လူကြီးပါမကျန် အကုန် ထွက်ပြေးရတာပါ။

ရွာထဲ ဘင်္ဂလီတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာပြီး သိမ်ထဲကဘုရား ကျောင်းထဲကဘုရား ဆင်းတုတော်တွေကို ဖျက်ဆီးပြီး ကျွဲနွားပါမကျန် အကုန်ယူသွားကြလို့ အခွံ အပျက်ချည်းပဲ ကျန်ခဲ့ပါတယ်။

အခုတော့ အိမ်ခြေ၃၀ ပြန်ရောက်နေပါပြီ။ ကျောင်းထိုင်ဆရာတော်ကတော့ ဒီကောင်မရှိနေသေးသရွေ့ ငါတို့နေလို့ဖြစ်မှာ မဟုတ်ဘူးလို့ ဒေါနဲ့ မောနဲ့ ပြောပြနေပါတယ်။